Home » » ပလပ်မြေများကို ဂရုဏကြေး ထပ်ပေး

ပလပ်မြေများကို ဂရုဏကြေး ထပ်ပေး

Written By Unknown on Wednesday, July 31, 2013 | 10:02 PM

တောင်ကြီး၊ ၃၁-၇-၂၀၁၃။

အင်းလေး ဟိုတယ်ဇုံ စီမံကိန်းရှိ ၊ အသိမ်းဆည်း ခံရသောမြေ ၆၀၀ဧက ကျော်ရှိ တောင်သူများ ပိုင်မြေများကို ဟိုတယ်ဇုံ စီမံကိန်းအတွက် သိမ်းယူခဲ့ ပြီး၊ သီးနှံလျှော်ကြေးများပေးခဲ့ သည်ဟု သိရှိရသည်။ ဟိုတယ်ဇုံ အသိမ်းခံမြေပေါ်တွင် ၊ တောင်သူ ၁၈ ဦးမှ လွဲပြီး ကျန်တောင်သူများကို လျှော်ကြေးများအသီးသီး ပေးလျှော်ခဲ့ သည်။

ထိုအထဲ မှ လာရောက် သိမ်းယူစဉ်က သီးနှံစိုက်မထားသော မြေများကို ပလပ်မြေအဖြစ် သတ်မှတ်ပြီးလျှော်ကြေး မပေးဆောင်ခဲ့ ပါ။

ယနေ့ တွင် ဝန်ကြီး ဦးအောင်ကျော်ညွှန့် (ဟိုတယ်ဇုံဥက္ကဌ )နှင့် ခ-ယ-က အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်တို့ မှ ဦးဆောင်ပြီး  ထိုပလပ်မြေအဖြစ် သတ်မှတ်ထားသော မြေယာပိုင်ရှင် လယ်သမား ၂၆ ဦးမှ -ဦးသန်းမောင် (အင်ကြင်းကုန်းရွာ) ပါ ၉ ဦးအား ပလပ်မြေကို -ဂရုဏာ လျှော်ကြေး အဖြစ် ၁၃၈သိန်းအားပေးခဲ့ ကြောင်း အကျိုးဆောင် ကိုစိုးလှိုင်မှ ပြောပြသည်။

ယင်းတို့  ပေးဆောင်ရာတွင် ယခင် လျှော်ကြေးမယူသော ၁၈ ဦးအဖွဲ့ မှ လာရောက်ယူခြင်း မပြုပဲ၊ မိမိတို့  ယခင်တင်ပြထားသည့် အတိုင်း ညှိနှိုင်းဈေး( မြေပေါက်ဈေး၏ ထက်ဝက်ခန့်) ရရှိမှ သာလက်ခံမည်ဖြစ်ကြောင်း ကိုအောင်ကျော်မျိုးက ပြောပြသည်။

အရိပ်ကလေး-(တောင်ကြီး)

by Myanmar News Now