Home » » အလုပ်လုပ်ကိုင်ရန်ဟု ဆိုကာ စည်းရုံးသူနှစ်ဦးကို အမှုဖွင့်

အလုပ်လုပ်ကိုင်ရန်ဟု ဆိုကာ စည်းရုံးသူနှစ်ဦးကို အမှုဖွင့်

Written By Unknown on Thursday, July 18, 2013 | 2:36 PM

ဗန်းမော်မြို့တွင် အလုပ်လုပ်ကိုင်ရန်ဟုဆိုကာ စည်းရုံးခေါ်ဆောင်သူနှစ်ဦး ကို ပုသိမ်ကြီးမြို့နယ်
ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်း
ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ဇူလိုင်လ ၇ ရက်နေ့က ချမ်းအေးသာစံမြို့နယ် ၇၄ လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားမှာရှိတဲ့
စီးတီး တည်းခိုခန်းမှာ တည်းခိုနေတဲ့အမျိုးသမီးတစ်ဦးက သံလျက်မှော်တောင်ရပ်ကွက် ဒေါနခြံ
ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို အောင်မြေသာစံမြို့နယ် သီရိမန္တလာကားကြီးကွင်း
က မန္တလေး ဗန်းမော်ပြေးဆွဲတဲ့ ရွှေခြင်္သေ့ကားလိုင်းနဲ့ ရွှေကူမြို့ကို ခေါ်ဆောင်သွားမယ့် အကြောင်း
ချမ်းမြသာစည်မြို့နယ် သံလျက်မှော် တောင်ရပ်ကွက် ရာအိမ်မှူးက သတင်း ပို့တယ်။

သတင်းပို့ချက်အရ မန္တလေးလူကုန် ကူးမှု တားဆီးနျိမ်နင်းရေးတပ်ဖွဲ့ ကနေပြီး ရွှေကျင် ပူးပေါင်း
စစ်ဆေးရေး ဂိတ်မှာ သွားရောက်စောင့်ဆိုင်းတယ်။ မွန်းလွဲ ၂ နာရီ ၅၅ မိနစ် အချိန်မှာ ရွှေခြင်္သေ့
ကားတစ်စီးကို တားဆီးစစ်ဆေးရာမှာ ကားပေါ်မှာ စည်းရုံးခေါ်ဆောင်လာသူနဲ့ စည်းရုံးခံရသူကို
တွေ့ရှိခဲ့တယ်"ဟု ၎င်းက ပြောကြား သည်။

စည်းရုံးခေါ်ဆောင်သူ မပန်းအိဝါ (ခ) ၀ါဝါမှာ ယခင်က ပြည့်တန်ဆာ လုပ်ကိုင်ခဲ့ကြောင်း၊ ယခုအခါ
ကိုယ် တိုင်မလုပ်တော့ဘဲ မိန်းကလေးများ ရှာဖွေစုဆောင်း၍ ပြည့်တန်ဆာ လုပ်ကိုင်စေပြီး လုပ်
အားခ တ၀က်ခွဲယူကြောင်း၊ ဏည်းရုံးခေါ်ဆောင်ခံရသူမှာ ဗန်းမော်မြို့တွင် အလုပ်လုပ်ကိုင်ရန်
အတွက် ကိုဖုန်းဆိုသူမှစည်းရုံးကာ မပန်းအိဝါနျင့် ဆက်သွယ်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း
လူကုန်ကူးမှုတားဆီးကာကွယ်နျိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါစည်းရုံးခေါ်ဆောင်သူ နှစ်ဦး ကို ကာမအပေါ် ခေါင်းပုံဖြတ်အကျိုး အမြတ်ရယူရန်အတွက်
ရည်ရွယ်ပြီး အမျိုးသမီှးုယ်အား စည်းရုံး ခေါ် ဆောင် အကျင့်ဖျက်ဆီးသူ မပန်းအိဝါ နှင့် ကိုဖုန်းဆို
သူနှစ်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်နျိမ်နင်းရေးဥပဒေ အရ အရေးယူရန် ပုသိမ်ကြီးမြို့
ရဲစခန်း တွင် (ပ) ၁၁၇/၂၀၁၃၊ ဠူကုန်ကူး ဥပဒေပုဒ်မ ၂၄ အရ အမှု ဖွင့်အရေးယူထားကြောင်း
သိရသည်။

"မန္တလေးတိုင်းဒေသကြီးမှာ လူကုန် ကူးဖြစ်ပွားမှုနှုန်းက တဖြည်းဖြည်းနဲ့ လျော့သွားပါပြီ။
"ကျွန်တော်တို့အနေနဲ့ ရပ်ကျေး စောင့်ကြည့်ရေးအဖွဲ့တွေ ကိုသင်တန်း ပေးတာ၊ ရပ်ရွာတွေ
ဆင်းပြီး ပညာပေးဟောပြောတာတွေ လုပ်နေပါတယ်။ "၂၀၀၂ ခုနှစ်တုန်းက လူကုန်ကူးမှု
ခုနစ်မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး၊ ဒီနှစ် ဇန်န၀ါရီလကနေ ဇူလိုင်လအထိ လူကုန်ကူးမှု သုံးမှု
ကို ဖော်ထုတ်နိုင်ခဲ့ တယ်"ဟု လူကုန်ကူးမှု တားဆီး ကာကွယ်နျိမ်နင်းရေးတပ်ဖွဲ့မှ တာဝန်ရှိ
သူက မြန်မာတိုင်း(မ်)ကို ရှင်းလင်း ပြောကြားသည်။

သန်းနိုင်စိုး  - မြန်မာတိုင်း(မ်)