Home » » ဗိုလ် ဗထူး တန်ဖိုး မျှတ အိမ်ရာ တိုက်ခန်းများအား စိတ် ၀င်စား သူများ နေ

ဗိုလ် ဗထူး တန်ဖိုး မျှတ အိမ်ရာ တိုက်ခန်းများအား စိတ် ၀င်စား သူများ နေ

Written By Unknown on Friday, January 10, 2014 | 3:19 PM

[ သက်သျှိုင်းသူ ရန်ကုန်၊ ဇန်န၀ါရီ ၉ ]

ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာတိုက်ခန်း များ လျှောက်လွှာလက်ခံသည့် ပထမနေ့တွင် လူပေါင်းထောင် ချီကာ လာရောက်စုံစမ်းခဲ့ ကြောင်း သိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများအား ၀ယ် ယူလိုသူများအနေဖြင့် လျှောက် လွှာပုံစံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန၌ ဇန်န၀ါရီ ၆ရက်တွင် လျှောက်လွှာများ ခေါ်ယူသောပထမဆုံးနေ့တွင် လာရောက်စုံစမ်းသူမှာ ၁၀၀၀ ကျော် လာရောက်မေးမြန်း ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ သိရသည်။

““လျှောက်လွှာတွေ လက် ခံတဲ့ ပထမဆုံးနေ့မှာ လျှောက် လွှာလာတင်တဲ့သူက ၂၄စောင် ပါ။ လူ၁၀၀၀ကျော်လောက်က သူတို့လျှောက်ဖို့အတွက် လာ စုံစမ်းကြတယ်။ လျှောက်လွှာ တွေကို ကျွန်တော်တို့က မ ရောင်းပါဘူး။ ကျွန်တော့်ဌာန မှာ တိုက်ခန်းလျှောက်လွှာ၊ ထောက်ခံချက်စာရွက်ကို ကပ် ပေးထားပါတယ်။ လာလျှောက် ချင်တဲ့သူတွေအနေနဲ့ အဲဒီ တိုက်ခန်းလျှောက်လွှာနဲ့ထောက် ခံချက်ကို ကိုယ်တိုင်လက်ရေး မူနဲ့ရေးပြီး လျှောက်လွှာတင်ရ ပါမယ်””ဟုရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ် ရာတိုက်ခန်းများအား ၀ယ်ယူ လိုသူများအနေဖြင့် လျှောက် လွှာပုံစံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနတွင် လာ ရောက်ကြည့်ရှု၍ လျှောက် လွှာများကို ၂၀၁၄ခုနှစ်ဇန်န၀ါ ရီ၁ရက်မှ စတင်၍လက်ခံလျက် ရှိပြီး ဇန်န၀ါရီ ၃၁ရက်နောက် ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
““ကျွန်တော်တို့က မနေ့ က သတင်းစာမှာ တွေ့လို့စိတ် ၀င်စားလို့ လာစုံစမ်းတာပါ။ လျှောက်လွှာက ကွန်ပျူတာစာ စီနဲ့မဟုတ်ဘဲ လက်ရေးမူနဲ့ရေး ပြီး တင်ရမယ်လို့သိရပါတယ်။ နောက်ပိုင်းကျရင် ဒီလိုမျိုးတိုက် ခန်းတွေကို အရစ်ကျရောင်း ပေးမယ်ဆိုရင် ပိုကောင်းပါ တယ်။ ကျွန်တော်တို့လို လူလတ် တန်းစားတွေအတွက် အိမ်ပိုင် လေးနဲ့နေနိုင်ဖို့ အရစ်ကျစနစ် တွေနဲ့ လူကြီးတွေက ရောင်းချ ပေးမှသာအဆင်ပြေမှာပါ””ဟု တောင်ဒဂုံမြို့နယ်တွင်နေထိုင် သူ ကိုသူရိန်က ပြောသည်။

ရောင်းချမည့်တိုက်ခန်း ဈေးနှုန်းများမှာ U900 အမျိုး အစားတွင်ွှပစနဗ၌ စတုရန်း ပေ ၉၂၇ပေရှိ အခန်း၉၀အား တစ်ခန်းလျှင် ကျပ်၃၄၇သိန်း ဖြင့်လည်းကောင်း Type A တွင် စတုရန်းပေ ၈၇၇ပေရှိ အခန်းခြောက်ခန်းရှိပြီး တစ် ခန်းလျှင် ကျပ်၃၂၉သိန်းဖြင့် လည်းကောင်း၊ U 600 အမျိုး အစားတွင်Type B တွင် စတု ရန်းပေ ၆၁၄ပေရှိအခန်း၃၃၀ ရှိပြီး တစ်ခန်းလျှင်ကျပ်၂၅၅ သိန်းဖြင့်လည်းကောင်း Type B တွင် စတုရန်းပေ၅၆၅ပေရှိ အခန်း ၂၂ခန်းရှိပြီး တစ်ခန်းလျှင် ကျပ်၂၃၇သိန်းဖြင့်လည်း ကောင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ် ရာ တိုက်ခန်းဝယ်ယူလျှောက် ထားသူသည် ပြည်ထောင်စုမြန် မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး အစိုးရ၀န်ထမ်းဖြစ်ပါကလုပ် သက်အနည်းဆုံး အနှစ်၂၀ရှိ ရမည်ဖြစ်ပြီး အခြားပြင်ပမှ လျှောက်ထားသူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင် သူ(အိမ်ထောင်ဦးစီး)သည် အ သက်၂၅နှစ်ထက်မငယ်သူ ဖြစ် ရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်း(သို့)ကုမ္ပဏီ ၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာန၏ အကြီးအကဲထောက်ခံ ချက် ပါရမည်ဖြစ်ပြီး အဆိုပါ တိုက်ခန်းများအား နည်းလမ်း နှစ်သွယ်ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး (က)အရစ်ကျစနစ်ဖြင့် ၀ယ်ယူရန်၊ (ခ)ဘဏ်ချေးငွေ ဖြင့်ဝယ်ယူရန်နှင့် ဘဏ်ချေး ငွေမှာ လေးနှစ်အများဆုံးသတ် မှတ်ထားကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

““ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာတိုက်ခန်းတွေကို အမှန် တကယ် ၀ယ်ယူမယ့်သူတွေကို ပဲ ရောင်းချပေးသွားမှာပါ။ ၀ယ် ယူထားတဲ့သူတွေက ငါးနှစ်အ တွင်းမှာ ရောင်းချတာတွေ၊ ငှား ရမ်းတာတွေတွေ့ရင် အရေးမ ယူဘူး။ အဲဒီတိုက်ခန်းတွေကို ပြန်သိမ်းယူမယ်။ အရစ်ကျစ နစ်နဲ့ ဘဏ်ချေးငွေစနစ်ကို ၀ယ်ယူမယ့်သူတွေ ဘယ်လိုပြန် ဆပ်ရမယ်ဆိုတာ တိုင်းဒေသ ကြီးအစိုးရက ဆုံးဖြတ်ပေးမှာ ပါ””ဟု ပြောသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ် ရာတိုက်ခန်းများကို လျှောက် ထားသူ၏(မိသားစု)ပျမ်းမျှလ စဉ်ဝင်ငွေ စုစုပေါင်းအနည်းဆုံး ကျပ်သုံးသိန်းရှိရမည်ဖြစ်ပြီး လျှောက်ထားသူ၏ (ဆွေမျိုးများ ပါသောမိသားစု)ပျမ်းမျှလစဉ် ၀င်ငွေစုစုပေါင်း ခုနစ်သိန်း အောက် ရှိရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူသည် နိုင်ငံ့ဝန် ထမ်းအငြိမ်းစားဖြစ်ပါက ယင်း တို့၏စုဆောင်းငွေဖြင့် အရစ် ကျငွေချေစနစ်ဖြင့် ၀ယ်ယူခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group