Home » » တာမွေမြို့နယ်တွင် ရပ်ထားခဲ့သည့်ကားပျောက်ဆုံး

တာမွေမြို့နယ်တွင် ရပ်ထားခဲ့သည့်ကားပျောက်ဆုံး

Written By Unknown on Monday, June 17, 2013 | 2:09 PM

၁၆.၆.၂၀၁၃ရက်နေ့ ၂၀၀၀အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း ရပ်ကွက်၊ သြဘာလမ်းနေ ဦးအောင်စိုးသည် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ကျိုက္ကဆံလမ်း၊ အထက (၅)ရှေ့တွင် ၎င်းပိုင် ယာဉ်အမှတ် ၈ဂ/၄၉၅၀ လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်အား ရပ်ထားခဲ့ရာမှ ၁၇.၆.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်တွင် ကားအားကြည့်ရာ မတွေ့ရှိဘဲ ပျောက်ဆုံးနေ၍ တာမွေမြို့မ ရဲစခန်းသို့ ကူညီ စုံစမ်းပေးရန် အကြောင်းကြား လာသဖြင့် တာမွေမြို့နယ်မှ တပ်ဖွဲ့ဝင်များ၊ တိုင်းအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ (၄)ခရိုင်မှအထူး မှုခင်းနှိမ်နင်းရေး အဖွဲ့များ ယာဉ်ထိန်း တပ်ဖွဲ့ခွဲ(ရန်ကုန်)မှတပ်ဖွဲ့ဝင် များနှင့် မြို့ပေါ်ရပ်ကွက်များ၊ မြို့အ၀င်/အထွက်များတွင် ပူးပေါင်းပိတ်ဆို့ စုံစမ်းရှာဖွေလျက် ရှိပါသည်။

ယာဉ်ပိုင်ရှင်များ အနေဖြင့် မိမိတို့၏ ယာဉ်များအားလုံခြုံရေး အစောင့်ရှိသော ယာဉ်ရပ်နားစခန်း/နေရာများတွင် ထားရှိရန်၊ ယာဉ်၏ တံခါးသော့များအား ကောင်းမွန်စွာပြုပြင် ထားရှိပြီး သေချာစွာသော့ခတ် ပိတ်ထားကြရန်နှင့် ယာဉ်ထားသည့် နေရာပတ်ဝန်းကျင်ရှိ သူများအား အိမ်နီးချင်းကောင်းစောင့်ရှောက်မှု မျိုးရရှိရေး အပ်နှံ ဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။