Home » » ဝါဆိုလပြည့်နေ့ တောင်သမန်အင်းတွင် အမျိုးသား တစ်ဦး ရေနစ် သေဆုံး

ဝါဆိုလပြည့်နေ့ တောင်သမန်အင်းတွင် အမျိုးသား တစ်ဦး ရေနစ် သေဆုံး

Written By Unknown on Wednesday, July 24, 2013 | 2:58 PM

မန္တလေး၊ ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်၊ ဝါဆိုလပြည့်နေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ် အချိန်က တောင်သမန် ကျေးရွာ၊ တောင်သမန်အင်း အစပ်တွင် အသက် ၄၅ နှစ် အရွယ် အမျိုးသား တစ်ဦး အရက်မူး၍ ရေဆင်းချိုးရာ မှ ရေနစ် သေဆုံးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဆိုပါ အမျိုးသားမှာ တောင်သမန်အင်းထဲသို့ ရေဆင်းမချိုးမီ နံနက် ၁၀ နာရီ အချိန်ခန့်က အရက် သောက်ပြီး ရေဆင်းချိုးရာမှ ရေနစ် သေဆုံး ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

“လပြည့်နေ့တွေမှာဆိုရင် အရမ်း စည်ကားတယ်။ နောက်အခုချိန် က ရေတက်နေတဲ့အချိန်ဆိုတော့ သတိမထားမိကြတာနေမှာ။ မူးနေတော့ ပိုဆိုးသွားတာပေါ့” ဟု အမရပူရမြို့နယ်တွင် နေထိုင်သူ အသက် ၂၁ နှစ် အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

အမရပူရ မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၆/၂၀၁၃ အရ အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly