Home » » ကျောက်ဆည်တွင် ယာဉ်ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင် နေစဉ် ကားတိုက်ခံရပြီး သေဆုံး

ကျောက်ဆည်တွင် ယာဉ်ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင် နေစဉ် ကားတိုက်ခံရပြီး သေဆုံး

Written By Unknown on Friday, January 17, 2014 | 4:11 PM

မန္တလေး၊ ဇန်န၀ါရီ ၁၇

တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦး မန္တလေးမှ ရန်ကုန်သို့သွားသော ကား အားစစ်ဆေးရန်လက်ပြတားစဉ် ၀င်တိုက်မှုကြောင့် ဦးခေါင်းထိခိုက်ကာ သေဆုံးမှုတစ်ခု ကျောက်ဆည်မြို့ နယ်တွင်ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှ ယခုလ ၁၆ရက်နေ့တွင် ကျောက်ဆည်ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့အုပ်စုနှင့် မြို့နယ်ရဲ့တပ်ဖွဲ့ အုပ်စုတို့ ပူးပေါင်းကာ ကျောက်ဆည်မြို့တောင်ဘက် ထနောင်းပင်လှကျေးရွာအနီး ယာဉ်စည်းကမ်းလမ်း စည်းကမ်းလိုက်နာစေရန်ဆောင်ရွက်နေစဉ် မန္တလေးဘက်မှ ကရန်ကုန်သို့ မောင်းနှင်းလာသော လိုက်ထရပ်အဖြူ ရောင်ယာဉ်အား ကျောက်ဆည်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လ ၁၈၂၆၇၂ ရဲတပ်ကြပ်ဝင်းတင် ၃၈နှစ်၊ က လက်ပြတားစဉ် ၀င်တိုက်ရာမှ နောက်စေ့ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ကျောက်ဆည်ဆေးရုံ သို့ ပို့ဆောင်ကုသခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့နောက်ယာဉ်မောင်းအား ယာဉ်(ပ) ၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈အရအမှုဖွင့်ခဲ့ပြီး ယာဉ်ထိန်းရဲမှ မသက်သာသဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် စဉ် လမ်းတွင်သေဆုံးသွားသောကြောင့် ပြစ်မှုပုဒ်မ ၃၀၄သို့ ပြောင်းလဲဖွင့်လှစ်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖိုးလပြည့်

Popular Myanmar News Journal