Home » » သက်​ဆင်​က ​သူ့​ညီ​မ​က​နေ​တ​ဆင့် ​အုပ်​ချုပ်​နေ​တဲ့ ​အဝေး​ရောက် ၀န်​ကြီး​ချုပ်​ပါ​ပဲ

သက်​ဆင်​က ​သူ့​ညီ​မ​က​နေ​တ​ဆင့် ​အုပ်​ချုပ်​နေ​တဲ့ ​အဝေး​ရောက် ၀န်​ကြီး​ချုပ်​ပါ​ပဲ

Written By Unknown on Wednesday, December 4, 2013 | 1:58 PM

ထိုင်း​နိုင်​ငံ​ဟာ ​လမ်း​ပေါ်​ဆ​န္ဒ​ပြ​ပွဲ​တွေ​ကြောင့် ​တုန်​ခါ​နေ​ပါ​တယ်။ ၀န်​ကြီး​ချုပ် ​ယင်း​လတ် ​ရှင်​နာဝပ်​ထ​ရာ​ဟာ ၂၀၁၀ ​ခု​နှစ် ​အ​ကြမ်း​ဖက်​မှု ​ဖြစ်​က​တည်း​က ​နိုင်​ငံ​ကို ​ထိုး​နှက်​နေ​တဲ့ ​အ​ကြီး​မား​ဆုံး ​ဆ​န္ဒ​ပြ​ပွဲ​တွေ​နဲ့ ​ရင်​ဆိုင်​နေ​ရ​ပါ​တယ်။

ကန့်​ကွက်​ဆ​န္ဒ​ပြ​ပွဲ​တွေ​ဟာ ​ဒီ​သီ​တင်း​ပတ်​မှာ ​စ​တင်​ခဲ့​တာ ​ဖြစ်​ပြီး ​အဲ​ဒီ​က​တည်း​က ​ဆ​န္ဒ​ပြ ​ကန့်​ကွက်​သူ​တွေ​က ၀န်​ကြီး​ဌာ​န​တွေ​နဲ့ ​အ​စိုး​ရ​ဌာ​န​တွေ​ကို ​ချီ​တက်​ပိတ်​ပစ်​ဖို့ ​ကြိုး​စား​ပြီး ​အ​စိုး​ရ ​ဆင်း​ပေး​ဖို့ ​တောင်း​ဆို​နေ​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။

အ​တိုက်​အ​ခံ ​လွှတ်​တော်​အ​မတ်​ဟောင်း​တ​ယောက် ​ဦး​ဆောင်​တဲ့ ​ဆ​န္ဒ​ပြ​သူ​တွေ​က ​ယင်း​လတ်​အ​စိုး​ရ​ကို ​ဖြုတ်​ချ​ခံ​လိုက်​ရ​တဲ့ ​သူ​အ​ကို ၀န်​ကြီး​ချုပ်​ဟောင်း ​သက်​ဆင်​ရှင်​နာဝပ်​ထ​ရာ ​က ​ကြိုး​ကိုင်​နေ​တာ ​ဖြစ်​တယ်​လို့ ​ပြော​ကြ​ပါ​တယ်။

ဦး​ဆောင် ​ထိုင်း​နိုင်​ငံ​ရေး​သိ​ပ္ပံ​ပ​ညာ​ရှင် ​သစ်​တီ​နန်​ပေါင်​ဆူ​ဒီ​ရတ်​က​တော့ ​ခု ​ဆ​န္ဒ​ပြ​ပွဲ ​တွေ​ဟာ ​လွန်​ခဲ့​တဲ့ ၅ ​နှစ်​က ​အ​ဓိ​က ​အ​စိုး​ရ ​ဆန့်​ကျင်​ရေး​လှုပ်​ရှား​မှု ​ဆ​န္ဒ​ပြ​ပွဲ​တွေ​ရဲ့ ​ပဲ့​တင်​ရိုက်​ခတ်​မှု ​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။
ထိုင်း​ဆ​န္ဒ​ပြ​ပွဲ ​အ​ခြေ​အ​နေ​တွေ​နဲ့​ပတ်​သက်​ပြီး ​ရေ​ဒီ​ယို ​ဩ​စ​တြေး​လျ​သ​တင်း​ထောက် ​ဆင်​လမ်​က ​သစ်​တီ​နန်​ပေါင်​ဆူ​ဒီ​ရတ်​ကို ​မေး​မြန်း​ထား​ပါ​တယ်။

“​တင်း​မာ​မှု​တွေ​က ​ထင်​ထင်​ရှား​ရှား​ပဲ ​စိုး​ရိမ်​စ​ရာ ​သ​တိ​ပြု​စ​ရာ ​ကောင်း​နေ​ပါ​တယ်။ ​ဘာ​လို့​လဲ​ဆို​တော့ ​နေ​ရာ​တိုင်း​က ​သ​တင်း​တွေ​မှာ ​ပါ​နေ​ပြီး ​လူ​တိုင်း ​အဲ​ဒီ​အ​ကြောင်း ​နဲ့ ​ပတ်​သက်​ပြီး ​ပြော​နေ​ကြ​တာ​ပဲ​လေ။ ​အ​တော် ​ဆိုး​ပါ​တယ်။ ​ကျ​နော်​တို့​က ​အဲ​ဒါ​ကို ​လွန်​ခဲ့​တဲ့ ၅ ​နှစ်​လောက်​က​တည်း​က ​မြင်​ခဲ့​ပြီး​ပါ​ပြီ။ ​ခင်​ဗျား​တို့ ​ပြန်​အ​မှတ်​ရ​ရင် ​လေ​ဆိပ်​တ​ခု​ကို ​သိမ်း​ပိုက် ​ပိတ်​ထား​လိုက်​ပြီး ​ဆ​န္ဒ​ပြ​သူ​တွေ​က ​အ​စိုး​ရ​ကို ​ဖြုတ်​ချ​ဖို့ ​ကြိုး​စား​ခဲ့​တယ်​လေ။ ​အဲ​ဒါ​ဟာ ​ကျ​နော်​တို့​အ​တွက် ​နည်း​နည်း ​ကြုံ​ဖူး​နေ​တဲ့​ဟာ​ပါ​ပဲ​ဗျာ။

“​ဒီ​တ​ခါ​တော့ ​ဘယ်​သူ​က​မှ ​လေ​ဆိပ်​ကို ​မ​ပိတ်​ကြ​တော့​ပါ​ဘူး​။ ​ဒါ​ပေ​မယ့် ​ကန့်​ကွက် ​ဆ​န္ဒ​ပြ​သူ​တွေ​က ​နိုင်​ငံ​ကို ​အုပ်​ချုပ်​လို့ ​မ​ရ​အောင်​လုပ်၊ ၀န်​ကြီး​ဌာ​န​တွေ​နဲ့ ​လူ​ထု​အေ​ဂျင်​စီ​တွေ​ကို ​သိမ်း​ပိုက်​ပြီး ​အင်​အား​သုံး ​အ​စိုး​ရ​ကို ​ဖြုတ်​ချ​ဖို့ ​ကြိုး​စား​နေ​ကြ​ပါ​တယ်။ ​အ​စိုး​ရ​က ​တုံ့​ပြန်​ရ​ပါ​လိမ့်​မယ်။

“​သူ​တို့​က ​ဘန်​ကောက်​မြို့​တော်​နေ​ရာ​အ​များ​စု​မှာ ​ပြည်​တွင်း​လုံ​ခြုံ​ရေး ​အက်​ဥ​ပ​ဒေ​ကို ​တိုး​ချဲ့​ပြီး ​တုံ့​ပြန်​ခဲ့​ပါ​တယ်။ ​အ​ခု​တော့ ​ချောက်​ကမ်း​ပါး​စွန်း​ကို ​ရောက်​နေ​တဲ့ ​အ​ခြေ​အ​နေ​ကို ​ပို​ပြီး​တွေ့​နေ​ရ​ပါ​ပြီ။ ​ဆ​န္ဒ​ပြ​သူ​တွေ​က ​အ​ဆုံး​သတ်​ပစ်​ဖို့ ​ကြိုး​စား​ပါ​လိမ့်​မယ်။ ​အ​စိုး​ရ​က ​တုံ့​ပြန်​ရ​မှာ​ပါ။ ​ဒါ​ပေ​မယ့် ​အ​ခု ​အောင်​အောင်​မြင်​မြင် ​ခု​ခံ​လို့ ​မ​ရ​နိုင်​ဘူး​လို့ ​ကျ​နော် ​ထင်​တယ်​လေ။ ​နောက် ​ရက်​ပိုင်း​မှာ​တော့ ​တ​ခု​ခု ​ပေး​ရ​လိမ့်​မယ် ​ထင်​တာ​ပဲ။”

အ​ခု ​ချောက်​ထဲ​ကျ​လု​လု ​ဖြစ်​နေ​ပြီး ၀န်​ကြီး​ချုပ် ​ယင်း​လတ်​က​တော့ ​ခု​ထိ ​အ​ခိုင်​အ​မာ ​ရပ်​တည်​ထား​ပြီး ​သူ ​နုတ်​ထွက်​လိမ့်​မယ် ​မ​ဟုတ်​ဘူး​လို့ ​ပြော​နေ​တယ်​နော်။ ​အ​ခြေ​အ​နေ​ကို ​ပို​ပြီး ​ပြင်း​ထန်​လာ​မှု ​မ​ရှိ​ဘဲ ​သူ​ရဲ့​အ​စိုး​ရ​က ​လုပ်​ဆောင်​ဖို့ေ​ရွး​ချယ်​စ​ရာ ​ဘာ​တွေ​ရှိ​မ​လဲ​ဗျ။

“​အ​စိုး​ရ​ရဲ့ေ​ရွး​ချယ်​စ​ရာ​တွေ​က ​မျှော်​လင့်​စ​ရာ ​သိပ်​မ​ရှိ​ပါ​ဘူး​။ ​ဘာ​လို့​လဲ​ဆို​တော့ ​အ​စိုး​ရ​ဆန့်​ကျင်​ရေး ​ဆ​န္ဒ​ပြ​နေ​သူ​တွေ​က ​ထွက်​ပေါက် ​သိပ် ​များ​များ​စား​စား ​ပေး​မ​ထား​ဘူး​ဗျ။ ​နုတ်​ထွက်​တာ​နဲ့ ​မ​လုံ​လောက်၊ ​လွှတ်​တော်​ကို ​ဖျက်​သိမ်း​ရုံ​နဲ့​လည်း ​မ​လုံ​လောက်​ဘူး ​ဖြစ်​နေ​တယ်။

“​ဒီ​တော့ ​အ​စိုး​ရ​က ​သူ​တို့​တွေ ​ပို​ပြီး ​အား​နည်း​တဲ့ ​အ​ခြေ​အ​နေ ​ဖြစ်​ကျန်​ခဲ့​နိုင်​တဲ့ ​နုတ်​ထွက်​ပေး​လို့ ​အ​လ​ကား​ပဲ။ ​နောက် ​အ​တိုက်​အ​ခံ​က ၂၀၀၆ ​ခု​နှစ်​က ​သူ​တို့​လုပ်​ခဲ့​သ​လိုေ​ရွး​ကောက်​ပွဲ​ကို ​သ​ပိတ်​မှောက် ​နိုင်​တဲ့​အ​တွက်ေ​ရွး​ကောက်​ပွဲ​သစ်​အ​တွက် ​လွှတ်​တော်​ကို ​ဖျက်​သိမ်း​ပေး​တာ​လည်း ​အ​လ​ကား​ပဲ​လို့ ​တွက်​နေ​တယ်​လို့ ​ကျ​နော်​ထင်​ပါ​တယ်။

“​ဒါ​ကြောင့်​မို့ ​အ​စိုး​ရ​က ​အ​ခိုင်​အ​မာ ​ရပ်​တည်​ပြီး ​တင်း​ကျပ်​တဲ့ ​တုံ့​ပြန်​မှု ​လုပ်​လိုက်​တာ​ပါ။ ​သူ​တို့​က ​လုံ​ခြုံ​ရေး​ဥ​ပ​ဒေ​တွေ​ကို ​ပြ​ဋ္ဌာန်း ​လိုက်​နာ​အောင် ​လုပ်​ပါ​လိမ့်​မယ်။ ​ဒီ​တော့ ​ထိပ်​တိုက် ​ရင် ​ဆိုင်​မှု​တွေ​ကို ​ကျ​နော်​တို့ ​ပို​ပြီး ​တွေ့​လာ​ရ​ပါ​လိမ့်​မယ်။ ​ဒါ​ပေ​မယ့် ​အဲ​ဒါ​ဟာ ​လွန်​ခဲ့​တဲ့ ၅ ​နှစ်​က ​ကျ​နော်​တို့ ​တွေ့​ခဲ့​တဲ့ ​အ​ရာ​ပါ​ပဲ။ ​နောက်​ဆုံး​မှာ ​အ​စိုး​ရ ​ရှုံး​သွား​တာ​ပါ​ပဲ။ ​နောက် ​ကျ​နော်​တို့ ​လွန်​ခဲ့
တဲ့ ၅ ​နှစ်​က ​လုပ်​ခဲ့​တာ​တွေ​ကို ​ကျ​နော်​တို့ ​မြင်​လာ​ရ​လိမ့်​မယ်​လို့ ​ကျ​နော် ​ထင်​တယ်​လေ။ ​ဘာ​ဖြစ်​လို့​ဆို​တော့ ​ဆ​န္ဒ​ပြ​သူ​တွေ​က ​သူ​တို့​ဘက်​မှာ ​အင်​အား​တည်​ဆောက်​မှု​တွေ ​ရှိ​နေ​တော့ ​အ​စိုး​ရ​က ​ရေ​ရှည်​ခံ​ဖို့ ​နောက်​တ​ပတ်​အ​ထိ ​ပြင်း​ပြင်း​ထန်​ထန် ​ဖိ​နှိပ်​ပါ​လိမ့်​ဦး​မယ်။”

ခင်​ဗျား​က ​အင်​အား ​တည်​ဆောက်​မှု​အ​ကြောင်း ​ပြော​တော့ ​အဲ​ဒီ​ထဲ​မှာ ​စစ်​တပ်​ရော ​ပါ​သ​လား​ဗျ။

“​စစ်​တပ်၊ ​အ​ကြီး​တန်း ​ဗျူ​ရို​က​ရေ​စီ၊ ​နန်း​တော်၊ ​မှူး​မတ်​မျိုး​နွယ်​တွေ၊ ​ဘန်​ကောက်​က ​အ​ထက်​တန်း​လွှာ​တွေ ​အဲ​ဒီ​လူ​တွေ​အား​လုံး​ဟာ ​လွန်​ခဲ့​တဲ့ ​ဆယ်​စု​နှစ်​ကေ​ရွး​ကောက်​ပွဲ​တွေ​မှာ ​ရှုံး​နိမ့်​ခဲ့​တဲ့​သူ​တွေ​ပါ။ ​ဒါ​ပေ​မယ့် ​သူ​တို့​က ​အ​သံ​ကျယ်​တယ်​ဗျ။ ​သူ​တို့​က ​လူ​နည်း​စု​ပါ၊ ​ဒါ​ပေ​မယ့် ​အင်​အား​ကောင်း​တဲ့ ​လူ​နည်း​စု​ပေါ့​ဗျာ။ ​လျစ်​လျူ​ရှု​ခံ​ထား​ရ​ပြီး ​သက်​ဆင်​ရဲ့ ​အ​ရှိန်​ဩ​ဇာ ​နဲ့ ​မ​တော်​မ​တ​ရား ​အ​လုပ်​ခံ​ခဲ့​ရ​တဲ့​သူ​တွေ​လေ။

“​ဒီ​တော့ ​သက်​ဆင်​လက်​ထက် ​လွန်​ခဲ့​တဲ့ ​ဆယ်​စု​နှစ်​တွေ​တုန်း​က ​ကျ​နော်​တို့ ​တွေ့​မြင်​ခဲ့​ရ​တဲ့ ​ထိပ်​တိုက်​ရင်​ဆိုင်​မှု​တွေ​နဲ့ ၀​ရုန်း​သုန်း​ကား​ဖြစ်​မှု​တွေ​လို ​စက်ဝိုင်း​ထဲ​မှာ ​ကျ​နော်​တို့ ​ရှိ​နေ​ကြ​တာ​ပါ​ပဲ​ဗျာ။

“​အဲ​ဒါ​ဟာ ​ထိုင်း​နိုင်​ငံ ​တိုး​တက်​ဖွံ့​ဖြိုး​မယ့်​လမ်း​လို့​တော့ ​ကျ​နော်​မ​ထင်​ပါ​ဘူး​။ ​ဆ​န္ဒ​ပြ​သူ​တွေ​က ​အ​ခု ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ကျော်​လွန်​တဲ့​ဟာ ​တ​ချို့​ကို ​မျှော်​လင့်​နေ​ကြ​တယ်​ဗျ။ ​အ​စိုး​ရ ​ပြုတ်​ကျ​အောင် ​လွှတ်​တော်​က ၀င်​ရောက်​နှောင့်​ယှက်​မှု​တွေ​ကို ​မျှော်​လင့်​နေ​ကြ​တယ်​လေ။ ​တ​ကယ်​လို့ ​အဲ​ဒီ​လို​ဖြစ်​လာ​ခဲ့​ရင် ​တ​ခြား​တ​ဘက်​က ​အ​စိုး​ရ​ထောက်​ခံ​သူ​တွေ​ရဲ့ ၂၀၀၉-၂၀၁၀ ​မှာ ​ကျ​နော်​တို့ ​တွေ့​ခဲ့​တဲ့ ​ရှပ်​နီ​တွေ​ရဲ့ ​ကန့်​ကွက်​ဆန့်​ကျင်​တာ​တွေ​ကို​လည်း ​ကျ​နော်​တို့ ​တွေ့​လာ​ရ​ပါ​လိမ့်​မယ်။”

ဆ​န္ဒ​ပြ​သူ​တွေ​က ၀န်​ကြီး​ချုပ် ​ယင်း​လတ်​အ​စိုး​ရ​ကို ​သက်​ဆင်​ရဲ့​အ​စိုး​ရ​လို့​ပဲ ​ရည်​ညွှန်း ​ပြော​ဆို​နေ​ကြ​တယ်​လေ။ ​အဲ​ဒါ​ဟာ ​နိုင်​ငံ​ရပ်​ခြား​မှာ ​ကိုယ့်​သ​ဘော​နဲ့ ​ကိုယ်​ထွက်​ပြီး ​နေ​ထိုင်​နေ​တဲ့ ၀န်​ကြီး​ချုပ်​ဟောင်း ​သက်​ဆင် ​ရှင်​နာဝပ်​ထ​ရာ​ကို ​ရည်​ညွှန်း​တယ်​ဆို​တာ ​ရှင်း​နေ​ပါ​တယ်။ ​သူ​ရဲ့ ​အ​ရိပ်​က ​သူ​ညီ​မ​ရဲ့ ​အ​စိုး​ရ​ကို ​ဘယ်​လောက် ​ကြီး​ကြီး​မား​မား ​ထိုး​နေ​တယ်​လို့ ​ခင်​ဗျား​ထင် ​ပါ​သ​လဲ။

“​ဟုတ်​ပါ​တယ်။ ​သူ​က ​အ​လွန်​ရှည်​တဲ့ ​အ​ရိပ်​ထိုး​ထား​ပါ​တယ်။ ​သက်​ဆင်​က ​သူ​ညီ​မ​ဖြစ်​တဲ့ ၀န်​ကြီး​ချုပ်​က​နေ​တ​ဆင့် ​အုပ်​ချုပ်​နေ​တဲ့ ​အဝေး​ရောက် ၀န်​ကြီး​ချုပ်​ပါ​ပဲ။ ​ဒါ​ကြောင့် ​သူ​တို့​၂ ​ယောက်​လုံး​ဟာ ​ထိုင်း​နိုင်​ငံ​ကို ​အုပ်​ချုပ်​နေ​တဲ့ ​ဒ​င်္ဂါး​အ​ပြား​ရဲ့​ခေါင်း​နဲ့ ​ပန်း​ပါ​ပဲ​ဗျာ။ ​ယင်း​လတ်​က ​ဘက်​တ​ဘက် ​သက်​ဆင်​က​တော့ ​နိုင်​ငံ​ခြား​ဘက်​ပေါ့​ဗျာ။ ​ဒါ​ပေ​မယ့်​  ​ထိုင်း​နိုင်​ငံ​ဟာ ​လွန်​ခဲ့​တဲ့ ​နှစ်​တွေ​က​တည်း​က  ​သက်​ဆင်​ကို ​လွန်​မြောက် ​ထွက်​ပေါ်​လာ​နိုင်​ပါ​တယ်​လို့ ​ကျ​နော် ​ထင်​ပါ​တယ်။ ​အဲ​ဒါ​ကို ​ကျ​နော်​တို့ ​ဖြစ်​စေ​ခဲ့ ​အဲ​ဒီ​လမ်း​ကို ​ကျ​နော်​တို့ ​တွေ့​မြင်​ချင်​ရင်​ပေါ့​ဗျာ။

“​ဒီ​မှာ ​ရှိ​နေ​တဲ့ ​လူ​အ​တော်​များ​များ​က ​သက်​ဆင် ​ကို ​ထောက်​ခံ​နေ​ကြ​တုန်း​ပဲ​လို့ ​ကျ​နော် ​ထင်​တယ်​လေ။ ​ဘာ​လို့​လဲ​ဆို​တော့ ​ထိုင်း​နိုင်​ငံ​က ​ပြောင်း​လဲ​သွား​ပြီး ​လူ​အ​တော်​များ​များ​က​တော့ ​အဲ​ဒီ ​ပြောင်း​လဲ​မှု​တွေ​ကို ​မျှော်​လင့်​လို့ ​မ​ရ​ကြ​သေး​ပါ​ဘူး​။ ​ကျ​နော်​တို့​က ​ဧ​က​ရာဇ် ​အုပ်​စိုး​မှု​ရဲ့ ​နိ​ဂုံး ​ဒါ​မှ​မ​ဟုတ် ​ဘု​ရင်​ကြီး​ရဲ့ ​အုပ်​စိုး​မှု ​ဆည်း​ဆာ​ချိန် ၂၁ ​ရာ​စု​က​နေ ​အ​ရင်​တုန်း​က ​ပုံ​စံ​အ​ဟောင်း​ကို ​စိတ်ဝင်​စား​နေ​ကြ​တုန်း ​ဖြစ်​နေ​လို့​ပါ​ပဲ။

“​ဒါ​ကြောင့် ​အဲ​ဒီ ​ပုံ​စံ​ဟာ ​အ​ကဲ​စမ်း ​ခံ​ခဲ့​ရ​ပြီး ​အ​ရော​အ​နှော​ထဲ ​အ​ပစ်​ခံ ​လိုက်​ရ​တာ​ပါ။ ​သက်​ဆင်​က ​အဲ​ဒါ​ကို ​လုပ်​ခဲ့​ပါ​တယ်။ ​ဒီ​တော့ ​လူ​တွေ​က ​အ​ကျင့်​ပျက် ​လာဘ်​ပေး​လာဘ်​ယူ​မှု​တွေ ​နဲ့ ​အာ​ဏာ ​အ​လွဲ​သုံး​စား​လုပ်​မှု​တွေ​ကြောင့် ​သူ​ကို ​သိပ်​စိတ်​ဆိုး​ခဲ့​ကြ​တယ်​လေ။ ​ဒါ​ပေ​မယ့် ​အား​လုံး​လောက်​နီး​ပါး​ပါ​ပဲ၊ ​ဘာ​လို့​ဆို​တော့ ​သူ​က ​ထိုင်း​နိုင်​ငံ ​အ​ရင်​က ​ရှိ​ခဲ့​တဲ့​လမ်း​ကြောင်း​ကို ​ပြောင်း​လဲ​ပစ်​ခဲ့​တယ်​လေ။”

By ​ဒီ​ဗွီ​ဘီ