Home » » ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ လက်ထိပ်ခတ်ရိုက်နှက်သူများအား အရေးယူ

ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ လက်ထိပ်ခတ်ရိုက်နှက်သူများအား အရေးယူ

Written By Unknown on Wednesday, July 24, 2013 | 2:42 PM

ရန်ကုန်၊ ဇူလိုင် ၂၄

၂၃.၇.၂၀၁၃ ရက်နေ့ ၂၃၀၀ အချိန် အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းတာဝန် ဆောင်ရွက်စဉ် အလုံမြို့နယ်၊ ကမ်းနားလမ်းနှင့် မြောင်းကြီးလမ်း ထိပ်တွင် လူတစ်ဦး အရိုက်ခံနေရကြောင်း သတင်းအရ သွားရောက်ခဲ့ပါသည်။

အခင်းဖြစ်ရပ်တွင် ရဲကိုကိုဝင်း(ဘ)ဦးသန်းထွန်း၊ လှော်ကား၊ ရွှေပြည်သာမြို့နယ် နေသူအား ဟန်ဝင်းထက်နှင့် ဇော်ဝမ်း(စုံစမ်းဆဲ) တို့(၂)ဦးမှ ရဲတွေကွ ဟုပြောဆိုကာ လက်ထိပ်ခတ် မတရားချုပ် နှောင်နေစဉ် လှည့်ကင်းအဖွဲ့ ရောက်ရှိသွားသဖြင့် ဟန်ဝင်းထက်(ခ)ကတုံး(ခ)ဖိုးရှုပ်၊ (ဘ)ဦးစိုးမြင့်၊ (၁၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူအား ဖမ်းဆီးရမိခဲ့ပြီး ဇော်ဝမ်း(စုံစမ်းဆဲ)မှာ လက်ထိပ်အား ဖြုတ်၍ ထွက်ပြေးသွား ခဲ့ပါသည်။

ချုပ်နှောင်ရိုက်နှက်ခံရမှုကြောင့် ရဲကိုကိုဝင်းတွင် လည်ပင်းဝဲဘက် နာကျင်ဒဏ်ရာ၊ ဗိုက်အောင့်၊ ၀ဲမေးရိုးပွန်းခြစ်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။

ထိုသို့ ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ မတရားချုပ်နှောင်ရိုက်နှက်သူ ဟန်ဝင်းထက်နှင့်ဇော်ဝမ်း တို့(၂)ဦးအား အလုံမြို့မရဲစခန်း (ပ) ၁၇၃/၂၀၁၃ ၊ ပုဒ်မ ၁၇၀/၃၄၂/၃၂၃ ဖြင့်အရေးယူထားရှိပြီး၊ ကျန်တရားခံဇော်ဝမ်း(စုံစမ်းဆဲ) အားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police