Home » » သမ္မတကြီးထံ တိုက်ရိုက်ဖုန်းဆက်ခဲ့ရတဲ့ မိကျောင်းကန်ကိစ္စ

သမ္မတကြီးထံ တိုက်ရိုက်ဖုန်းဆက်ခဲ့ရတဲ့ မိကျောင်းကန်ကိစ္စ

Written By Unknown on Saturday, June 15, 2013 | 5:47 PM

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊မိကျောင်း ကန်အပိုင်(၁)၊(၂)နှင့်(၃)ရပ်ကွက် များကို တပ်စည်ပင်ကဇွန်(၁၃) ရက်နံနက်(၆း၀၀)တွင် ၀င်ရောက် ဖယ်ရှားခဲ့သည်။

ထို့သို့ဖယ်ရှားနေမှုအပေါ် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌဦးသိန်းညွှန့်(ပြည်သူလွှတ် တော်ကိုယ်စားလှယ်)နှင့်ဦးကျော် (တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်)တို့က ဖယ်ရှားဖျက်ဆီး ခြင်း မလုပ်ဖို့မေတ္တာရပ်ခံသည်။ ကိုယ်စားလှယ်များက လယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွက်ထံသို့ ဆက်သွယ် အကြောင်းကြားသည်။

ဖယ်ရှားဖျက်ဆီးခံနေရာသို့ ဥက္ကဋ္ဌဦးတင်ထွက်ကွင်းဆင်းပြီး ဖယ်ရှားခံပြည်သူများနှင့်တွေ့ဆုံခဲ့ သည်။
ဖယ်ရှားခံတစ်ဦးကတင်ပြရာ တွင်““အဘရယ် သမီးတို့က ဖယ် မပေးဘူးလို့မပြောပါဘူး။ဒီတစ်ရာသီလေးပဲ ဖြစ်ဖြစ်ခဏ နေချင်တာပါ၊ဒီကနေပြောင်းပြီး ဘယ်မှာ သွားလုပ်ရမှာလဲ၊ လုပ်စရာလည်းမရှိသလို၊သမီးတို့ ကအညာဒေသကနေ ဒီမှာ အလုပ်လာလုပ်ကြတော့ နေစရာ လည်းမရှိတော့ဘူး၊ကယ်ပေးပါ။ သမီးတို့ဒီလုပ်ငန်းကို သိန်းပေါင်း များစွာ အကုန်ကျခံရင်ထားရတာ ပါ။သမီးတို့ကို နေရာတစ်နေရာ သတ်မှတ်ပေးပါ။ဝယ်ဆိုလည်း ၀ယ်မယ်၊ငှားဆိုလည်းငှားမည်”” ဟု ပြောသည်။
စုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွက်က““သမီးတို့ကို ပြောချင်တာသည်းခံစိတ်ရှည်ပါ။ သမီးတို့တင်ပြသလိုဖြစ်မလာရ ကောင်းသလားဆိုပြီး ကိုယ်စား လှယ်တွေကို တစ်မျိုးမထင်ပါနဲ့။ တိုင်းပြည်ရဲ့အုပ်ချုပ်ရေး တရား စီရင်ရေးဝင်ပြီးစွပ်ဖက်လို့မရဘူး။ ၊ကိုယ်စားလှယ်တွေအနေနဲ့ဥပဒေ ပြုရေးကိုသာ ဆွေးနွေးတင်ပြလို့ ရပါတယ်၊ဒါကိုနားလည်ရမယ်။ အခုသမ္မတဆီကိုလည်းဖုန်းဆက်ပြီး  တင်ပြပြီးပါ ဆက်လက်ဆောင် ရွက်ဖို့အတွက် လုပ်နေပါတယ်။ သမ္မတကြီးကို တင်ပြထားတဲ့ အတွက် အကြမ်းပတမ်းနည်း တွေနဲ့ ရိုက်တာနှက်တာတွေ မလုပ်ဖို့ကို သမီးအနေနဲ့လူထုကို နားလည်အောင်ပြောပေးပါ။အခု လိုဖယ်ရှားတဲ့ပုံစံကိုလည်း မကြိုက်ဘူး။ဘာကြောင့်လဲ ဆိုတော်ကျွတ်လမ်းလျှောက်သလို  ရွှေ့ပေးရမယ်။ဒီနေရာမှတည်ငြိမ် မှနောက်တစ်နေရာကို ရွှေ့ပေးရ မယ်။ရွှေ့တဲ့နေရာမှာလည်းတပ်မ တော်အနေနဲ့ ကားတွေစီစဉ်ပေး ရမယ်၊မိုးထဲမှာဒီလိုဖယ်ရှားလိုက် တော့သူတို့ဘယ်လိုနေထိုင်ကြမလဲ။ ဒီလိုဖယ်တာကိုလက်မခံဘူး၊ အကြမ်းပတမ်းနည်းသုံးလဲ မကြိုက်ဘူး၊မလုပ်ရဘူးလို့မပြော ဘူး၊နစ်နာသူတွေကိုတရား ဥပဒေအရ နစ်နာသူတွေ အတွက် အခွင့်ရေးတွေပေးရ မယ်။အခုလိုလုပ်တဲ့ပုံစံတွေက တိုင်းပြည် ပြန်လည်တည် ဆောက်ရေးမှာ အစိုးရပေါ်ရော၊တပ်မတော်အပေါ် မှာရော၊ လူထုကအကြည်ညှိ ပျက်စေတယ်”” ဟုပြောကြား သည်။

““အခုကိစ္စက အိမ်ရှင်၊အိမ် ငှားပြဿနာဖြစ်သွားတယ်။ ဒီဥပဒေက ၁၉၆၀ကပြဌာန်း ထားတယ်။အိမ်ငှားဖယ်မပေး ဘူးဆိုရင် တရားရုံးမှာ ဦးတိုက် လျှောက်ရတယ်။ဒီလိုပုံစံမျိုး မဖြေရှင်းသင့်ဟု””ဦးသိန်းညွှန့် (ပြည်သူလွှတ်တော်ကိုယ်စားလှယ်) က ပြောသည်ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကို တင်ပြသွား မည်ဟုသိရသည်။

မျိုးကျော် - The Hot News Weekly