Home » » သုံးခွမြို့ နယ် လျှပ်စစ်ဦးစီး ဌာန အား တရားဝင် ကန့် ကွက် ဆန္ဒထုတ် ဖော်ပွဲ ကျင်းပမည်

သုံးခွမြို့ နယ် လျှပ်စစ်ဦးစီး ဌာန အား တရားဝင် ကန့် ကွက် ဆန္ဒထုတ် ဖော်ပွဲ ကျင်းပမည်

Written By Unknown on Thursday, June 13, 2013 | 5:27 PM

ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်း ခရိုင် သုံးခွမြို့  နယ် လျှပ်စစ်ဦးစီး ဌာန အား ပထမဆုံး တရားဝင်ခွင့်ပြုမိန့် ရ ဆန္ဒပြပွဲကို လာမည့် ဇွန်လ ၁၈ ရက်နေ့ အင်္ဂါနေ့ တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

သုံးခွမြို့  နယ် လျှပ်စစ်ဦးစီး ဌာနမှ လျှပ်စစ် ဒစ်ဂျစ်တယ် မီတာ များ ကို လမ်းမီး တိုင်များ တွင် လဲလှယ် တပ်ဆင် ပြီး သည့် အချိန် မှ စတင် ၍ လျှပ်စစ်သုံးစွဲ ခများ အဆမတန် ပေးဆောင် နေခြင်း ကို ကန့် ကွက် ဆန္ဒ ပြရန် ဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲကို သုံးခွမြို့ နယ် မှ အမေ့အိမ် ပညာဒါနကျောင်း အဖွဲ့ ဝင်၊ TRI လူ မှုရေးကွန်ရက် အဖွဲ့ ဝင်၊ သုံးခွ မြို့  နယ် ပြည်သူ့ ဆေးရုံ ဘက်စုံ ပြုပြင် မွမ်းမံရေး ကော်မတီဝင် ဦးညွန့်  မောင်မှ ဦး ဆောင်ပြီး သုံးခွမြို့ နယ် အုပ်ချုပ်ရေးမှူး မှ ခွင့် ပြုမိန့် ဖြင့် ကျင်း ပမည် ဖြစ်ကြောင်း သိရသည်။

သုံးခွမြို့ နယ်လျှပ်စစ် ဦးစီး ဌာနသည် ပြီးခဲ့သည့် နှစ်ကလည်း လျှပ်စစ်မီးလာရေး အတွက်  မြို့ ခံလူထုက ဖယောင်းထွန်း  ဆန္ဒထုတ် ဖော် ခြင်း ခံရသော ဌာန ဖြစ်သည်။

ဆန္ဒပြပွဲ အစီအစဉ် ကိုအောက်ပါအတိုင်းကျင်း ပမည် ဖြစ် ပါသဖြင့် ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ် ပါကြောင်း ဦးဆောင် ကျင်းပသူများက Myanmar News Now ကို သတင်းပေးပို့ ထားပါသည်။

စုဝေးနေရာ ------ သုံးခွမြို့ ၊ အမှတ် (၉) ရပ်ကွက် လမ်းဆုံ

နေ့ ရက်     ------ ၁၈-၆-၂၀၁၃ (အင်္ဂါနေ့ )

အချိန်        ------- နေ့ လည် (၁၁:၀၀)နာရီ မှ (၂:၀၀)နာရီအထိ။

တန်းစီလှည့်လည်မှုလမ်းကြောင်း ----- အောင်ဇေယျလမ်း၊ ဘုရင့်နောင်ကစားကွင်းဘေး။