Home » » အကြမ်းဖက်မှု အန္တရာယ် ဘယ်လိုအမြစ်ဖြတ်ကြမလဲ

အကြမ်းဖက်မှု အန္တရာယ် ဘယ်လိုအမြစ်ဖြတ်ကြမလဲ

Written By Unknown on Wednesday, June 5, 2013 | 3:25 PM

ဘာသာရေး၊ လူမျိုးရေးခေါင်းစဉ်တပ် အကြမ်းဖက်မှုသည် တစ်နှစ်တောင် ပြည့်ပါတော့မည်။ ရခိုင်တွင်ဖြစ်ပွားခဲ့ပြီးနောက် ဆက်တိုက်ဆိုသ လို ဖြစ်ပွားနေမှုများမှာ ယခုဂိတ်ထိုးလာသည်က လားရှိုးဖြစ်သည်။ ပဋိပက္ခသည် ကြောက်မက်ဖွယ်အတိ။လူတွေလည်းသေ၊ ကျန်ရစ်သူအချို့က လည်း နေ့ချင်းညချင်းဆိုသလို အိုးမဲ့အိမ်မဲ့။ ဘာသာတရားတိုင်းက ညွှန်းဆိုခဲ့သော မေတ္တာတရားမှာ အကြမ်းဖက်မှု အောက်တွင် အသရေ ပျက်ခဲ့ရသည်။
ဒီအတိုင်းနေလို့တော့မရ။ အကြမ်းဖက်မှုအန္တရာယ်ကို ဆက်လက်ရှင်သန်ခွင့်ပြုနေလို့ မရ။ ကျွန်တော်တို့ တားဆီးရမည်။ ကျွန်တော်တို့ အမြ စ်ဖြတ်ကြရပေမည်။ မည်သို့မည်ပုံ အမြစ်ဖြတ်သင့်သနည်း။ ကျွမ်းကျင်သူအချို့၏အမြင်ကို စုစည်းတင်ဆက်လိုက်ပါသည်။ အကြမ်းဖက်မှု အန္တ ရာယ် ဘယ်လို အမြစ်ဖြတ်ကြမလဲ။

ဦးကိုကိုလှိုင်
(နိုင်ငံတော်သမ္မတ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်)

ပဋိပက္ခဆိုတာကတော့ အချိန်ယူ ပြီးမှ ဖြေရှင်းရတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ဖြစ်ပြီးလာတဲ့ သမိုင်းကြောင်း ကို ပြန်ကြည့်လို့ရှိ ရင် နှစ်ေ ပါင်းများစွာ ထဲက အခြေခံတွေထဲမှာ ရခိုင်မြောက် ပိုင်းကိစ္စဆိုရင် နှစ်ပေါင်များစွာကတည်း က အခြေခံလာခဲ့တာပါ။ခုဟာက ဒီမိုကရေ စီ ခေတ် ကို ရောက်လာတော့ အားလုံး ဟာ ပွင့်လင်းမြင်သာမှုတွေရလာတယ်။ လွတ်လွတ်လပ်လပ်လည်း ပြောနိုင်ဆို နိုင်လာတယ်။ ဆန္ဒတွေ ထုတ်ဖော် လာ တဲ့ အခါကျတော့ ဒါတွေဟာ အလွယ် တကူနဲ့ပဲ မီးပွားလေးကနေ မီးတောက် ကြီးတစ်ခု ဖြစ်လာတာပေါ့။ အချိန်တစ် နှစ်လောက်နဲ့ပဲ ပြီးနိုင် မလားဆိုတော့ နိုင်ငံတကာ အတွေ့အကြုံတွေ ပြန် ကြည့်လိုက်လို့ရှိရင်တော်တော်လေး ဖြေ ရှင်းရခက်တယ်ပေါ့။ ဥပမာအားဖြင့် ဂျူးနဲ့ပါ လက်စတိုင်း ဆိုလို့ရှိရင် ဖြစ် နေတာ နှစ်ပေါင်း ၅ဝ လောက်ကြာပြီ။ ခုချိန်အထိပြီးမှ မပြီးတာ။ ပြီးတော့ လည်း ကျန်တဲ့နေရာတွေမှာလည်း ဒီလိုပါပဲ။ ထိုင်းနိုင်ငံတောင်ပိုင်းဆိုလို့ ရှိရင်လည်းပဲ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေနဲ့ ဆက်နွယ်နေတာပေါ့။ ခုချိန်ထိ မပြီးသေးဘူးလေ။ အဲဒီတော့ တစ်နှစ်ပြည့်ပြီ မပြီးသေးဘူးလားဆို တော့ ဖြေရတာတော့ နည်းနည်းလေး ခက်တာပေါ့။ သူများတွေ နှစ်ပေါင်း လေးငါးဆယ်။ နှစ်ပေါင်း ၂ဝ စသဖြင့် ဖြစ်နေတာတောင်မှ မပြီးဆုံးနိုင်သေး ဘူးဆိုတော့ ဒီမှာတစ်နှစ်ရှိပြီ မပြီးသေး ဘူးဆိုတော့ ဘယ်လိုဖြေရမှာလဲ။ လုပ်ရ မှာတော့ အကုန်လုံး လုပ်ရမှာပေါ့။
ပြည်သူလူထုအားလုံးကနေ အား လုံးတစ်ယောက်နဲ့တစ်ယောက် နား လည်မှုတွေ ထိန်းထိန်းသိမ်းသိမ်း နေကြ မယ်ဆိုရင် ပြေ လည်သွား မှာပါလို့ ပြော ချင်ပါတယ်။ စခါစကတော့ မတ်တတ် ပြေးတဲ့ ကလေးလိုပေါ့။ မတ်တတ်ရပ်ခါ စက ကောင်းကောင်းမရပ်နိုင်တော့ ဒီ လိုပဲ။ တည်ေ ဆာက်နေရတာပေါ့။ အက်ကျူကေးရှင်းတွေကို ပြန်ပြီးတော့ တည်ဆောက်နေရတာပေါ့။ အချိန်လေး တစ်ခုယူရမယ်။ အကုန်လုံးက ဒီမို ကရေ စီဆိုတာနဲ့ ဥုံဖွဆိုပြီး ကောင်းသွားတာ မှ မဟုတ်တာ။ လူတွေဟာ လေ့ကျင့်ယူရမယ်။ စိစစ်ယူရမယ်။ မွမ်းမံယူရမယ်။ ဒါမှ ခိုင်မာတောင့်တင်း တဲ့ ရှေ့ရေးကို ရလာမှာ ဖြစ်ပါတယ်။ လုပ်နေတဲ့အထဲ မှာ အောင်မြင်တဲ့ အပိုင်းတွေတော့ ရှိ တာပေါ့။ မအောင်မြင်သေးတဲ့ အပိုင်း တွေလည့်း ရှိတာပေါ့။ ပွင့်လင်းမြင်သာ တဲ့ လူ့အဖွဲ့အစည်းဆိုတာတွေ ကြားမှာ ထိန်းရသိမ်းရတာ ခက်တဲ့အခြေအနေ တွေ ရှိတာပေါ့။ ဒီလိုပဲ သိမ်မွေ့တဲ့ လမ်းကြောင်းပေါ် လျှောက်နေတဲ့ အခါ ကျတော့ ဒီလောက်တော့ ရှိမှာပါ။ ပဋိ ပက္ခဖြစ်တဲ့ နေရာတွေမှာ ဓာတ်ငွေ့ပိုက် လိုင်းတွေ ရှိနေတယ်ဆိုတဲ့ သုံးသပ်ချက် တွေကိုတော့အကြောင်းအရင်းနဲ့ သက်သေအထောက်အထားနဲ့ မပြော နိုင်တဲ့ ကိစ္စဆိုတော့ မပြောတာဘဲ ကောင်းပါတယ်။ ပိုက် လိုင်းကြီးကလည်း ရခိုင်ပြည်ဘက်ကနေ ရှမ်းပြည်နယ် အထိ တောက်လျှောက်ဖြတ်ပြီးတော့ သွားတာဆိုတော့ တစ်နေရာမဟုတ် တစ်နေရာတော့ တိုက်ဆိုင်တဲ့နေရာတွေ ဖြစ်နေတာပေါ့။ သက်သေအထောက် အထားနဲ့ အကြောင်းရင်းမှာ ခိုင်ခိုင် လုံလုံနဲ့ မရှိတော့ ပြောရတာ ခက်တာ ပေါ့။ ခုဟာက ဖြစ်လာတဲ့ အကြောင်း ရင်းမှာတော့ အကြောင်းအရာတွေ အများကြီးကို တစ်ခါတည်းပြီးအောင်လုပ်ဖို့ဆိုတာကတော့ ပွဲချင်းပြီး တဲ့ ဆေးမြီးတိုတော့ မရှိနိုင်ဘူး။ အချိန် ယူပြီးတော့ ဆောင်ရွက်ရမယ်။ လုပ်ရ မယ့်ကိစ္စကတော့ ပြည်သူလူထုရဲ့ လူနေ မှု ဘဝအဆင့် အတန်း ကို မြှင့်တင်ပေးရ မယ်။ အသိဥာဏ်ပညာ အဆင့်အတန်း ကို မြှင့်တင်ပေးရမယ်။ စိတ်နေစိတ်ထား တွေ ပိုပြီးတော့မှ ပျော့ပျောင်းလာအောင် တစ်ယောက်နဲ့တစ်ယောက် မေတ္တာထား နိုင်အောင်၊ ခွင့်လွှတ်နိုင်အောင် စိတ်ထားတွေ မြှင့်တင်ပေးရမယ်။အတိုချုပ် ပြောရရင်တော့ ပြည်သူလူထု ရဲ့ ရုပ်ပိုင်း စိတ်ပိုင်းတွေ အကုန်လုံးကို မြှင့်တင်ပေး ပြီးတော့မှ အချင်းချင်း နားလည်မှုတွေ ပိုပြီးတော့ တိုးပွားလာအောင် ဆောင် ရွက်နိုင်မှပဲ ဒီပြဿနာက ပြေလည်မယ် လို့ ပြောချင်ပါတယ်။

ဒေါ်ဒွဲဘူ
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒါကပြောဖို့ ခက်ပါတယ်။ တကယ် ပဲ ဘာသာရေး အသွင်ဆောင်တာလား။ နိုင်ငံရေးအကျိုးအမြတ် တစ်ခုအတွက် ဘာသာရေးကို ခုတုံးလုပ်တာ လား ဆို တာကို အဓိကလေ့လာဖို့လိုအပ်ပါ တယ် ။အရင် အစိုးရခေတ်ကဆို ဗုဒ္ဓ ဘာသာကလွဲပြီးတခြားဘာသာတွေကို တော်တော်လေး အခွင့် အရေး မပေးခဲ့ ဘူးလေ။ အဲ့ဒီတုန်းက ဒီလိုမျိုး ပြဿ နာတွေ သိပ်မရှိခဲ့ဘူးလေ။ ကျွန်မတို့ ခရစ်ယာန်ဆိုလည်း တော်တော်လေး လှိမ့်ခံရတာပဲလေ။ ဒါပေမဲ့ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်မှ မဖြစ်ခဲ့တာပဲ။
အခု ကျွန်မ အမြင်တော့ ဘာသာ ရေးမဟုတ်ဘူးလို့ မြင်တာပဲ။ နိုင်ငံရေး အကျိုးအမြတ်တစ်ခုအတွက် ဘာသာ ရေးအကြောင်းပြပြီး ဝင်အကြမ်း ဖက် တယ်လို့ပဲ မြင်ပါတယ်။ ဗုဒ္ဓဘာသာက လည်း သည်းခံခြင်းတရားနဲ့ပဲ၊ မွတ်ဆ လင်ရော၊ ကျွန်မတို့ ခရစ်ယာန်တွေရော အကုန်လုံး သည်း ခံခြင်းတရား အဆုံး အမနဲ့ နေလာခဲ့တာပဲ။
မဖြစ်ခင်ကတည်းက ကြိုတင် ဖော်ထုတ် အရေးယူတဲ့အပိုင်းမှာ အ ရမ်းအားနည်းပါတယ်။ အခုလိုမျိုး ပဋိ ပက္ခတွေဖြစ်၊ မီးလောင်ဆုံးရှုံးမှုဖြစ် ပြီးမှ ဖမ်းဆီး အပြစ်ပေးတာထက်စာရင် ကြိုတင်ကာကွယ်နိုင်ရင် ပြည်သူတွေ အတွက် ပိုကောင်းတာပေါ့။ တရား ဥပဒေစိုးမိုးမှု ပိုရှိလာတယ်လို့ ပြော လို့ရ မှာပေါ့။ ကျွန်မအမြင်ကတော့ ရဲ ထောက်လှမ်းရေးတို့၊ြှ တို့လိုမျိုးဟာ တွေဟာ တော်တော်အားနည်းတယ်လို့ မြင်ပါတယ်။ အဲ့ဒီဘက်မှာ အင်အား လည်း တိုးသင့်တယ်လို့ ထင်ပါတယ်။ ပြီးတော့ နိုင်ငံတကာနဲ့အညီဖြစ်အောင်သင်တန်းတွေ၊ နိုင်ငံတကာမှာ ဘယ်လို လုပ်ကိုင်ဆောင်ရွက် လဲ သိရအောင် ပညာသင်တွေလည်း အများကြီးလွှတ်ဖို့ လိုပါလိမ့်မယ်။ အဲ့ဒါမှ ကိုယ့်နိုင်ငံမှာ အကြမ်းဖက်မှုတွေက ကာကွယ်နိုင်မှာ ပေါ့။ ဒါဟာ တရားဥပဒေစိုးမိုးရေး ကိုလည်း အများကြီးအထောက်အကူ ပြုပါလိမ့်မယ်။ အခုလိုမျိုး ပြည်နယ်နဲ့ တိုင်းတွေမှာ အကြမ်းဖက်မှုေ တွ တောက်လျှော က် ဖြစ်နေတာဟာ နိုင်ငံ ရဲ့ အပြောင်းအလဲဖြစ်စဉ်ကို ထိခိုက် လာနိုင်တာ သတိထားရပါမယ်။ ပြီး တော့ ပဋိပက္ခဖြစ်တဲ့နေရာတွေဟာ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ နေရာအနီးတစ်ဝိုက်မှာ ဖြစ်တဲ့ကိစ္စ အပေါ်လည်း ဂရုစိုက်သင့်တယ်။ ပဋိ ပက္ခဖန်တီးလိုတဲ့သူတွေဟာ အဲ့ဒါတွေ ကို သွားထိလိုက်ရင် ဆုံးရှုံးမှု အရမ်း ကြီးမှာဆိုတော့လေ။ ကျွန်မတို့နိုင်ငံက လည်း အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ပိုက် လိုင်းနဲ့ဆိုတော့ အဲဒီနေရာတွေမှာ ဖြစ် ခဲ့ရင်ဘယ်လို ကာကွယ်မလဲဆိုတာ ကြိုပြီး ပြင်ဆင်ထားသင့်တယ်။ ဒါဟာ အစိုးရတစ်ခုတည်းရဲ့ တာဝန်မဟုတ် ဘူး။ ပြည်သူတွေမှာလည်း တာဝ န်ရှိ တယ်။ ဒီလို အဖျက်လုပ်ငန်းတွေကို တားဆီးကာကွယ်ဖို့ဆိုတာ အစိုးရမှာ တင် မဟုတ်ဘဲ ပြည်သူတစ်ဦးချင်းစီက အသိစိတ်အပြည့်နဲ့ တာဝန် ယူစေချင် တယ်။
ဒီလို ပဋိပက္ခတွေ လုံးဝရပ်ဆိုင်း သွားဖို့က အချင်းချင်း ချစ်ခြင်းမေတ္တာ ထားဖို့ပဲ။ ဒို့နိုင်ငံရဲ့ သွားနေတဲ့ နိုင်ငံ ရေးလမ်းကြောင်းကိုလည်း အားလုံးက ဝိုင်းဝန်းကူညီဖို့ လိုပါလိမ့်မယ်။ ပဋိပက္ခ ဆိုတာကတော့ တကယ့် ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေမှာတောင် လုံးဝ ချုပ်ငြိမ်းတယ်မှ မရှိတာ။ အားလုံး စုစည်းထိန်းသိမ်းရမှာပါ။ လုံးဝချုပ်ငြိမ်း သွားဖို့ဆိုတာ အင်မတန် ခဲယဉ်းပါ တယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဆို တော့လေ။

ဦးဝင်းထိန်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ရင်ထဲမှာ ရှိတဲ့ စိုးရိမ်မှုတွေ၊ သဟဇာတ မဖြစ်တာ တွေကြောင့် ပြဿနာတွေ ပေါ်တာ ပေါ့။ ဒါတွေက အစပျိုးတာ ကြာပြီ ဗျ။ လွန်ခဲ့တဲ့ နှစ်သုံးေ လး ဆယ်လောက် ကတည်းက ဘယ်လိုလဲဆိုရင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကနေမြန်မာပြည်ထဲကို တရား မဝင် ခိုးဝင်တာ နိုင်ငံခြားသားတွေ အထူး သဖြင့် ဘင်္ဂါလီတွေပေါ့။ တော် တော်များများကတော့ နယ်စပ်မှာပဲ ရှိ ကြတယ်။ တချို့ကလည်း လမ်းလျှောက် ပြီးကို ဝင်လာကြတာ။ ကျွန်တော် က တော့ ကိုယ်တွေ့ကြုံခဲ့ရတယ်။ အခု နေ ရာအနှံ့အပြား ရောက်နေကြတယ်။ ရန်ကုန်ကနေ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နေရာ အနှံ့အပြားကို ရောက်နေကြတာ။ အရင်က မွတ်ဆ လင်မရှိတဲ့နေရာတွေမှာတောင် မွတ်ဆ လင်ရွာတွေ ပေါ်လာတယ်ဆိုတော့ ဒေသခံတော်တော် များများက ဘဝင် မကျကြဘူး။ အဲ့ဒီပုဂ္ဂိုလ်တွေ ဒီလိုနေတာကိုကျတော့ ကျွန်တော်တို့က လူ သားချင်းစာနာမှုအရ ငြင်းပယ်လို့ မကောင်းဘူး။ အဲဒီလို အခြေအနေနဲ့က နေ အချက်အလက်တွေ စုံစုံလာတဲ့အခါ ကျတော့ ပေါက်ကွဲတာပေါ့ဗျာ။
မိတ္ထီလာမှာဆိုရင် မတ်လ ၂ဝ ရက်နေ့မှာဖြစ်တယ်။ သို့သော်လည်း ဖေဖော်ဝါရီလကတည်းက အခွေတွေ ထွက်လာတယ်။ စာတမ်းတွေ ဖြန့်တယ်။ အခွေတွေမှာဆိုလို့ရှိရင် မျက်နှာကို မျက်နှာဖုံးတပ်၊ ဓားတွေနဲ့ တိုက်မယ်၊ ခိုက် မယ်ဆိုတဲ့ ကြွေးကြော်သံတွေပါတယ်။ စာတစ်စောင်ဆို ကျွန်တော့် လက်ထဲမှာကို ရှိသေးတယ်။ အဲဒီဟာက မီးပွားလေးဖြစ်ပြီး မကျေနပ်ချက်တွေ ပေါက်ကွဲတာပေါ့။ လားရှိုးမှာလည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ထင် တယ်။ ကျွန်တော့်အမြင်ပေါ့လေ။ တစ်ခုခုသော အဖွဲ့အစည်း၊ အင်အားစုက အဲ့ဒါကို အခွင့်ကောင်းယူ အသုံးချပြီး ပြဿနာ မကြီးကြီးအောင် လုပ်နေတယ်လို့ သံသယရှိတယ်။
နောက်ပိုင်းလည်း ပဲခူးတိုင်း အ နောက်ခြမ်း အပါအဝင် တခြားဒေသ တွေမှာ ဖြစ်ခဲ့တာတွေက အရမ်းမြန် တယ်။ စနစ်ကျတယ်။ စီစဉ်ပြီးမှ လုပ် တာလားလို့ ယူဆစရာတွေ တွေ့နေ တယ်။အဲ့ဒါတွေ ပျောက်အောင်ကတော့ ဗမာဗုဒ္ဓဘာသာ အသိုင်းအဝိုင်းရော၊ မွတ်ဆလင်အသိုင်းအဝိုင်းကပါ တည် တည်ငြိမ်ငြိမ် လက်တွဲနေနိုင်အောင် ကြိုးစားဖို့က အားလုံးမှာ တာဝန်ရှိ တယ်။
မသေချာတာပေါ့။ တရားဥပဒေ စိုးမိုးမှုက အရမ်းအားနည်းတာပေါ့။ မိတ္ထီလာမှာဆို တရားဥပဒေစိုးမိုးရေး ကဏ္ဍ အားနည်းလို့ ဖြစ်တာပဲ။ လုံခြုံေ ရးတပ်ဖွဲ့တွေရဲ့ တာဝန်ထမ်းဆောင်မှု အားထုတ်မှုက အားရစရာမှ မရှိတာ။ ကျွန်တော်ကိုယ်တိုင် မျက်မြင်ပဲဟာကို။ပဋိပက္ခတွေ ငြိမ်းအေးသွားဖို့ ဆိုတာက အချိန်ယူဖို့ လိုတယ်။ နှစ်ဖက် အသိုင်းအဝိုင်းကလည်း အများကြီးကြိုး စားဖို့ လိုပါတယ်။ ဒီလို အတူလက်တွဲနေ နိုင်ဖို့ ဆိုတာက အစိုးရ ကလည်း ပြည် သူလူထုကို အသိပညာပေးဖို့ လိုမယ်။ နိုင်ငံရေးပါတီတွေရော အရပ်ဘက် အဖွဲ့အစည်းတွေရော အကုန်ပူးပေါင်း ပြီးမှ လုပ်ရမှာ။

ဦးကိုနီ
(တရားလွှတ်တော်ရှေ့နေ)
ဘာသာရေးပဋိပက္ခတွေ မငြိမ်း သေးတာ ငြိမ်အောင်မလုပ်လို့ မငြိမ် တာ။ တည့်တည့်ပြောရရင် ငြိမ်အောင် လုပ်ရင် သိပ်ပြီးတော့ ငြိမ်ပါတယ်။ ၈၈ အရေးတော်ပုံမှာ တစ်တိုင်းပြည်လုံး ဆန္ဒပြနေတာ။ ၂ဝဝ၇ ခုနှစ် သံဃာ့ အရေးအခင်း ငြိမ်သွားတာပဲဗျာ။ ပြဿနာဖြစ်တာနဲ့ ချက်ချင်း ရဲက ဝိုင်းမယ် ဖမ်းဆီးမယ်။ ဒီလောက်ပုံတူ လေးတွေ ဖြစ်နေတာကိုမှ ပြဿနာ ဖန်တီးတဲ့သူတွေကို မိအောင်မဖမ်းနိုင် ဘူးဆိုတော့ ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်ဘူးဆိုရင် အဲဒီလို မလုပ်သေး သရွေ့ ဒီပြဿနာ ငြိမ်းသွားမှာ မဟုတ်ပါဘူး။ အဓိက တာဝန်အရှိဆုံးကတော့ အုပ်ချုပ်ရေး ဌာနပဲ။ ပြည်ထဲရေးဝန်ကြီး ဌာနက တာဝန်အရှိဆုံးပဲဗျ။ ဥက္ကံဆိုရင် လည်း တော်တော်အရေးယူတာ များ လာတယ်။ ဥက္ကံမှာ ချက်ချင်းထိန်း တယ်။ ပြီးတာနဲ့ အရေးယူတယ်။ တော်တော်ကို ဖမ်းတယ်ဆီးတယ်။ရုံးဘယ်နှယောက်တင်တယ်တော့ မသိ ပါဘူး။ အခု လားရှိုးဆိုရင်လည်း ချက်ချင်းထိန်း တယ်။ သာသနာရေး ဝန်ကြီးက အန္တရာယ်တွေကြားထဲမှာ စပီကာနဲ့ လိုက်အော်နေတယ်ဆိုတာ တော်တော်လေးစားဖို့ ကောင်းတယ်။ တကယ် တမ်း အဲဒီအလုပ်က ပြည်ထဲ ရေးကလုပ်ရမှာ။ ဆူပူတာ၊ သောင်း ကျန်းတာ အကြမ်းဖက်တာ၊ လူသတ် တာ၊ မီးရှို့တာ၊ လုတာတွေက ကြီးလေး တဲ့ ပြစ်ဒဏ်တွေပါ။ ဒါမရှိစေချင်ရင် လွယ်လွယ်လေးပါ။ နံပါတ် ၁ ကြို တင်ပြီးတော့ သတင်းထောက်လှမ်းပြီး ဆူပူအောင် လှုံ့ဆော်နေသူတွေကို ဖမ်း မယ်။ အဲဒါကို မီဒီယာကနေ ဘယ်နေရာ မှာ ဆူပူအောင် လုပ်လို့ဖမ်းဆီးအရေး ယူလိုက်ပါတယ်လို့ ကြိုတင်လုပ်ရမယ်။ ဒုတိယအဆင့် က ဖြစ် ပြီဆိုတဲ့အချိန်မှာ ထိထိရောက်ရောက် အရေးယူရမယ်။ ဥပမာ ရာဘာကျည်နဲ့ ပစ်တယ်ဆိုပါ တော့။ ရော်ဘာကျည်ဆန်နဲ့မှ မရရင် ကျည်ဆန် အစစ်နဲ့ ပစ်ရမယ်။ အိမ်မီးရှို့ တဲ့အခါမျိုးပေါ့။ အဲဒီလို လုပ်တဲ့အခါ လုပ်တဲ့သူတွေဟာ မရဘူးဟ ဒီလိုမျိုး လုပ်ရင် ပစ်တာပဲကွဆိုပြီး သိသွားရင် ရှဲသွားကြမျာပါ။ နောက် တတိယအဆင့် က ပြဿနာဖြစ်ပြီးရင် ပြဿနာလုပ်တဲ့ နေရာမှာ ပါတဲ့သူအားလုံးကို ထိထိရောက်ရောက် အရေးယူရ မယ်။ ဒီနေ ရာမှာ ကုလား-ဗမာ မလိုချင်ဘူး။ အားလုံးကို အရေးယူပေးရမယ်။ အဲဒီလို ထိထိရောက်ရောက် လုပ်မယ် ဆိုရင် ဒီပြဿနာဟာ ပြီးသွားပြီပေါ့။ ဒီပြဿနာရပ် တန့်သွားပြီဆိုမှ ပြန်လည် သင့်မြတ်ရေးကို လုပ်ရမှာပါ။ ပြန်လည်သင့်မြတ်ရေးဆိုတာမှာ ရှင်းရှင်း ပြော ရရင် ချစ်ပြီး သားဗျ။ တကယ့် တကယ် ပြဿနာပေါ်ရင် ကာကွယ်ပေးနေတာ ဗုဒ္ဓဘာသာတွေပဲ။ သူတို့မှ မကာကွယ် ရင်ရော ဒီလူနည်းစုက ဘယ်သွားမလဲ ဗျာ။ ဖြစ်ချင်တဲ့သူ ရှိတယ်။ မဖြစ်ချင်တဲ့ သူရှိတယ်။ နည်းနည်းပါးပါးအထင် လွဲတာလေးတွေကို ရှင်းပြရင် ပြီးပါ တယ်။ မှိုင်းမိတဲ့သူတွေပေါ့ဗျာ။ ခုလုပ် ရမှာက စောစောကပြောတဲ့ အချက် သုံးခု၊ သိကြပါတယ်။ အားလုံးက ကြောက်တတ်ပါတယ်။ အရေးမယူတာ သိရင်တော့ ဆော်မှာပေါ့ဗျာ။ ဘာဖြစ် လို့လဲဆိုတော့ ပစ္စည်းလုရတာက တော် တော်ကို အရသာရှိတာကိုးဗျ။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ပြီဆိုရင် သူများ ရှာဖွေ ထားတဲ့ဟာကို အသာလေး ကောက် ယူသွားကြဆိုတော့ အဓိက ကတော့ အုပ်ချုပ်ရေးက ထိရောက်ရင် ပြီးသွား မယ့်ကိစ္စပါ။ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ နီးစပ် တဲ့နေရာတွေမှာ ဖြစ်တယ် ဆိုတာ မှာကျွန်တော်တို့က တရုတ်ကို မကြိုက် ရင် တည့်တည့်ဆန္ဒပြပေါ့။ ဓာတ်ငွေ့ ပိုက်လိုင်းကို မကျေနပ်ရင် ပိုက် လိုင်းကို လုပ်လို့ရတယ်ဗျ။ လူသတ်တာ၊ အဆောက်အအုံတွေ မီးရှို့တာတွေမှာ ဒီလိုလုပ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့က ဟိုဘက် သည်ဘက် အကုန်တွေးမှာပဲ။

အောင်ထက်(NYK ) ၊
ကျော်ရဲလင်း
Popular Myanmar News Journal