Home » » တည်းခိုခန်း၌ အမျိုးသားတစ်ဦးသေဆုံး

တည်းခိုခန်း၌ အမျိုးသားတစ်ဦးသေဆုံး

Written By Unknown on Thursday, July 18, 2013 | 2:43 PM

မန္တလေး   ဇူလိုင်   ၁၇

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြရွှေပြည်ကားကြီးဝင်း အတွင်းရှိ ချမ်းမြရွှေပြည်ဟို တယ်အခန်းအမှတ်  ၂၁၈   ၌ တည်းခိုနေထိုင်သူ  အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က  ချမ်းမြရွှေပြည် ဟိုတယ်တွင်  သန့်ရှင်းရေးလုပ်သားသန်းဇော်ဝင်းက အခန်းသန့်ရှင်းရေးပြုလုပ် ရန် အခန်းအမှတ် ၂၁၈ သို့ သွားရောက်စဉ် ယင်းအခန်း၌ တည်းခိုနေထိုင်သူ ဦးဖုန်းမြင့်သန်း (၄၄ နှစ်) မန္တလေး အောင်မြေသာ စံမြို့နယ် ဘုန်းတော်တိုး ရပ်ကွက်နေ သူသည်  သေ ဆုံးနေကြောင်း  တွေ့ရှိရသဖြင့်   ပြည်ကြီးတံခွန် ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ တပ်ဖွဲ့ဝင် များက ကြည့်ရှုစစ်ဆေး၍ သေဆုံးသူသည် ယာလက်ကောက် သွေးပြန်ကြော နေရာအား ဘလိတ်ဓားဖြင့် လှီးဖြတ်ဒဏ်ရာကြောင့် သွေးထွက်လွန်သေဆုံးကြောင်း တွေ့ရှိရသဖြင့် ပြည်ကြီးတံခွန်ရဲစခန်းက စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                                       

တင်မောင်(မန္တလေး) - မြန်မာ့အလင်း