Home » » ထွန်တုံးတိုက်ပွဲ အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့မည်ကို စိုးရိမ်စပြုဟုဆို

ထွန်တုံးတိုက်ပွဲ အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့မည်ကို စိုးရိမ်စပြုဟုဆို

Written By Unknown on Wednesday, June 5, 2013 | 3:31 PM

ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေသည့် တောင်သူများနှင့် အာဏာပိုင်တို့ ထိပ် တိုက်ကြုံတွေ့လာမည့်အရေးအပေါ် စိုးရိမ်စပြုနေပြီဟု တောင် သူလယ်သမား အသင်းဥက္ကဋ္ဌက ပြောသည်။

ရှမ်း၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူးစသော နေရာအနှံ့အပြားတွင် သိမ်း ဆည်းခံလယ်ယာမြေများပေါ်သို့ မူလ လုပ်ကိုင်နေသူတို့က ယခုနှစ် စိုက်ပျိုးရာသီအစတွင် စတင်ထွန်ယက်နေမှုအပေါ် အသင်းဥက္ကဋ္ဌက ပြောဆိုခဲ့ခြင်းဖြစ်ပြီး နှစ် ဖက်ကြား ထိပ်တိုက်တွေ့၍ ပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

''တောင်သူဘက်ကကြည့်ရင် လည်း တခြားလုပ်စားစရာမရှိလို့ ဒီလယ် ပြန်စိုက်မှရမယ်ဆိုတဲ့ အနေအထား၊ ရဲဘက်က ကြည့်ရင်လည်း နိုင်ငံတော်က သိမ်းယူ ထားတယ်။ ဒါကို
ဝင်ရောက်တယ်၊ ဒီလို နဲ့ သူမှန်၊ ကိုယ်မှန် ကြားမှာရှုပ်ထွေးလာ မှာကိုစိုးတယ်''ဟု ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

မေလ ၂၉ ရက်တွင် မကွေး-ဆင် ပေါင်ဝဲမြို့နယ်၊ ဘော်မြင့်နှင့် မကျည်းပင်ပု ကျေးရွာများမှ တောင်သူတို့က ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ပြီး ဇွန်လ ၃ ရက် နေ့အထိ တစ်စုံတစ်ရာ ဖမ်းဆီးအရေးယူ မှုမရှိသေးကြောင်း ပါဝင်ခဲ့သူ ဦးလှဦးက ဆိုသည်။

''ခရိုင်ရဲမှူးကြီး လာသွားတုန်းက ညှိနှိုင်းပေးမယ်ဆိုတဲ့ နှုတ်ကတိရပါတယ်။ ဒီလယ်တွေက ဘိုးဘွားပိုင်မြေတွေပဲ။ ဒါ ကို ဒီနှစ်မှာ မလုပ်ရဘူးဆိုတော့ ကျွန် တော်တို့ လယ်သမားတွေ ဘာသွားလုပ်စားရမှာလဲ''ဟု ဦးလှဦးက ဆိုသည်။ထွန်တုံးတိုက်ပွဲများကို အာဏာပိုင်များက လက်ရှိအချိန်ထိ အကြမ်းဖက် ဖြို ခွဲမှုမပြုလုပ်သေးပေ။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးက ''အခုထွန်တုံးတိုက်ပွဲတွေ လုပ်နေ ကြတယ်။ ဒါကို ညှိနှိုင်းဆွေးနွေးခြင်းနဲ့ပဲ လုပ်ကြဖို့လိုတာပေါ့။ အခုထိ ဧရာဝတီမှာ အရေးယူတာတွေမရှိသေးပါဘူး။ ဒါပေမဲ့ တိုင်တန်းလာလို့ရှိရင် ဥပဒေအရတော့ ဆက်လုပ်မယ်'' ဟု ပြောသည်။

လွှတ်တော်က လယ်ယာမြေ သိမ်း ဆည်းခံရမှုကို စုံစမ်းစစ်ဆေးရန် အဖွဲ့ ဖွဲ့ရသည်အထိ နိုင်ငံတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုဖြစ်စဉ်မှာ အရေးတကြီး ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်နေ သော်လည်း ပြေလည်အောင်မဖြေရှင်း နိုင်သေးဘဲ ထွန်တုံးတိုက်ပွဲက အင်းလေး ဒေသအထိ ကူးစက်လာနေပြီ ဖြစ်သည်။

လယ်ယာကဏ္ဍ ဆန်းစစ်လေ့လာ နေသူဟင်္သာတမြို့မှ ဦးတင်ရီက ''ဘယ် ဘက်ကမှ လိုက်မပြောလိုဘူး။ မျှကြည့် ဖို့ပဲ တိုက်တွန်းတယ်။ တချို့က တစ်ဖက် သတ်ဆန်တာလေးတွေ လုပ်ကြတယ်။ ဒါက မကောင်းဘူး။ ဖြစ်စဉ်တွေ အများ ကြီးထဲက အများစုတွေ့နေရတာက ဘာပြဿနာလဲဆိုရင် လယ်သမားတွေ အနစ်နာခံခဲ့ပြီး အကျိုးမရှိဘူးဆိုတဲ့ ကိစ္စပဲ။

ဆိုလိုတာက ကြိုတင်စဉ်းစားပြီး ရှေ့ရေးမကြည့်ကြလို့ ဒီလိုတွေဖြစ်လာ တာ။ လယ်ယာမြေသိမ်းဆည်းတယ်။ ဒါ က နိုင်ငံတော်က အကျိုးရှိမယ်ထင်လို့ သိမ်းတာ။ ဒါပေမဲ့ လက်တွေ့မှာက အဲဒီ့ သိမ်းလိုက်တယ်ဆိုတဲ့ မြေမှာ ဘာမှမလုပ် တာတွေ။ လုပ်တော့လည်း မအောင်မြင် တာတွေရှိတော့ ဘယ်ကောင်းမလဲ။ ဘာ မှမလုပ်ရင်တော့ လုပ်ကိုင်ခွင့်ပေးသင့် တယ်။ အခု စက်မှုဇုန်တွေလုပ်တယ်။ အောင်မြင်ပါသလား မေးချင်တယ်''ဟု ပြောသည်။

ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေကြသူများ ၏ လယ်ယာလုပ်ကိုင်ခွင့်ကို အစိုးရက ဖြေရှင်းပေးသင့်ကြောင်း ဒေါက်တာစိုးထွန်းက အကြံပြုသည်။
သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က လယ်ယာမဲ့တို့ကို လုပ်ကိုင်စားသောက်နိုင်ရန် မြေယာဖော်ထုတ်ကာ အစိုးရက မြေမဲ့ယာမဲ့တို့အား ပေးအပ်မည်ဟု ဖေဖော်ဝါရီလဆန်းပိုင်းက ကတိ ပြုပြောကြားထားသည်။

မင်းသုအောင်

Popular Myanmar News Journal