Home » » မန်းတွင် ကောလာဟလ လုပ်ဆောင်သူ များကိုစုံစမ်းနေ ၄င်းတို့ကို တရားစွဲဆို သွားမည်ဟုဆို

မန်းတွင် ကောလာဟလ လုပ်ဆောင်သူ များကိုစုံစမ်းနေ ၄င်းတို့ကို တရားစွဲဆို သွားမည်ဟုဆို

Written By Unknown on Wednesday, June 5, 2013 | 4:39 PM

မန္တလေး-ဇွန်၅

မန်း၃၅၊၃၆လမ်းရှိ အထက(၃) စာသင်ကျောင်းအား ယနေ့နံနက်၁၀ နာရီ အချိန့်ခန့်က လူတစ်စုမှ အော်ဟစ်သွား သဖြင့် ရုတ်ရုတ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ကျောင်းသားတွေ တချို့ကိုသာ မိဘတွေ အိမ်ပြန်ခေါ်သွားတာ တချို့ကျောင်းထဲမှာပဲ ရှိပါသေးတယ်
ဟုအဆိုပါကျောင်း အနီးရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင်မြို့နယ်ရဲမှူး၊ ခရိုင်ရဲမှူး သက်ဆိုင်ရာ စခန်းမှူးများမှာ ကောလဟာလ ဖြစ်ပွားခဲ့သော နေရာများကို လိုက်လံ ကြည့်ရှူခြင်း ပြုလုပ်နေသည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ဦးစိုးငြိမ်း က ပြောသည်။

မနက်ကဆိုင်ကယ်၃၊ ၄စိးနဲ့ လူ၎၊၅ယောက်က အော်သွားတာ ဘာမှ မဖြစ်ပါဘူး၊ စုံစမ်းနေတယ် မိလို့သေချာရင် တရားစွဲဆိုသွားမှာပါဟု ၄င်းကပြောသည်။

ကောလဟလများ မဖြစ်ရန်အတွက် ရပ်ကွက်အသီးသီးရှိ ကော်မတီ အသီးသီးနှင့် ပူးပေါင်းကာ ထိန်းသိမ်းမှူများ ပြုလုပ်ခြင်း၊ ပြည်သူများ ကောလဟာလ မယုံရန်ပြောခြင်းများ ပြုလုပ်မည်ဟု ရဲမှူးဦးစိုးငြိမ်းက ပြောသည်။

လက်ရှိတွင်အမှတ် (၃)စာသင်ကျောင်းရှိကျောင်းသား၊ ကျောင်းသူများ အေးချမ်းမှူရှိရန် ကျောင်း တံခါးပေါက် နှစ်ခုလုံးအား ပိတ်ထားသည်ဟု အဆိုကျောင်း အနီးတွင် နေထိုင်သူများမှ ပြောသည်။ ကောလဟာ လကြောင့် မန္တလေးနည်း ပညာတက္ကသိုလ်မှ ကျောင်းသား အချို့အားမိဘများမှ ဖုန်းဆက်ခေါ် ယူမှူရှိကြောင်း သိရသည်။

စိုင်းလမင်း - Popular Myanmar News Journal