Home » » မြန်မာ့လေကြောင်း ဘိုးရင်းလေယာဉ်သစ် ၁၀ စင်း ၀ယ်မည်

မြန်မာ့လေကြောင်း ဘိုးရင်းလေယာဉ်သစ် ၁၀ စင်း ၀ယ်မည်

Written By Unknown on Wednesday, January 15, 2014 | 8:48 PM

နန္ဒ၊ ထိုက်သူဇော်၊ နေပြည်တော်၊ ဇန်န၀ါရီ-၁၄

၂၀၁၅ ခုနှစ်မှ စတင်၍ ငါးနှစ်အတွင်း မြန်မာ့လေကြောင်းအတွက် ဘိုးရင်းကုမ္ပဏီမှ လေယာဉ်အသစ် ၁၀ စင်း ၀ယ်ယူသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဇန်န၀ါရီ ၁၄ ရက်၌ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ဒုတိယနေ့ ရပ်နားချိန်တွင် ပြောကြားသည်။

' ၂၀၁၅ ကစပြီးတော့ မြန်မာ့လေကြောင်းအတွက် နောက်ဆုံးပေါ် ဘိုးရင်း 737 New Generation လေယာဉ်သစ်ကို တစ်နှစ်နှင်းစင်းနှုန်းနဲ့ သုံးနှစ်မှာ ခြောက်စင်းဝယ်ဖို့ လုပ်ထားတာရှိတယ်။ ခြောက်စီးပြည့်သွားရင် ဘိုးရင်းကပဲ နောက်ထပ်လေးစင်းထပ်ဝယ်မယ်။ ငါးနှစ် အတွင်း စုစုပေါင်း ၁၀စင်း ၀ယ်မယ်။ ပြည်တွင်းမှာလည်း သုံးမယ်။ ပြည်ပခရီးစဉ်ကို ကိုရီးယားနဲ့ ဂျပန်ကိုဆွဲဖို့ စီစဉ်ထားတယ် ' ဟု ၀န်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် ခရီးသည် ၀င်ရောက် မှုမှာ ၃၅ ရာခိုင်နှုန်းထိ တိုးတက်လာပြီး နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်း အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ATR 72-600 ခရီးသည်တင်
လေယာဉ်နှစ်စင်း၊ Cessna 208 B လေယာဉ် နှစ်စင်း၊ ဘိုးရင်း 737-800 လေယာဉ်နှစ်စင်းအားဖြည့်ပြေးဆွဲ သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု လွှတ်တော်၌ ပြောကြားခဲ့သေးသည်။

' ဘိုးရင်းက လေယာဉ်သစ်တွေ ၀ယ်မယ့်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကလည်း အတည်ပြုပြီးပြီ။ ဂျီအီးကုမ္ပဏီနဲ့လည်း လက်မှတ်ထိုး ပြီးပြီ ' ဟု ၎င်းက အတည်ပြု ပြောကြားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ