Home » » ဂျပန်က မြန်မာနိုင်ငံသားများကို Multiple- entry ဗီဇာ ခွင့်ပြုပေးမည်

ဂျပန်က မြန်မာနိုင်ငံသားများကို Multiple- entry ဗီဇာ ခွင့်ပြုပေးမည်

Written By Unknown on Friday, January 17, 2014 | 4:06 PM

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ဗီဇာခွင့်ပြုချက် ဖြေလျော့ပေးတဲ့အနေနဲ့ မကြာမီ Multiple- entry ဗီဇာ အမျိုးအစားကိုပါ ခွင့်ပြုပေးတော့မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

JapanVisaဒီ Multiple- entry ဗီဇာ ရဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှာ သီးသန့် လျှောက်ထားရမှာ ဖြစ်ပြီး ဗီဇာရရှိသူဟာ ၁ ကြိမ်ကို ၁၅ ရက်နဲ့ ၃ နှစ်တာ ကာလအတွင်း ဂျပန်ကို အကြိမ်ကြိမ် ၀င်ထွက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီလို Multiple- entry အပြန်အလှန်ပေးဖို့ နှစ်နိုင်ငံ သဘောတူထားပြီ ဖြစ်ပေမယ့် ဗီဇာရဖို့ ဘယ်လိုအရည်အချင်းနဲ့ ပြည့်မီရမယ်၊ ဘယ်လိုလူတွေ လျှောက်ထားနိုင်တယ်၊ ဘယ်အချိန်မှာ ဗီဇာ စ ထုတ်ပေးနိုင်မလဲ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ရန်ကုန် ဂျပန်သံရုံး ဗီဇာဌာန တာဝန်ရှိသူတယောက်က ဖြေကြားပါတယ်။

လက်ရှိ ဂျပန်ကိုသွားတဲ့ မြန်မာနိုင်ငံသားတွေဟာ တကြိမ်အတွက် တကြိမ် ဗီဇာ လျှောက်ထားကြရတာ ဖြစ်ပါတယ်။

 By ဒီဗွီဘီ