Home » » မြန်မာနိုင်ငံထွက်ကျောက်မျက်သယံဇာတများ အိမ်နီးချင်းနိုင်ငံများကို လုပ်ကျွေးသလိုဖြစ်နေဟုဆို

မြန်မာနိုင်ငံထွက်ကျောက်မျက်သယံဇာတများ အိမ်နီးချင်းနိုင်ငံများကို လုပ်ကျွေးသလိုဖြစ်နေဟုဆို

Written By Unknown on Friday, January 10, 2014 | 3:14 PM

[ နိုင်နိုင်ဇော် ၊ ရန်ကုန် ၊ ဇန်န၀ါရီ ၉ ]

မြန်မာနိုင်ငံ ၏ကျောက်မျက်သယံဇာတများ မှာ အိမ်နီးချင်းနိုင်ငံများချမ်းသာ ကြယ်ဝရေးအတွက် လုပ်ကျွေး နေသလိုဖြစ်နေကြောင်း ကျောက် မျက်လုပ်ငန်းရှင်များက ဝေဖန် ပြောကြားလိုက်သည်။

နိုင်ငံရေမြေနှင့် သဘာဝ တွင်းထွက်သယံဇာတပေါများ သော်လည်း ကုန်ချောမထုပ်ပိုး နိုင်ခြင်းကြောင့် အိမ်နီးချင်းနိုင် ငံများအတွက် ကျောက်အကြမ်း ထည်ထုတ်လုပ်ရာ ဈေးကွက် ဖြစ်နေသည်ဟု ကျောက်မျက် လုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးတေဇက ““မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်မီကျောက်မျက် တွေထွက်ပြီး အခုအချိန်အထိ ကုန်ချောထုတ်လုပ်နိုင်မှုမရှိဘူး ဖြစ်နေတယ်။ တရုတ်နိုင်ငံက ဖျင်ကျိုး၊ ကျန်းရန်၊ ဆုခွေမြို့ သုံးခုဆိုရင် မြန်မာကျောက်မျက် ကို အခြေခံပြီးတိုးတက်လာတဲ့ မြို့ကြီးတွေ၊ ဒီမှာအခုချိန်အထိ ဒီလိုဖွံ့ဖြိုးသွားတာ ဘာမှမရှိသေး ဘူး၊ အားလုံးကကျောက်အကြမ်း ထည်တင်ပို့နေကြရတယ်””ဟု ဆိုသည်။

ကျောက်မျက်အသင်းမှ ကျောက်အချောထည် ဈေးကွက် ပေါ်ပေါက်ရေးအတွက် အစိုးရ ပိုင်းမှ မူဝါဒပြောင်းလဲရေး၊ နည်း ပညာဆိုင်ရာပံ့ပိုးမှုများ၊ မလို လားအပ်သည့်ဥပဒေများအား ဖျက်သိမ်းရေး၊ နိုင်ငံတော်အ ခွန်ငွေလစ်ဟင်းမှုမရှိစေရန်နှင့် လုပ်ငန်းရှင်များ အခွန်ဆောင် စေရန်အတွက် သင့်တင့်မျှတ သော အခွန်နှုန်းထားများသတ် မှတ်ရန်လိုအပ်ကြောင်း ကျောက် မျက်ရတနာလုပ်ငန်းရှင်များက ပြောသည်။

ဧရာဝတီမန်းကျောက်မျက် ရတနာလုပ်ငန်းရှင် ဦးထွန်းလှ အောင်က ““အခွန်တွေက အရမ်း များလို့ရှောင်ရင် အစိုးရအခွန် တွေကို လျှော့ချဖို့တွေလိုအပ် တယ်။ မူဝါဒတွေပြောင်းလဲဖို့အ တွက်လဲ ဥပဒေတွေကိုလွှတ် တော်တင်ဖို့တွေရှိနေတယ်။ အ ခုဆိုရင် တရားမ၀င်နယ်စပ်တွေ ကနေ ထွက်နေတာတွေရှိနေ တယ်။ အဲဒီတော့ဘယ်သူက ပိုအကျိုးရှိလဲလို့ကြည့်ရင် အိမ် နီးချင်းနိုင်ငံတွေပဲ အကျိုးရှိသွား တယ်။ မြန်မာက ကျောက်ထွက် ပြီး အိမ်နီးချင်းနိုင်ငံတွေကို လုပ် ကျွေးသလိုဖြစ်နေတယ်””ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း ကုန် ချောအဆင့်ထုတ်လုပ်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ်နှင့် ကုန်ကြမ်းပစ္စည်းပိုင်းတွင် အ ဆင်သင့်ရှိနေသော်လည်း နည်း ပညာနှင့် ကျောက်မျက်ဆိုင်ရာ အလုပ်ရုံများ တည်ထောင်ရန် လိုအပ်နေဆဲဖြစ်ပြီး ယင်းလုပ် ငန်းများတည်ထောင်ရန်အတွက် အစိုးရပိုင်းပံ့ပိုးမှုနှင့် ငွေကြေး ဆိုင်ရာအရင်းအနှီးများစွာလို အပ်နေဆဲဖြစ်သည်ဟုယင်းက ထပ်မံပြောသည်။

တန်ဖိုးမြင့်မထုတ်နိုင်ခြင်း ကြောင့် ကုန်ကြမ်းအနေဖြင့် ရောင်းလိုက်သော ကျပ်သိန်း ၁၀၀တန်ကျောက်မျက်မှာ တန် ဖိုးမြင့်အဆင့်သို့ ရောက်ရှိလာ ပါက သိန်း ၁၀၀၀အထိ တန်ဖိုး တက်လာခြင်းကြောင့် မြန်မာ့ ကျောက်မျက်ဈေးကွက်မှာ ဖွံ့ ဖြိုးသင့်သလောက်မဖွံ့ဖြိုး ကြောင်း၊ ရေရှည်ဖွံ့ဖြိုးရေးအ တွက် နိုင်ငံတကာအဆင့်မီ ကျောက်မျက်အရောင်းစင်တာ များဖွင့်လှစ်နိုင်ရန်များစွာလို အပ်နေဆဲဖြစ်ကြောင်း အဆိုပါ အသင်းမှ သိရသည်။

Yangon Media Group