Home » » ကညနမှ ကားလိုင်စင်နှင့် ဘီးခွန်များ အတုလုပ်ကြောင်း သတင်းထွက်

ကညနမှ ကားလိုင်စင်နှင့် ဘီးခွန်များ အတုလုပ်ကြောင်း သတင်းထွက်

Written By Unknown on Friday, December 13, 2013 | 12:10 PM

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေး အပေးအယူ အဖြစ်ကား ပါမစ်များ ချထားပေးခဲ့ရာ ကားလိုင်စင် များနှင့် ဘီးခွန်wheel tax များကို ကုန်းလမ်း ပို့ဆောင်ရေးညွှန် ကြားမှု ဦးစီးဌာန (ကညန)နှင့် ကား ပိုင်ရှင်အများစုက အတုပြုလုပ် လျက်ရှိကြောင်း သတင်းများ ထွက် ပေါ်လျက်ရှိသည်ဟု ကညန အကျိုး ဆောင်ကိုရဲက ဒီဇင်ဘာ (၁၀)ရက် တွင် မြန်မာသံတော်ဆင့် သို့ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းသည် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျင်းပခဲ့သော (၆၆) နှ စ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက် ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းေ ရး အပေးယူအဖြစ် အခွန်ကင်း လွတ်ခွင့်နှင့် အခွန်လျှော့ပေါ့ခွင့် ကားပါမစ်ပါရှိသည့် စာအိတ်များပေး အပ်ခဲ့သည်။

ထိုသို့ငြိမ်းချမ်းရေးအရ ပေးအပ်ခဲ့သော ကားပါမစ်များမှ တင်သွင်းလာသော ကားလိုင်စင်များ မှာ ကညန အသိအမှတ်ပြု လိုင်စင်များ မဟုတ်သည့်အတွက် သက်ဆိုင်ရာ သတ်မှတ် နယ်မြို့များတွင် သာစီးနှင်းခွင့်ရှိ၍ သတ်မှတ် နယ်နိမိတ်ကျော်လွန် စီးနင်းမည်ဆိုပါက ယာယီဝင်ရောက်ခွင့် တောင်းခံနိုင်သည်။ …

ယာယီဝင်ရောက်ခွင့် ကတ်မပါရှိသော လိုင်စင်မဲ့ကားများနှင့် ကားလိုင်စင်နှင့် ဘီးခွန် wheel tax အတုပြု လုပ်ထားသူများအား ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ယာဉ်စည်းကမ်းဥပဒေ အရ ဖမ်းဆီးကာ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူလျက် ရှိသော်လည်း အစိုးရအထက်ပိုင်းမှ ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံ တစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

ထို့ကြောင့် သတ်မှတ်နယ်နိ မိတ်ကျော်လွန်ကာ ရောင်းချချင် သူအချို့က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) အသိမှတ်ပြု လိုင်စင်များနှင့် ဘီးခွန် (wheel tax) များအား အတုပြု လုပ်ကြခြင်း ဖြစ်သည်။

ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)အသိမှတ် ပြုလိုင်စင်များနှင့် wheel tax အထေများအား အတုပြုလုပ်ရာတွင် မန္တလေး၊ မူဆယ်၊ လားရှိုး စသောမြို့များရှိ ကညနရုံးများ၌ အများဆုံးပြုလုပ် ခြင်းဖြစ်ကာ ရန်ကုန်ဘက်သို့ နယ်ဝင်၊ နယ်ထွက် လက်မှတ် ပြောင်းလဲမှုများ ပြုလုပ်၍ ၀င်ရောက်လာခြင်း ဖြစ်သည်။

““အစ်ကိုတို့ကတော့ လုပ်တာ မဟုတ်ဘူး။ ဒါပေမဲ့ အစ်ကိုတို့ကြားမှာ သတင်းကြားရတာ ပြောပြတာ။ ခန့်မှန်းရတာ ကတော့ ဗိုလ်မှူး အဆင့်တွေပေါ့။ ဌာနက တိုက်ရိုက် လုပ်တာတော့ မဟုတ်ဘူး။ ကြားမှာ အတည်ပွဲစား ဆိုတာရှိတယ်။ သူတို့နဲ့ ချိတ်လုပ်တာပေါ့။ ငြိမ်းချမ်းရေး ကားတွေက ရန်ကုန်ထဲဝင်လို့မရတော့ သူတို့နယ်မှာ လမ်းကြောင်း တွေနဲ့ လိုက်ပြီး ရန်ကုန်ကို နယ်ဝင် နယ်ထွက် ပြောင်းပြီး တက်လာတာ ပေါ့။ သိန်းဆယ်ချီ၊ ရာချီတာပေါ့ ပြောင်းလို့ ရှိရင်လေ။ တချို့မစီးဘဲ တစ်ဆင့် ရောင်းချင်တဲ့သူတွေပေါ့။ သူတို့ဆီက တစ်ဆင့်ဝယ်တာတွေ ကျတော့ တချို့က ဒီလိုလုပ်ထား တာသိတယ်။ တချို့နားမလည်တော့ ခံလိုက်ရ တာတွေ ရှိတယ်။ အစစ် ဟုတ်မဟုတ် မစစ်တက်ကြတာပေါ့။ ပြဿနာတတ်လို့ ကညန ရုံးရောက်ရင် သူတို့ပြဿနာသူတို့ ရှင်းပေါ့။ ဒီလိုမျိုးတွေလည်းရှိ တယ်””ဟု ကညန အကျိုးဆောင် ကိုရဲက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နေပြည်တော် ကုန်းလမ်းပို့ဆောင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ““ဒီကတော့မလုပ်ဘူး။ ဦးတို့ ဘက်က စာရင်းနဲ့လုပ်တာ။ အဲဒီ့ သတင်းတွေက ကောလာဟလာ တွေပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငြိမ်းချမ်းရေးကားတွေ ဒီဟာနဲ့ ပတ်သက်ပြီးပြောဆိုခွင့်ကို မရှိတဲ့ ပုံစံမျိုးဖြစ်တာ။ ဘာလို့ဆိုတော့ လျှို့ဝှက်လုပ်တဲ့ ကိစ္စဖြစ်နေတော့လေ။ သဘောက နိုင်ငံတော်ကနေ ပြီး အဖွဲ့စည်းဘာညာနဲ့ လုပ်တာလေ။ ဦးတို့ဆီကို ခေါင်းစဉ်တပ်တဲ့ အခါကျတော့ လုံခြုံရေး အဆင့်ပဲရှိ တာလေ။ ဟုတ်တယ်မလား။ အတွင်းရေးဆိုတာ ရှိတယ်။ အဲလိုကန့်သတ်မှု တွေရှိတော့ လက်လွတ်စပယ်ပြော လို့မရဘူးလေ””ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

နိုင်ငံတော် အစိုးရမှ ငြိမ်းချမ်းရေး အပေးအယူအဖြစ် ကားပါမစ်များအား တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်း (၁၄)ဖွဲ့ကိုချထား ပေးခဲ့ပြီး ခွင့်ပြုပေးခဲ့သည့် ငြိမ်းချမ်းရေး ကားပါမစ် (၃၀၀)တွင် အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ရမည့် အစီးရေ (၁၀၀၀)အထိပါဝင်ရာ ပြည်သူ့ ဘဏ္ဍာငွေအဖြစ် ရရှိမည့် အခွန်ပမာဏမှာ အနည်းဆုံး ကျပ် သန်း(၁၀၀၀၀၀)မှ အများဆုံး ကျပ် သန်းပေါင်း (၆၈၀၀၀၀၀) အထိ နစ်နာဆုံးရှုံးခဲ့သည်။

ရန်ကုန်မြို့တွင်း၌ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီဌာန အသိမှတ်ပြု မဟုတ်သည့် ကားများအား ဖမ်းဆီး အရေးယူခြင်းနှင့် စပ်လျဉ်း၍ ယာဉ်စည်းကမ်းထိန်းသိမ်း ရေးကြီးကြပ်မှု ကော်မတီ ရဲအုပ် ဇော်မျိုးထွန်း က““ကညနက တရားဝင် လိုင်စင်ထုတ်ပေးတယ် ဆိုတာက တရားဝင်လိုင်စင် ပါရမယ်။ ကညနရဲ့ နံပါတ် ပါရမယ်။ တရားဝင် အသိအမှတ် ပြုပါရမယ်။ အဲဒါမှ မပါဘူးဆို ကျန်တဲ့ကားမှန်သမျှ တရားမ၀င် ကားချည်းပဲ။ ငြိမ်းချမ်းရေး ကားတွေ ဘာတွေမရှိဘူး။ အကုန်အရေး ယူမယ်။ ကညနက ထုတ်ပေးတဲ့ နံပါတ်မဟုတ်ရင် အရေးယူမှာ။ ပိုင်ရှင်နဲ့ အတူမိရင် ပိုင်ရှင်ကိုအမှုဖွင့် အရေးယူမယ်။ ပိုင်ရှင် မတွေ့ဘဲ ကားကို ပိုင်ရှင်မဲ့ ဖမ်းမိရင်တော့ နိုင်ငံတော် ဘဏ္ဍာ အဖြစ်သိမ်းတယ်””ဟု ပြော သည်။

ဇင်မာ

Myanmartandawsint Newspaper