Home » » ချောင်းရေလာနေစဉ် လမ်းကြောင်းရှာသူ ယာဉ်နောက်လိုက်တစ်ဦး ရေစီးအတိုင်း မျောပါသေဆုံး

ချောင်းရေလာနေစဉ် လမ်းကြောင်းရှာသူ ယာဉ်နောက်လိုက်တစ်ဦး ရေစီးအတိုင်း မျောပါသေဆုံး

Written By Unknown on Wednesday, June 12, 2013 | 7:41 PM

၂ဝ၁၃ခုနှစ် ဇွန်လ၁၁ရက်နေ့ည ၇းဝဝနာရီခန့်က နတ်မောက်မြို့နယ၊် ပင်းမြို့ကျေးရွာနေ ယာဉ်မောင်းကိုရဲစိုး(၃ဝ) နှစ်၊ ဘ-ဦးလှအောင်သည် ၁က/၈၄၂ဝ နီဆန်း(ယူဒီ)ကိုမောင်းနှင်လျှက် ဈေးကုန်များနှင့်ခရီးသည် ၁၅ ဦးတို့ကို တင်ဆောင်၍ မိတ္ထီလာမြို့မှ ပင်းမြို့ကျေးရွာသို့ ခရိုင်ချင်းဆက်  လမ်းအမှတ်(၁)အတိုင်း ပြန်လာခဲ့သည်။

ဖက်တောရွာနှင့် ထန်းပင်ကုန်းရွာကြားရှိ သစ်ချိုချောင်း ရေကျော်သို့ ရောက်သော အခါ ချောင်းရေကျနေသဖြင့် ယာဉ်ကိုဆက်လက်မောင်းနှင်ခြင်း မပြုပဲရပ်နားထားစဉ် ယာဉ်နောက်လိုက် ကိုကျော်ဦး(၂၇)နှစ်၊ ဘ-ဦးကျော်ဝင်း၊ ပင်းမြို့ကျေးရွာနေသူသည် အခြားခရီးသည် ၆ဦးနှင့် အတူ ရေကျော် အားဖြတ်ကူး၍ ယာဉ်သွားလမ်းကြောင်းရှာဖွေစဉ် ယာဉ်နောက်လိုက် ကိုကျော်ဦးမှာ ချောင်းရေဖြင့်မျောပါသွားခဲ့ကြောင်း ၄င်း ၏ယောက်ဖတော်သူ ကိုအောင်ကျော်မိုးမှ ဇွန်လ ၁၂ရက်နေ့ နံနက်၇းဝဝနာရီအချိန်တွင် ရွှေပန်းတောရဲစခန်းသို့ လာရောက် သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

 သတင်းရလျှင်ရချင်း ဦးကျော်ဦးအား ရှာဖွေတွေ့ရှိနိုင်ရေး အတွက် ရွှေပန်းတောရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် ထန်းပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအထောက်အကူ ပြုအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ဇွန်လ၁၂ရက်နေ့နံနက် ၇း၃ဝနာရီအချိန်မှ စတင်၍ ချောင်းရိုးတလျှောက် လိုက်လံရှာဖွေခဲ့ရာ နံနက်၁ဝနာရီခန့်တွင် ရေကျော်နှင့်တစ်မိုင်ခန့်အကွာ ချောင်းရိုးအတွင်း၌ပင် သေဆုံးလျှက်အနေအထားကို တွေ့ရှိ၇သည်။

 အဆိုပါဖြစ်စဉ်အား ရွှေပန်းတောရဲစခန်း စခန်းမှူးရဲအုပ်အောင်စောဦးမှ သေမှုသေခင်းအမှတ်စဉ် ၃/၂ဝ၁၃ ဖြင့် လက်ခံဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

အဓိပတိဘွား

by Myanmar News Now