Home » » မောင်တော ဘင်္ဂါလီရွာ၌ ပျောက်ဆုံးသွားသော ရဲတပ်ကြပ်ကြီး ၏ ဖြစ်စဉ် သေမှုသေခင်း အမှုဖွင့် စုံစမ်းစစ်ဆေး

မောင်တော ဘင်္ဂါလီရွာ၌ ပျောက်ဆုံးသွားသော ရဲတပ်ကြပ်ကြီး ၏ ဖြစ်စဉ် သေမှုသေခင်း အမှုဖွင့် စုံစမ်းစစ်ဆေး

Written By Unknown on Saturday, January 18, 2014 | 4:56 PM

ရန်ကုန် ဇန်နဝါရီ ၁၇

မောင်တောမြို့နယ် ဒုချီးရာတန်း(ဘင်္ဂါလီ ရွာ)၌ ပျောက်ဆုံးသွားသော ရဲတပ်ကြပ်ကြီး ၏ဖြစ်စဉ်ကို အမှုဖွင့်စုံစမ်းစစ်ဆေးနေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းမှာ ယခုလ ၁၃ရက်က ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ''သေမှုသေခင်းနဲ့အမှုဖွင့်ပြီး စုံစမ်းစစ်ဆေး နေတယ်။ ဘာမှတော့မထူးခြားသေးပါဘူး'' ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စာရေးဦးသန်း ထွန်းဦးနှင့်ဆယ်အိမ်မှူး ဦးအောင်သန်း၊ ဦးမောင်သိန်းလှတို့နှင့်အတူ လှည့်ကင်းဆောင် ရွက်ရာ ည ၉နာရီခွဲတွင် ကင်းချောင်း (ရခိုင် ရွာ)မှတစ်ဆင့် ဒုချီးရာတန်း(ဘင်္ဂါလီရွာ)သို့ ရောက်ရှိခဲ့ကြောင်း၊ ရွာစာသင်ကျောင်းအနီး တွင် ဘင်္ဂါလီစကားဖြင့်အော်ဟစ်ကြကြောင်း၊ ရဲတပ်ဖွဲ့က ငါတို့လှည့်ကင်းလုပ်နေတာ၊မင်းတို့ အေးအေးနေဟုပြောရာ ဓားနဲ့ခုတ်ဟုအော်ပြီး ဝိုင်းလာကြသဖြင့် လှည့်ကင်းအဖွဲ့ နောက် ဆုတ်လာရကြောင်း၊ လူအင်အားဖြင့် ငြာသံ ပေးလိုက်လာသဖြင့် ဆုတ်ခွာလာစဉ် ရဲတပ် ကြပ်ကြီးအောင်ကျော်သိန်းမှာ ရွာထဲ၌ ပိတ် မိပြီး အမ်(၂၂) မောင်းပြန်သေနတ်တစ်လက် နှင့်အတူ ကျန်ခဲ့ကြောင်းသိရသည်။

နောက် ဆုတ်လာသည့် ရဲတပ်ဖွဲ့ဝင်များ၏ သတင်းပို့ ချက်အရ တပ်၊ လုံထိန်းရဲတပ်ဖွဲ့ဝင်များ၊ အုပ် ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ယင်းနေ့ နံနက် ၂နာရီခန့်တွင် ယင်းဘင်္ဂါလီရွာသို့ ရောက်ရှိပြီး ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း နှင့် သေနတ်ကိုထုတ်ပေးရန် တောင်းဆိုခဲ့ရာ တိုးတက်မှုတစ်စုံတစ်ရာ မရရှိသေးကြောင်း သိရသည်။ ''အလောင်းလဲပြန်မရသေးဘူး။ သေနတ်လဲပြန်မရသေးဘူး'' ဟု ၄င်းတာဝန် ရှိသူက ဆက်ပြောသည်။ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် အမ်(၂၂)သေနတ်ကို ရှာဖွေဆဲဖြစ်ကြောင်းသိရသည်။

ရွှေအာကာ
The Union Daily