Home » » သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်တော့မည်

သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်တော့မည်

Written By Unknown on Monday, June 24, 2013 | 11:58 AM

သုဝဏ္ဏဘူမိမြို့ဟောင်းကို နေရာ သတ်မှတ်ရန် စာတမ်းဖတ်ပွဲကျင်းပပြီး နေရာသတ်မှတ်ပြီးပါက ရှေးဟောင်း သုတေသန ပညာရှင်များဖြင့် တူးဖော်သွား မည်ဟု မွန် ပြည်နယ် စီမံ/စီးပွား ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

စာတမ်းဖတ်ပွဲကို ပြည်နယ်အစိုးရက ဦးစီးကျင်းပခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သမိုင်းကြောင်းအရသော် လည်းကောင်း၊ ဒေသခံတို့၏ ပြောကြားချက်အရသော် လည်းကောင်း သုဝဏ္ဏဘူမိမြို့ဟောင်း နေ ရာသည် ၁ဝ နေရာခန့်ပင်ရှိနေသည်ဟု သူကဆိုသည်။

''သုဝဏ္ဏဘူမိရဲ့နေရာကို အဓိက သိ ချင်တာပေါ့ စာတမ်းရှင်တွေက အမျိုးမျိုး တင်ပြတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ရှေးဟောင်းသုတေသနအမြင်နဲ့ နေရာ သတ်မှတ်ပြီး တူးမှာပေါ့''ဟု သူကရှင်းပြ သည်။ ''တူးတာ တစ်နေရာပဲတွေ့ရင်လည်း တစ်နေရာပဲ တောက်လျှောက် တဖြည်း ဖြည်းလိုက်သွားမှာပေါ့''ဟုလည်း ဆက် ပြောသည်။

သုဝဏ္ဏဘူမိစာတမ်းဖတ်ပွဲကို လာ မည့် ဇွန် ၂၅ ရက်နှင့် ၂၆ ရက်တွင် ကျင်းပ သွားမည်ဖြစ်ပြီး ပထမရက်တွင် စာတမ်း များဖတ်ကြားပြီး ဒုတိယရက်တွင် မြို့ ဟောင်းနေရာ သတ်မှတ်ရန် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်သွားရန် စီစဉ်ထားကြ သည်။ ထိုပွဲတွင် စာတမ်းရှစ်စောင် ဖတ် ကြားမည်ဟုလည်း သတင်းရရှိသည်။

သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံ အောက်ပိုင်း သထုံခရိုင်အတွင်း၌ တည်ရှိ ခဲ့ပြီး မွန်ယဉ်ကျေးမှု ထွန်းကားခဲ့ကြောင်း သမိုင်းအထောက်အထားနှင့်တကွ ပြသ ရန် ၂ဝ၁၂ ခု နှစ် နိုဝင်ဘာက ''ရွှေအဆင်း ဝင်းသော သုဝဏ္ဏဘူမိ'' ခေါင်းစဉ်ဖြင့် ပထမအကြိမ် စာတမ်းဖတ်ပွဲကို မော်လ မြိုင်တက္ကသိုလ်မှကြီးမှူး ပြီး ကျင်းပခဲ့ဖူးသည်။

ထို စာတမ်းဖတ်ပွဲ သည် စာရေးဆရာ ချစ် စံဝင်းက ''မြန်မာ့ဘူမိဖြစ်စဉ်နှင့် ပျူတို့၏ ရှေး ဦးမြို့ပြနိုင်ငံ အခင်းအ ကျင်း''ဟူသည့် စာအုပ် တွင် သုဝဏ္ဏဘူမိ(သထုံ)ကို သထုံပျူမြို့၊ ဝင်းက ပျူမြို့ဟု ထည့်သွင်းရေး သားထားသဖြင့် သုဝဏ္ဏဘူမိသည် ပျူ တို့ ၏ မြို့ပြနိုင်ငံမဟုတ်ခဲ့ကြောင်း သက်သေ ပြရန် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထိုကဲ့သို့ သုဝဏ္ဏဘူမိနှင့်ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြသောကြောင့် မြို့ ဟောင်းနေရာ အတိအကျသိရှိ သတ်မှတ် နိုင်ရန် သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်ရေး အစီအစဉ်စီစဉ်ရခြင်းဖြစ်ကြောင်း ပြည်နယ် ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးကပြောသည်။

သို့သော် လက်ရှိလျာထားသည့် မြို့ ဟောင်းနေရာများသည် ဒေသခံတို့က ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်း မှုမရှိ ခြင်း၊ မြေကွက်များ ပြုလုပ်လိုက်ခြင်းတို့ ကြောင့် တူးဖော်ရာတွင် အခက်အခဲများ ရှိကြောင်း သူကဆိုသည်။

ယဉ်စနိုင်း
Mizzima - News in Burmese