Home » » အမျိုးသမီးအသင်းနည်းပြ ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ် အာရှဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားမည်

အမျိုးသမီးအသင်းနည်းပြ ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ် အာရှဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားမည်

Written By Unknown on Thursday, December 19, 2013 | 1:03 PM

ဒီဇင်ဘာလ ၁၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၃ ခုနှစ်
မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် ဆီးဂိမ်း အမျိုးသမီးဘောလုံး အကြိုဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်း ၁၃ မိနစ်တွင် မြန်မာအသင်းရရှိသည့် ပွဲဦးထွက်ဂိုးကို လူကျွံ သည့်အကြောင်းပြချက်ဖြင့် ဂိုးမပေးမှု၊ ပွဲချိန် ၂၅ မိနစ်တွင် ထိုင်းအသင်းက မြန်မာအသင်းဘက်သို့ ဂိုး သွင်းယူရာတွင် လူကျွံသော်လည်း ဂိုးပေးခဲ့ခြင်းတို့ကြောင့် အိနိ္ဒယဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်၍ အာ ရှဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားစာပေးပို့မည်ဟု မြန်မာအသင်းနည်းပြ ဂျပန်လူမျိုး Kumda Yoshinori က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ဂျပန်နည်းပြက မြန်မာအမျိုးသမီး အားကစားသမားများ၏ အားကစားစိတ်ဓာတ်ကို ချီးကျူးသွားခဲ့ပြီး မြန် မာအမျိုးသား အားကစားသမားများထက် ပိုမိုကစားနိုင်ကာ တိုက်စစ်လည်းကောင်းသည်ဟု ချီးမွမ်းသွား ခဲ့သည်။

ထိုင်းအသင်းနည်းပြ ထိုင်းနိုင်ငံသား Jatuporn Tramolbal ကမူ ဒိုင်၏ဆုံးဖြတ်ချက်ကို ကျေနပ်သည်ဟု ဆိုလိုက်ပြီး မြန်မာအသင်းကို အနိုင်ရရှိခြင်းမှာ ထိုင်းအသင်း ကံကောင်းခြင်းကြောင့်ဟု ပွဲအပြီး သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

ထိုင်းအသင်းကို ဂိုးပေးခဲ့ရပြီးနောက် မြန်မာပရိသတ်က မြန်မာအားကစားသမားများကို အားပေးရာတွင် ကြမ်းတမ်းခဲ့သည်ကိုလည်း မြန်မာအမျိုးသမီး ဘောလုံးအသင်းနည်းပြက သတိပေး ပြောဆိုသည်။

“ရှုံးသွားတဲ့အတွက် တကယ်ခံစားရတာက အားကစားသမားတွေနဲ့ နည်းပြတွေပဲ ဖြစ်ပါတယ်”ဟု မြန်မာ အမျိုးသမီးနည်းပြက ဆိုသည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် တစ်ဖက်နှင့်တစ်ဖက် အကြိတ် အနယ် ယှဉ်ပြိုင်ခဲ့ကြရာ ပွဲချိန် မိနစ် ၉၀ အပြည့်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး အချိန်ပို မိနစ် ၃၀ ကစားချိန်တွင် ထိုင်းအသင်းက ထပ်မံဂိုးသွင်းခဲ့ပြီးနောက် မြန်မာကလည်း အချိန်ပိုပြီးကာနီးတွင် ချေ ပဂိုး ပြန်လည်သွင်းယူခြင်းကြောင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ယှဉ်ပြိုင် ကစားစေခဲ့သည်။

ပင်နယ်တီကန်ရာ၌ မြန်မာအသင်း ဂိုးသမားက တစ်လုံး ကာကွယ်နိုင်ခဲ့ပြီး မြန်မာအသင်းက အားကစား သမား၏ ကန်သွင်းခြင်းက ဂိုးမရရှိခဲ့ပေ။ အဆုံးသတ်တွင် ထိုင်းအသင်းက ၁၁-၁၀ ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် အကြိုဗိုလ်လုပွဲကို မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ဖြိုး
Mizzima - News in Burmese