Home » » ကျိုက်မရောမြို့တွင် လေးရက်ကြာ ရေကြီးမှု ဖြစ်ပေါ်သော်လည်း အာဏာပိုင် အကူအညီ မရရှိသေး

ကျိုက်မရောမြို့တွင် လေးရက်ကြာ ရေကြီးမှု ဖြစ်ပေါ်သော်လည်း အာဏာပိုင် အကူအညီ မရရှိသေး

Written By Unknown on Thursday, August 1, 2013 | 4:38 AM

မွန်ပြည်နယ်၊ ကျိုက်မရောမြို့တွင် ရေကြီးမှု လေးရက်ကြာ ဖြစ်ပေါ်လျှက် ရှိသော်လည်း ဒေသအာဏာပိုင်များ၏ ထောက်ပံမှုများနှင့် သတိပေး ကြေငြာချက်များ လုပ်ဆောင်မှု မရှိသေးကြောင်း ကျိုက်မရောမြို့နယ် ဒေသခံများက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောဆိုကြသည်။

ကျိုက်မရောမြို့တွင်ရေကြီးမှုသည် ကျိုက်မရော ဘုရားကြီးနာထိ ရောက်ရှိပြီ ဖြစ်သော်လည်း အာဏာပိုင်များမှ တစ်စုံတစ်ရာ အကူအညီပေးခြင်း မရှိသေးသဖြင့် ယင်းဒေသ ပြည်သူများသည် စာဝတ်နေရေး အခက်အခဲ့များ ရှိလာသည်ဟု ၎င်းတိုက ဆိုသည်။

ယခုတွင် အရပ်ဖက်လူမှု အဖွဲ့အစည်းများသာ ထမင်းထုပ်များ ဝေနေကြောင်းနှင့် ယခင်နှစ်တွင်လည်း ရေကြီးမှု ဖြစ်ပေါ်ခြင်းတွင် ဆန်တစ်ပြည်သာ ရရှိခဲ့ဖူးသည်ဟု သိရှိရသည်။

အဆိုပါရပ်ကွက်တွင် အိမ်ခြေ ၁၈၀၀ ကျော်ရှိကြောင်းနှင့် လူဦးရေ ၆၀၀၀နီပါးရှိသည်ဟု ယင်းဒေသရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

ကျိုက်မရောမြို့နယ်တွင် ကျေးရွာ ၄၄ ရွာရှိပြီး၊ ယင်းရေမြုပ်နေသော ဒေသသည် ကျိုက်မရောမြို့ပေါ်တွင်သာမက ယင်းကျေးရွာများတွင်လည်း ရေမြုပ်လျှက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကျေးရွာများတွင် အိမ်ခြေမည်မျှ ရေမြုပ်နေသည်ကို မသိရှိရသေးကြောင်း ဒေသ အာဏာပိုင်များထံမှ သိရှိရသည်။

Mawlamyine Times