Home » » မြောက်ဥက္ကလာပတွင် လူငယ်တစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး

မြောက်ဥက္ကလာပတွင် လူငယ်တစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး

Written By Unknown on Wednesday, June 12, 2013 | 7:44 PM

အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦး ပိုးသတ်ဆေးသောက် သေဆုံးမှုတစ်ခု ဇွန် ၁ဝ ရက်က
မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းတွင်ဖော်ပြထား သည်။

သေဆုံးသူမှာ ကိုဖြိုးမော်ဦးဖြစ်ပြီး မြောက်ဥက္ကလာပ၊ ည-ရပ်ကွက်တွင် နေထိုင် သူ ဖြစ်ပြီး ၎င်းသည် နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း တစ်ယောက်တည်းရှိနေစဉ် ပိုးသတ်ဆေးရည်ကို သောက်သုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

မြောက်ဥက္ကလာပ ရဲစခန်းမှ ဒုရဲအုပ် ဇင်မင်းထွန်းနှင့် ရဲများက သူ၏ အလောင်းကို မြို့နယ်ဆေးရုံတွင် မွန်းတည့် ၁၂ နာရီခန့်တွင် သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပြင်ပဒဏ်ရာ ရရှိထားခြင်းမရှိကြောင်း တွေ့ရှိ သည်ဟု ဆိုသည်။

ထိုသေဆုံးမှုအား မိမိကိုယ်ကို အဆုံးစီရင်ခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန်အတွက် ဝေဘာဂီ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၅/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ဇော်ဇော်ထွေး
by Mizzima - News in Burmese