Home » » ရန်ကုန်အိမ်ခြံမြေအငှားဈေးကွက် ယခင်နှစ်ထက် နှစ်ဆကျော်တက်

ရန်ကုန်အိမ်ခြံမြေအငှားဈေးကွက် ယခင်နှစ်ထက် နှစ်ဆကျော်တက်

Written By Unknown on Thursday, December 26, 2013 | 1:51 AM

ယခု နှစ်တွင် ရန်ကုန်အိမ်ခြံမြေအ ငှားဈေးကွက်သည် ယခင်နှစ် ထက် နှစ်ဆကျော်မြင့်တက်လာ ကြောင်း ရန်ကုန်မြို့တွင်း အိမ် ခြံမြေအသိုင်းအဝိုင်းထံမှ သိ ရသည်။ယင်းကဲ့သို့ အငှားဈေး ကွက်များမြင့်တက်လာခြင်းမှာ မြေအရောင်းတန်ဖိုးများ မြင့် တက်လာခြင်းနှင့်အတူ နယ် မြို့များမှ အလုပ်အကိုင်ရှားပါး ခြင်းများကြောင့် မိသားစုလိုက် ပြောင်းရွှေ့လုပ်ကိုင်မှုပိုမိုများ ပြားလာ၍ ယခုကဲ့သို့ အငှား ဈေးကွက်မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။အိမ်ခြံမြေလုပ်ကိုင်သူ ကို ဟိန်းက ''အငှားကတော့ အ ရင်နှစ်တွေကထက် ပိုဖြစ်လာ တယ်။ အရောင်းကတော့ အေး ပြီးရင်းအေးပဲ။ အငှားမှာက တိုက်ခန်းတွေ ပိုဖြစ်တယ်။ အကျိုးဆောင်တစ်ခုနဲ့တစ်ခု ကတော့ တူချင်မှတူမယ်။ အ များစုကတော့ အငှားပိုဖြစ် တယ်လို့တော့ကြားနေတာပဲ''ဟုပြောသည်။

ရန်ကုန်မြို့တွင်းမှ မြို့ နယ်များရှိ တိုက်ခန်းကွန်ဒိုများ ၏ဈေးနှုန်းများမှာ ယခင်ထက် မြင့်တက်လာသော်လည်း အ ငှားဈေးကွက်များမှာ ကျဆင်း သွားခြင်းမရှိသဖြင့် ရန်ကုန်မြို့ တွင်း အလုပ်အကိုင်နှင့်လူဦး ရေတိုးပွားမှုများအတွက် အိမ် ရာလိုအပ်ချက်များရှိနေခြင်း ကြောင့် ယခုကဲ့သို့ အငှားများ လိုက်နေခြင်းဖြစ်ကြောင်း ဝါ ရင့်အိမ်ခြံမြေကျွမ်းကျင်သူများ က ဆိုသည်။

လှိုင်မြို့နယ်အတွင်းတိုက် ခန်းငှားရမ်းနေထိုင်သူ ကိုချို သွေးက ''ကျွန်တော်တို့က နှစ် ချုပ်နဲ့ငှားတာဆိုတော့ စာချုပ် ပြည့်ရင် ထပ်ငှားရတယ်။ အခု အငှားဈေးတွေကတက်နေတော့ အိမ်ရှင်ကလဲ အရင်ဈေးနဲ့ မ ငှားနိုင်ဘူး။ အခုပေါက်ဈေးနဲ့ ငှားမှအဆင်ပြေမှာ။ အရင်တုန်း က ကျွန်တော်တို့နေတဲ့အခန်း ဆိုရင် တစ်သိန်းနှစ်သောင်းပဲ ရှိတယ်။ အခုဆိုရင် တစ်သိန်း ခွဲနဲ့ ငှားပြီးနေနေရတယ်''ဟု ပြောသည်။

ယင်းကဲ့သို့တစ်နှစ်ထက် တစ်နှစ် အိမ်ရာလိုအပ်ချက်များ ပိုမိုများပြားလာသောကြောင့် ရန်ကုန်မြို့နယ်နှင့်နီးစပ်သည့် မြို့နယ်များနှင့် မြို့ပြင်မြို့နယ် များတွင် အိမ်ရာများ တိုးချဲ့ ဆောက်လုပ်ပေးပြီး အမှန်လို အပ်သည့်သူများသာ ရောင်းချ ပေးပါက အိမ်ခြံမြေတိုက်ခန်း ဈေးနှုန်းများကျဆင်းလာမည် ဖြစ်ပြီး ယခုကဲ့သို့ ဈေးနှုန်းများ မြင့်မားနေသော်လည်း အလု အယက်ငှားရမ်းမှုများလည်း ပပျောက်သွားမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်အချို့နှင့် ဝါရင့် အိမ်ခြံမြေအကျိုးဆောင် အချို့က သုံးသပ်ပြောဆိုသည်။

စီးပွားရေးပညာရှင် ဦး လှမောင်က ''ရန်ကုန်မှာမြေအ လွတ်တွေ အများကြီးရှိတယ်။ သိမ်းထားတဲ့လယ်တွေလဲရှိ တယ်။ ဒါတွေကို အိမ်ရာဖော် ဆောင်ပေးပြီး အမှန်လိုအပ်တဲ့ လူတွေကိုပေးနိုင်ဖို့လိုတယ်။ နောက်တစ်ချက်က လူဦးရေ လိုအပ်ချက်နဲ့ အိမ်ရာလိုအပ် ချက်ကိုတွက်တတ်ဖို့လိုတယ်။ ဒါဆိုရင် အရောင်းအဝယ်အ ငှားတွေအားလုံး အဆင်ပြေ သွားမယ်''ဟု ပြောသည်။

တိုက်ခန်းဈေးနှုန်းများ မှာ ကျပ်နှစ်သိန်းမှ ကျပ်ခုနစ် သိန်း ရှစ်သိန်းအထိရှိပြီး အ ချက်အချာကျသည့် မြေညီထပ် အငှားများမှာ ကျပ်သိန်းငါး ဆယ်အထိ ခေါ်ဈေးများရှိပြီး ကွန်ဒိုဈေးနှုန်းများမှာလည်း ကျပ်ကိုးသိန်းမှ ကျပ်သိန်းလေး ဆယ်အထိ ခေါ်ဈေးများရှိနေ ကြောင်း သိရသည်။

Yangon Media Group