Home » » မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူအသုံးပြုသည့် သေနတ်မှာ ဦးလေးဖြစ်သူ ကိုးကန့်လွှတ်တော်ကိုယ်စားလှယ်၏ လုံခြုံရေးများထံမှ ယူလာဟုဆို

မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူအသုံးပြုသည့် သေနတ်မှာ ဦးလေးဖြစ်သူ ကိုးကန့်လွှတ်တော်ကိုယ်စားလှယ်၏ လုံခြုံရေးများထံမှ ယူလာဟုဆို

Written By Unknown on Thursday, December 26, 2013 | 12:17 PM

မန္တလေး ။ ။ မန္တလေးမြို့ ချမ်းအေး သာဇံမြို့နယ်ရှိ မောင်ကိန်းရွှေ ဆိုင် သို့ ဒီဇင်ဘာ ၂၄ရက် ညနေပိုင်းတွင် သေနတ် ကိုင်ဆောင်ပြီး လုယက်သူက ဦးလေးဖြစ်သူ ကိုး ကန့်အမျိုးသားလွှတ်တော်ကိုယ် စားလှယ်နေထိုင် သည့်လောက် ကိုင်ရှိ နေအိမ်လုံ ခြုံရေး အစောင့် များထံမှ ရယူ လာခြင်းဖြစ်ကြောင်း သတိပြန်လည်ရရှိလာစဉ် ထွက် ဆိုထားကြောင်း မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

အဆိုပါလုယက်သူ အား ရှန့် (၃ဝနှစ်)မှာ ကိုးကန့်လူမျိုး၊ လောက်ကိုင်မြို့ နယ် တွင်နေ ထိုင်သူဖြစ်ပြီး မန္တလေးမြို့တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၆၄လမ်း၊ သိပ္ပံလမ်း တောင်ဘက်တွင်နေထိုင်ကြောင်း၊ ကိုင်ဆောင်လာ သည့် သေနတ်ကို ဦးလေးဖြစ်သူ အမျိုးသား လွှတ် တော်ကိုယ်စားလှယ် နေအိမ်အ စောင့်လုံ ခြုံရေး ကိုးကန့်များထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။

မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်ရဲတပ်ဖွဲ့ဝင်များ က လုယက်သူပြော ဆို သည့် မန္တ လေးမြို့နေအိမ်အားသွားရောက် စုံစမ်းရာတွင် ရံဖန်ရံခါအဘိုး ဖြစ်သူ ဦးလျူကွယ်ရှိနှင့် ဦးလေး ဖြစ်သူ ဦးအားရှန့်တို့ လာရောက် လေ့ရှိကြောင်း၊ အဘိုးဖြစ်သူ ဦး လျူကွယ်ရှိမှာ ပြည်ခိုင်ဖြိုးပါတီဝင် ကိုးကန့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း သိရ သည်။

အားရှန့်သည် လောက်ကိုင် တွင်အနေများပြီး ဇနီးဖြစ်သူနှင့် ကလေးတို့မှာလည်း လောက်ကိုင် တွင်နေထိုင်ကြောင်း၊ မန္တလေး မြို့သို့ရောက်ရှိနေသည်မှာ တစ် ပတ်ခန့်ရှိပြီဖြစ်ပြီး ကျောက်အ ရောင်းအဝယ်လုပ်ကိုင်ကြောင်း၊ ဒီဇင်ဘာ ၂၄ရက် နံနက် ၈နာရီ တွင် အိမ်ရှင်အမျိုးသမီး၏နံပါတ် မပါ လော့ဂျားဆိုင်ကယ်အားငှား ရမ်း၍အပြင်သို့ထွက်သွားရာ ၁၀ နာရီတွင် ဆိုင်ကယ်မပါဘဲပြန် ရောက်လာပြီး အိမ်ရှင်ပိုင် နစ် ဆန်းဆလွန်းအနက်ရောင်ကား အားယူ၍ထွက်သွားရာမှ ပြန် ရောက် ရှိလာခြင်းမရှိကြောင်း၊ အားရှန့်ယူဆောင်လာသည့် သေနတ်နှင့်ပတ်သက်၍ မသိရှိ ကြောင်းနှင့် ၄င်းယူဆောင်သွား သည့်ကားကိုလည်း ဒီဇင်ဘာ ၂၅ရက် ၁နာရီမိနစ် ၅ဝတွင် လမ်း ၃ဝနှင့် လမ်း ၈ဝလမ်းထောင့် တွင် ပြန်လည်တွေ့ ရှိရ သဖြင့် ချမ်းအေးသာဇံမြို့နယ် မြို့မရဲစခန်း တွင် ထိန်းသိမ်းထားကြောင်း သိ ရသည်။ လုယက်မှုနှင့်ပတ်သက် ၍ လုယက်သူအား မြို့မရဲစခန်း (ချမ်းအေးသာဇံ)တွင် (ပ)၅၅၆၊ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၆၊ ၃ဝရအရ အမှုဖွင့်စစ်ဆေး နေခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ခွန်စိုင်းအောင် - Yangon Media Group