Home » » ရေစကြိုမြို့ နယ်မှာ လုပ်သားလေးဦး ဓာတ်လိုက်ရာ သုံးဦးသေဆုံး

ရေစကြိုမြို့ နယ်မှာ လုပ်သားလေးဦး ဓာတ်လိုက်ရာ သုံးဦးသေဆုံး

Written By Unknown on Thursday, December 26, 2013 | 12:31 PM

ရေစကြို။    ။၂၆.၁၂.၁၃။
       
မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် မအူဈေးရွာခေါ် ကမ်းနားရွာတွင် ဦးစိုးဝေ အိမ်ဝိုင်း အတွင်း တိုက်ဆောက်လုပ်နေရာမှ သံပင်များ ထောင်မတ်စဉ် လျှပ်စစ်ကြေးနန်းကြိုးများ နှင့်ထိမိပြီး လုပ်သားလေးဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်။

၂၀၁၃ခု ဒီဇင်ဘာ ၂၆ ရက်နံနက်ခင်းတွင် အိမ်ရှင်ဦးစိုးဝေ(၆၀နှစ်)အပါအ၀င်၊ လုပ်သားကိုထွန်းမြင့်(၄၃နှစ်)၊ ကိုအောင်(၁၈နှစ်) နှင့် ကိုအောင်ကို(၂၅နှစ်) တို့ စည်းမျဉ်းတိုင်ထူရန် သံပင်များစိုက်ထူကြစဉ် အထက်မှာသွယ်တန်းထားသော လျှပ်စစ် ကြေးနန်းကြိုး အား ထိမိပြီး လေးဦးလုံး ဓာတ်လိုက်ခံလိုက်ရသည်။

အဆိုပါ ဓါတ်လိုက်ခံရသူများကို မအူတိုက်နယ်ဆေးရုံသို့  ချက်ခြင်းပို့ ဆောင် ကုသခဲ့သော်လည်း မောင်အောင်ကို တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ပြီး ကျန်သုံးဦးစလုံး သေဆုံးခဲ့ကြသည်။

တိုက်နယ်ဆရာဝန် ဒေါက်တာအောင်မြတ်က အသက်ရှင်ကျန်သူကိုအောင်ကို ကိုအတွင်း လူနာအဖြစ် ကုသပေးနေရကြောင်း ပြောပြပါသည်။

ယင်းအမှုကို မအူတိုက်နယ်ရဲစခမ်းမှ သေမှုသေခင်း အဖြစ်အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်းလည်းသိရပါသည်။

ငွေရည်ဆန်း

by Thit Htoo Lwin