Home » » ဗုဒ္ဓဘာသာဝင်တို့ မကောင်းမှုဘက်သို့ သွားနေသည်

ဗုဒ္ဓဘာသာဝင်တို့ မကောင်းမှုဘက်သို့ သွားနေသည်

Written By Unknown on Monday, June 24, 2013 | 11:36 AM

ဇူလိုင် (၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတွင် မြန်မာဘုန်းတော်ကြီး အရှင် ဝီရသူ၏ မျက်နှာဖုံးဖြင့် ဖော်ပြထားသည့် ဆောင်းပါးရှင် Hannah Beech   ၏  When Buddhists Go Bad ဟူသော ဆောင်းပါး ဖော်ပြထား သည်ကို တွေ့ ရသည်။ ယင်းဆောင်းပါး နှင့်ပတ်သက်၍ အွန်လိုင်းစာမျက်နှာများပေါ်တွင် အမျိုးမျိုးဝေဖန်နေကြသကဲ့သို့  မြန်မာ နိုင်ငံပြည်တွင်းရှိ အချို့ သောပြည်သူများကလည်း ယင်းဆောင်းပါး တွင် မည်သို့ ရေးသားထားသည်ကို သိချင်နေကြသူများလည်းရှိရာ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ စာဖတ်ပရိ သတ်များ ပြည့်ပြည့်စုံစုံသိရှိနိုင်ရန်နှင့် ချင့်ချိန်ဆုံးဖြတ်နိုင်ကြစေရန် ယင်း ဆောင်းပါး အ ပြည့်အစုံကို အထူးဆောင်းပါးအဖြစ် ရန်ကုန်တိုင်းမ် နေ့ စဉ် သတင်းစာမှ မူရင်းအတိုင်း ဘာသာပြန်ဆို ဖော်ပြပေးလိုက်ပါသည်။

(အယ်ဒီတာ)

'မျက်နှာမှာတော့ ကျောက်ဆင်းထု တစ်ခု လိုတည်ငြိမ်အေးချမ်းနေသည်။ သူ၏ တရားတော်ကို မြန်မာဘင်လာဒင်''ဟု စတင်ခဲ့ သည်။ထောင်ပေါင်းများစွာသော ဘာသာဝင်တို့ က လက်အုပ်ချီ၍ရှိခိုးနေကြသည်။ ကျောကုန်းများ၌ ချွေးများစီး ကျနေကြသည်။ အုတ်ခဲရောင် သင်္ကန်းဝတ်ထားသော ဘုန်းကြီး၏တိုင်ပေးမှုကို လိုက်ဆိုနေကြသည်။ ရန်ကုန်မြို့ပြီးပါက မြန်မာ ပြည်၏ ဒုတိယမြို့ တော် မန္တလေးမြို့ ၏ ဘုရား တစ်ဆူအတွင်း ပူအိုက်သောရာသီဥတု၌ ဖြစ်ပျက် မှုများက မတူကြပေ။ ကြည့်မြင်ရသည်က အေး ချမ်းမှုရှိသည်။ သို့ ရာတွင် အရှင်ဝီရသူ၏တရားက အမုန်းတရားတွေကို တဖျစ်တောက်တောက်ပြော နေသည်။ ''ယခုအချိန်ဟာ ငြိမ်နေရမယ့်အချိန် မဟုတ်ဘူး''ဟု အသက် ၄၆နှစ်ရှိ ဘုန်းတော်ကြီး က အသံနေအသံထားဖြင့်ပြောခဲ့သည်။ သူက ဗုဒ္ဓဘာသာလူများစုနိုင်ငံရှိ လူနည်းစုမူဆလင် အကြောင်းကို မိနစ် ၉ဝခန့်ဟောသည်။ ''ယခု အချိန်ဟာ နိုးကြားကြရမဲ့အချိန်ပဲ၊ သွေးဆူအောင် လုပ်ကြ''ဟု ဘုန်းတော်ကြီးက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်တို့သွေး ဆူနေကြသည်။ မူဆလင်တို့သွေးများလျှံထွက် နေသည်။ လွန်ခဲ့သောနှစ်က ဗုဒ္ဓဘာသာဘုန်းကြီး များက မူဆလင်များကို အကြမ်းဖက်ခဲ့သည်။ အာဏာပိုင်များက မူဆလင်အနည်းငယ်သေဆုံး ခဲ့သည်ဟုဆိုသည်။ နိုင်ငံတကာလူ့အခွင့်အရေး လုပ်သားများက သေဆုံးသူ ရာပေါင်းများစွာရှိ မည်ဟုဆိုသည်။ အများဆုံးအကြမ်းဖက်မှုမှာ ရိုဟင်ဂျာတို့ကို တိုက်ရိုက်ကျုးလွန်ခဲ့ကြသည်။မြန်မာနိုင်ငံအနောက်ပိုင်း၌ အများဆုံး နေထိုင် သော မူဆလင်များဖြစ်သည်။ ကုလသမဂ္ဂက ၄င်းတို့ အား ကမ္ဘာပေါ်တွင်ဖိနှိပ်ခံရဆုံးဟုဆိုသည်။ အများစု သွေးထွက်သံယိုဖြစ်လာသောအခါ မြန်မာနိုင်ငံအလယ်ပိုင်းသို့ ပံျ့နှံ့လာခဲ့သည်။ထိုဒေသတွင် အရှင်ဝီရသူ မုန်းတီးရေး တရား များဟောသောနေရာဖြစ်သည်။ အစွန်းရောက် ဘုန်းတော်ကြီးများက မြန်မာလူဦးရေ သန်း ၆၀ ၏ ၅ရာခိုင်နှုန်းမျှရှိသော မူဆလင်တို့အား နိုင်ငံ နှင့်ယဉ်ကျေးမှုကို ခြိမ်းခြောက်နေသူများအဖြစ် ရှုမြင်ကြသည်။ မူဆလင်များ သည် ကလေးများ များမွေး၍ မြန်မာအမျိုးသမီးကိုခိုးယူနေကြောင်း အရှင်ဝီရသူက ကျွန်ုပ်ကိုပြောခဲ့သည်။ ''သူတို့ ဟာ ငါတို့နိုင်ငံကိုသိမ်းပိုက်လိမ့်မယ်။ ဒါကိုတော့ ကျွန်ုပ်ကခွင့်မပြုနိုင်ဘူး။ ကျွန်ုပ်တို့မြန်မာဗုဒ္ဓဘာ သာဝင်တွေ ကို ကာကွယ်သွားရမယ်။''

ဤတရားမျိုးသည် လူမျိုးပေါင်း ၁၃၅ မျိုး နေထိုင်သော နိုင်ငံ၏ သိမ်မွေ့သောနိုင်ငံရေး ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသည်။ နှစ်ပေါင်း ၅၀ ခန့်စစ်အုပ်ချုပ်ရေးအောက်မှ မကြာမီကမှ လွတ်မြောက်ခဲ့သည့် နိုင်ငံဖြစ်သည်။ အစိုးရ အရာရှိများ က တားမြစ်မှုကိုပြောနေကြသည်။ စစ်အစိုးရလက်ထက်က မရှိသ လောက်ရှားခဲ့သည်။ ရိုဟင်ဂျာအ မျိုးသမီးတစ်ဦးလျှင် ကလေးနှစ် ယောက်သာမွေးရမည်ဟူ၍ဖြစ် သည်။ မြောက်ပိုင်း ကချင်ပြည်နယ် တွင် အစိုးရ တပ်နှင့် သူပုန်တို့တိုက် ပွဲဖြစ်ပွားခဲ့သည်။  အားလုံးလိုလို ခရစ်ယာန်များဖြစ်ကြသည်။ ဘာ သာရေးခွဲခြားမှု ကျယ်ကျယ်ပြန့် ပြန့်ရှိခဲ့သည်။

အစွန်းရောက်ဗုဒ္ဓဘာသာ များသည် အာရှအခြားအစိတ်အပိုင်းများ၌လည်းကြီးထွားနေသည်။ ယခုနှစ် သီရိလင်္ကာနိုင်ငံတွင် အမျိုးသားဗုဒ္ဓဘာသာအုပ်စုသည် အစိုး ရအရာရှိကြီးများနှင့်ဆက်သွယ် လျက် ဘုန်းတော်ကြီးများ ဦးစီးကာ မူဆလင်ဗလီ များနှင့် ခရစ်ယာန်ဘုရားကျောင်းများကိုဖျက် ဆီးခဲ့ကြသည်။  ထိုင်းနိုင်ငံတောင်ပိုင်း၌လည်း ၂၀၀၄ ခုနှစ်မှစ၍ မူဆလင်သူပုန်နှင့် အရပ်သား ၅၀၀၀ ကျော်ကိုသတ်ဖြတ်ခဲ့သည်။ ထိုင်းစစ်တပ် ကအရပ် သား ပြည်သူ့စစ်များ ကိုလေ့ကျင့်ပေး ထားခဲ့သည်။ ဘုန်းကြီးများဆွမ်းခံထွက်ချိန် ရွာသားများက ဘုန်းကြီးကျောင်းကိုစောင့်ပေး ကြရသည်။ သူတို့ယုံကြည်ချက်အတွက်ဖြစ်သည်။ ဘုန်းကြီးများ တစ်ခါတစ်ရံသူတို့ကိုယ်တိုင် လက်နက် ကိုင်ကြသည်။ ဤသို့မယုံကြည်မှုစိတ် ပျက်မှုများမှာ ထိုင်းမူဆလင်လူနည်းစုအပေါ်၌ ဖြစ်ကြရသည်။

နိုင်ငံတစ်ခုစီ၏ သမိုင်းကြောင်းကိုလိုက် ကြည့်ပါက အစွန်းရောက်ဗုဒ္ဓဝါဒသည် သက် ဆိုင်ရာနိုင်ငံများထဲ၌ ရှိနေကြသည်။ မလိုမုန်း ထားသော ကောလာဟလသတင်းများကို ဖေ့စ် ဘွတ်စ်နှင့် တွစ်တာစာမျက်နှာများတွင်တင်နေ ကြသည်။ အကြမ်းဖက်မှုများကနယ်ခြားကို ကျော်၍သွားခဲ့သည်။ ဇွန်လတွင် မလေးရှား၌ဖြစ် ပွားခဲ့သည် မြန်မာရွှေ့ ပြောင်းလုပ်သား ထောင် ပေါင်းများစွာရှိနေသည်။ ဗုဒ္ဓဘာသာ မြန်မာ များစွာ အသတ်ခံခဲ့ကြရသည်။ လက်စားချေ သောသဘော ဖြစ်သည်။ မြန်မာနိုင်ငံ၌ မူဆလင် များသေဆုံးမှုကို လက်စားချေခြင်းဖြစ်သည်။

ဘာသာရေးအစွန်းရောက်မှုကိုထည့်သွင်း ပြောရမည်ဆိုပါက ဟိန္ဒူအမျိုးသားရေးဝါဒ၊ မူဆလင်စစ်သွေးကြွ၊ ခရစ်ယာန်အခြေခံဝါဒီ၊ အာလ်ထရာအော်သိုဒေါ့ဂျူးတို့ကိုလည်းပြရ မည်။ ဗုဒ္ဓဘာသာမှာ နမူနာထဲမှကင်းလွတ်နေ သည်။
ကမ္ဘာပေါ်၌ အကြမ်းမဖက်သော၊ မေတ္တာ ထားသောသဘောထားများကို ကြွေးကျော်ခဲ့ သည်။ သိဒ္ဓတ္ထဂေါတမဗုဒ္ဓသည် လွန်ခဲ့သောနှစ် ၂၅၀၀ ကပေါ်ထွန်းခဲ့သည်။ အခြားဘာသာများ နှင့်မတူသော ထိန်းသိမ်းလိုက်နာမှုများရှိသော ဗုဒ္ဓဘာသာ ဝင်များနှင့် ၄င်းတို့၏မြင့်မြတ်သော ဘုန်းတော်ကြီးများသည် အချိန်အခါသင့်တိုင်း နိုင်ငံရေးနှင့်မကင်းကြပေ။ အုပ်စုကွဲများ၏လူမျိုး ကြီးဝါဒ သွေးဆောင်ဖျားယောင်းမှုကိုခံကြရခြင်း ပင်ဖြစ်သည်။

အာရှတိုက်၌ အင်ပါယာနှင့် ဖိနှိပ်မှုများကို တွန်းလှန်ခဲ့ပြီးနောက် ဗုဒ္ဓဘာသာဘုန်းတော်ကြီး များသည် သူတို့၏စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကိုလို နီဝါဒဆန့်ကျင်ရေးလှုပ်ရှားမှု၌များစွာပါဝင်ခဲ့ကြ သည်။ အစာငတ်ခံ ဆန္ဒပြခဲ့ကြ သည်။ အသား အရေပိန်ချုံးစေပြီး လူဝတ်လဲခံခဲ့ကြသည်။ သူရဲ ကောင်းစံပြပုဂ္ဂိုလ်အဖြစ်  Thich Quang Duc   အမည်ရှိ ဗီယက်နမ်ဘုန်းတော်ကြီးကိုပြ ရမည်။ ၄င်းသည် တင်ပ္ပလင်ခွေထိုင်ကာမီးရှို့ခဲ့ သည်။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကတောင် ဗီယက်နမ်အစိုးရအား ကန့်ကွက် ဆန္ဒပြ ခဲ့ခြင်းဖြစ် သည်။ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံ၌ ဒီမိုကရေစီ လှုပ်ရှားမှု၌ ဘုန်းကြီးများဦးဆောင်ပါဝင်ခဲ့ကြ သည်။ သပိတ်များမှောက်ကာ ငြိမ်းချမ်းစွာတန်း စီလျှောက်လျက် စစ်အစိုးရ ကို ဆန္ဒပြခဲ့သည်။ ကမ္ဘာတစ်ခုလုံးက ကရုဏာပွားခဲ့ကြသည်။ စစ် သားများ၏ သတ်ဖြတ်စရာသားကောင်များမ ဟုတ်ကြပေ။ သို့ရာတွင် ဘာကြောင့်လူမှုရေးလှုပ် ရှားမှုပြီးဆုံး၍ နိုင်ငံရေးစစ်းသွေးကြွမှုပေါ်ပေါက် ခဲ့ရ သနည်း။  ဘာသာရေးတိုင်း၌ အဖျက်လုပ်ငန်း ၏ လှည့်စားမှုရှိတတ်သည်။ ဘာသာရေး၏မူလအခြေခံ၌ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေ သည်။ ယခု ဗုဒ္ဓဘာသာက ဤဘက်ကိုလှည့်သွား ခဲ့သည်။

အမုန်း တရားဂါထာမန္တရား မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် သစ်၌ ပလ္လင်ပေါ်တွင် တင်ပလ0x081လင်ခွေထိုင်လျက်၊ ဘေး တွင် သူ၏ပုံတူကားချပ်ကို ကပ်ထားကာ အရှင် ဝီရသူက သူ၏ကမ္ဘာ့အမြင်ကိုပြောခဲ့သည်။ အမေရိကန်သမ္မတ ဘားရက် အိုးဘားမားသည် မဲနက်ပုပ်သိုးသော မူဆလင်သွေးကိုစွန်ပစ်ခဲ့ပြီ။ အာရပ်တွေက ကုလသမဂ္ဂကိုပြန်ပေးဆွဲထားသည် ဟုပြောကာ သူ၏အမည်မှာ အာရပ်အကြမ်းဖက် သမားနှင့် ဆက်စပ်သည်ဟုဆိုသည်။ မြန်မာနိုင် ငံရှိ မူဆလင် ၉၀ ရာခိုင်နှုန်းမှာ အစွန်းရောက် လူဆိုးများဖြစ်သည်ဟု အရှင်ဝီရသူကဆိုသည်။ သူသည် ၂၀၀၃ ခုနှစ်က မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ထောင်ခုနစ်ကျခဲ့ဖူးသည်။ အရှင်ဝီရသူက ဤလှုပ်ရှားမှုကို ၉၆၉ ဟု ခေါ်သည်။ (ဤအဓိပ္ပါယ်မှာ ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါးနှင့် သံဃာ ဂုဏ်တော်ကိုးပါးဖြစ်သည်။) ဗုဒ္ဓဘာသာတို့အ ကြား၌သာသိသောအရာဖြစ်သည်။ ''ငါတို့ရဲ့ ဘာသာရေးနဲ့ လူမျိုးရေးကို အလေးထားရ မယ်။ ဒီမိုကရေစီ ရေးထက်ပိုအရေးကြီးတယ်''ဟု အရှင် ဝီရသူက ဆိုသည်။

ဝီရသူအား ပညာမတတ်သူ၊ အတွေးအ ခေါ်မရှိ၊ တယူသန်ဟုစွတ်စွဲ၍ ငြင်းပယ်နိုင်သည်။ သူသည် သားသမီးမွေးချင်း ရှစ်ဦးထဲမှတစ်ဦးဖြစ် ကာ ဘုန်းကြီးကျောင်း၌ကြီးပြင်းခဲ့ရသည်။ သို့သော် ဝီရသူသည် ထူးခြား၍စွမ်းအားရှိသူ ဖြစ်သည်။ ၄င်း၏တရားသည် မြန်မာလူမျိုးများ ကြား၌ ပဲ့တင်ထပ်နေသည်။ အာရှတိုက်မှ ဗုဒ္ဓ ဘာသာများကြား၌လည်းထို့အတူပင်။ ဗုဒ္ဓဘာ သာကို ဝန်းရံခံနေသည်ဟု ခံစားနေကြရသည်။ အစ္စလာမ်ဘာသာသည် အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်တို့ကို အောင်နိုင်ထားသည်။ အဆို ပါနိုင်ငံအားလုံး ယခင်က ဗုဒ္ဓဘာသာနိုင်ငံများဖြစ် ခဲ့ကြသည်။ အထောက်အထားမရှိသော်လည်း ဒေသခံဗုဒ္ဓဘာသာများက မူဆလင်လူဦးရေတိုး ပွားလာသည် ကိုကြောက်ရွံ့ နေကြ သည်။ အရှေ့ အလယ်ပိုင်း မူဆလင်များက ဗလီဆောက်ရန် ငွေကြေးထောက်ပံ့ပေးနေသည်။

မြန်မာနိုင်ငံ၌ လေးပုံတစ်ပုံအရပ်သားအ စိုးရဖြစ်လာပြီးနောက် ၂၀၁၁ ခုနှစ်မှစ၍ ပြုပြင် မှုများလုပ်လာခဲ့သည်။ လူတစ်ခိျု့က ဒီမိုကရေစီ ထွန်းကားရေးနှင့်အတူ လူမျိုးသန့်စင်ရေးကလည်း ပြန့်ပွားလာသည်။ လွန်ခဲ့ သောနှစ် က မြန်မာနိုင် ငံအနောက်ပိုင်း၌ မူဆလင်များ အသတ်ခံရမှုက စတင်ခဲ့သည်။ ရိုဟင်ဂျာ မူဆလင် ရဝအသတ်ခံ ရသည်ဟု လူ့အခွင့်အရေးသမားတို့ကဆိုသည်။ ဘုန်းတော်ကြီးများလှုံ့ဆော်၍ ဗုဒ္ဓဘာသာဝင်တို့ ဂမူးရူး ထိုးဖြစ် ခဲ့ကြ သည်။

မတ်လတွင် မိတ္ထီလာတွင်ဖြစ်ပွားခဲ့သည့် ဘုန်းကြီးတစ်ပါး မူဆလင်သတ်၍သေဆုံးပြီး နောက် ဘုန်းကြီးများမူဆလင်ရပ်ကွက်ကိုဖျက် ဆီးခဲ့သည်။ မူဆလင်များ အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။ ကျွန်ုပ်သည် အသတ်ခံရသည့် ၁၅ နှစ်သား မူဆ လင်လူငယ်မိခင်နှင့်တွေ့ခဲ့သည်။ သူမက မူဆလင် ဆန့်ကျင်သူများက သူ့သားကိုရိုက်၍သေခဲ့ရ သည်ဟုပြောခဲ့သည်ဟု ဆိုသည်။ သီဟိုနိုင်ငံတွင် မူဆလင်များကိုမောင်း ထုတ်ရန် Bodu Bala Sena (BBS)  အဖွဲ့ ဖွဲ့စည်း ထားသည်။ အလွန်တန်ခိုးထွားသည်။ ခိုင်မာသောဗုဒ္ဓတပ်မတော်ဟု အမည်ရသည်။ ဤအဖွဲ့၏နှစ်ပတ်လည်ကို ဖေဖော်ဝါရီလ၌ပြုလုပ် သည့် ဗုဒ္ဓဘာသာဘုန်းကြီး ၁ဝဝကဦးစီးသည်။ ဗုဒ္ဓဘာသာကို ကာကွယ်ရန် အတွက်ဖြစ်သည်။
BBS အဖွဲ့ဝင်ဘုန်းတော်ကြီးများက မူဆ လင်နှင့်ခရစ်ယာန်များဘက်ကို လှည့်လာခဲ့သည်။ လွန်ခဲ့သောလေးနှစ် တမီးလ်ကျား သူပုန်များ ကိုနှိမ်နင်းပြီးနောက် ပို၍ဖြစ်လာသည်။ ရှေးရိုး စွဲသမ္မတ ရာဂျာပါက ဆာတက် လာ သည့် ၂၀၀၅ ခုနှစ်မှစ၍ အစွန်းရောက်ဗုဒ္ဓဘာသာများ အင် အားကောင်းလာခဲ့သည်။ ခရစ်ယာန်ဘုန်းတော် ကြီးများနှင့် မူဆလင်အသားဆိုင်များကို အန္တရာယ် ပြုခဲ့ကြသည်။ သီရိလင်္ကာတွင် ဘုန်းကြီးများလွှမ်း မိုးသော ပါတီ နှင့် အစိုးရပါတီတို့ မဟာမိတ်ဖွဲ့ ထားသည်ဟုဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီ၊ ယာလာနှင့်  နာရာသီဝပ်ပြည်နယ်များ၌ မူဆလင်များနေထိုင် သည်။ ယခင်က မလေးမူဆလင်စူလတန်များပိုင် ဟု ဆိုသည်။ မူဆလင်ရာခိုင်နှုန်း၈ဝရှိသည်။ ဗုဒ္ဓ ဘာသာနှင့် မူဆလင် များ မသင့်မြတ်ကြပေ။ မူဆ လင်များက ဗုဒ္ဓဘာသာဘုန်းကြီးများကို တိုက်ခိုက် ခဲ့ကြသည်။ ဘုန်းကြီးကျောင်းအား စစ်တပ်နှင့် ပြည်သူ့စစ်တို့ စောင့်ကြပ်နေရသည်။ ''ဗုဒ္ဓဘာသာများက ကျောင်းကို စစ်သားများ စောင့် ပေးစေ လိုသည်။ ကျွန်တော်တို့က ဗုဒ္ဓဘာ သာကို မစဉ်းစားဘူး၊ ကျွန်တော်တို့ထိုင်းလူမျိုး တွေလို့သာ စဉ်းစားကြောင်း'' ထိုင်းတောင်ပိုင်း ပဋိပက္ခနှင့် ဗုဒ္ဓဝါဒစာအုပ်ရေးသားသူ မီချယ်ဂျာ ရီဆန်က ဆိုသည်။ ဗုဒ္ဓဘာသာ သည် ခွင့် လွှတ်ခြင်း စိတ်ထား ရှိသည်။ သို့ရာတွင် ယခုဤသို့တွေ့ရန်ခက်သည်။ ၂၀၁၁ခုနှစ်တွင် ဝတ်လည်မောင်ကျောင်းမှ ဘုန်းကြီးဝတ်ချာရာပေါင်ဆုတသည် စစ်သားများ စောင့်ကြပ်ကာ ဘုရားဝတ်တက်နေစဉ် အဝေးထိန်း ဗုံးတစ်လုံး ဖြင့် ဖောက်ခွဲခံခဲ့ရ၍ အောက်ပိုင်းဒဏ်ရာ ရခဲ့သည်။ သူ့ကို တိုက်ခိုက်သူများအား အပြစ်မတင် ခဲ့ပါ။ ''မူဆလင်နေရာလဲ ငြိမ်းချမ်းရမယ်။ ဗုဒ္ဓ ဘာသာနေရာလဲ ငြိမ်းချမ်းရမယ်''ဟု ဘုန်းတော်ကြီး က ဆိုသည်။ ''မူစလင်ကို အပြစ်တင် ရင် သူကလဲ ငါတို့ကို အပြစ် တင်လိမ့်မယ်''ဟု ဝတ်ချာပေါင်ဆု တက ပြောခဲ့သည်။

သီဟ(ဘာသာပြန်ဆိုသည်)

Yangon Media Group