ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးမှာ ဦးခေါင်း သေနတ်ဖြင့် ပစ်ခတ်ခံ ရ၍ သေဆုံးခဲ့ ကြောင်း ရှမ်းပြည် နယ်မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက် တာစိုင်းလက Popular News သို့ ပြောသည်။
ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ပြီး မိုင်းလုံမြို့နယ်ခွဲ တော့ဆန်ကျေးရွာ ပါတီ တာဝန်ခံလည်း ဖြစ်သူ အသက် ၅၇ နှစ်အရွယ်ရှိ ဦးအောင်မြင့်သည် ဇန်နဝါရီလ ၃ ရက် ညနေပိုင်းက ၄င်း၏လက်ဖက်ခြံမှ အပြန် တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း ဒေါက်တာ စိုင်းလ က ပြောသည်။
”ကျွန်တော်တို့အတွက် ဒီလိုလူမျိုး ဆုံးရှုံးလိုက်ရတာ တော်တော်နှမြော တယ်” ဟု ဒေါက်တာစိုင်းလက ဆက် ပြောသည်။
ဦးအောင်မြင့်အား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ပါတီ အတွင်းရေးမှူးက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ဖွဲ့ပြီးနောက် မြို့နယ်အဆင့်ရှိ ပါတီကော်မတီဝင်တစ် ဦး သေနတ်ပစ်ခံရ၍ သေဆုံးရခြင်းမှာ ပထမဦးဆုံး ဖြစ်သည်။ ထိုအမှုကို ကျောက်မဲရဲစခန်းက အမှုဖွင့်ထားပြီး တရားခံကို ရှာဖွေမှု ပြုလုပ်နေသည်ဟု ဒေါက်တာ စိုင်းလထံမှ ထပ်မံ သိရသည်။
Popular Myanmar News Journal