Home » » ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကျင်းပ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကျင်းပ

Written By Unknown on Thursday, June 20, 2013 | 4:11 AM

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ကို ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုံးချုပ်မှာ ကျင်းပ ခဲ့ကြပါတယ်။

အဲဒီကို ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတိုင်း လူစည်ကား တတ်ပေမယ့် မွေးနေ့ ကျရောက် နေလို့ ခါတိုင်း ထက်ပိုပြီး စည်ကား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မြင်ချင်လို့၊ သူ့ရဲ့ အသံကို ကြားချင်လို့ ၊ နုတ်ဆက်ချင်လို့ စသည်ဖြင့် ရောက်လာကြတဲ့ လူအုပ်ကြီးက ထောင်နဲ့ ချီပြီး ရှိနေပါတယ်။

မွေးနေ့ပွဲကို တက်ရောက် လာကြတဲ့ ဗြိတိန်၊ အမေရိကန်နဲ့ တရုတ် သံအမတ် ကြီးတွေတောင် မနည်း တိုးဝှေ့ပြီး ဝင်ခဲ့ရပါတယ်။

ပွဲကျင်းပရာ ခမ်းမထဲမှာ ရှေ့ကို ရောက်ဖို့တောင် မနည်း တိုးဝှေ့ နေရပေမယ့် အခုလို လာရတာကို ပျော်ပါတယ်လို့ မိုးညိုမြို့က လာခဲ့သူ တဦးက ဘီဘီစီကို ပြောပါတယ်။ သူ့လိုပဲ အနယ်နယ် အရပ်ရပ်က ရောက်လာ ကြသူတွေရော၊ ဒဂုံတို့ လှိုင်သာယာ တို့လို ရန်ကုန်အနီး တဝိုက်က လာကြသူ တွေရောရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် မေတ္တာ စေတနာ တွေနဲ့ ဆုတောင်းပေး ကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပန်းခြင်းတွေ လက်ဆောင်ပေးကြ၊ မွေးနေ့ ကိတ်မုန့် ခွဲကြနဲ့ အပြီးမှာတော့ မွေးနေ့ပွဲကို ရောက်လာကြတဲ့ အနုပညာရှင် တွေက သီချင်းတွေနဲ့ ဖျော်ဖြေ ခဲ့ကြပါတယ်။

ဘီဘ်ီစီ (မြန်မာပိုင်း)