Home » » အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ကာတာနိုင်ငံခရီးစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ကာတာနိုင်ငံခရီးစဉ်

Written By Unknown on Monday, December 9, 2013 | 1:08 PM

ခရီးစဉ်သွားရောက်မည့် အဖွဲ့ဝင်စာရင်း

(၁). ဒေါ်အောင်ဆန်းစုကြည် - ဥက္ကဌ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
(၂). ဒေါက်တာတင်မာအောင် - Chief of Staff & Personal Assistant to Chairperson.
(၃). ဒေါက်တာအောင်မိုးညို - ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည်သည် Her Highness
Sheikha Moza bint Nasser နှင့် The Right Honourable Professor Lord Darzi of
Denham တို့၏ ဖိတ်ကြားချက်အရ Qatar Foundation မှ ဦးစီးကျင်းပသော World
Innovation Summit for Health (WISH) တက်ရောက်ရန် ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့
ခရီးထွက်ခွာမည်ဖြစ်ပြီး အဆိုပါခရီးစဉ်ကို ဒီဇင်ဘာလ (၉)ရက်နေ့တွင် စတင်မည်ဖြစ်ပါသည်။

အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် Qatar
National Convention Centre ၌ ကျင်းပပြုလုပ်မည်ဖြစ်သော (WISH) Summit တွင်
“မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုများ” နှင့်
ပတ်သက်၍ အမှာစကားပြောကြားရန်ရှိပြီး၊ ကျန်းမာရေးဆိုင်ရာဆွေးနွေးပွဲများ၊
ကျန်းမာရေးဆိုင်ရာတီထွင်ဖန်တီးမှုပြပွဲများကို တက်ရောက်မည် ဖြစ်ပါသည်။

ဒီဇင်ဘာလ (၁၁)ရက်နေ့တွင်လည်း ဆွေးနွေးပွဲများ၊ ပြပွဲများတက်ရောက်ခြင်း၊ အဆိုပါ Summit သို့
တက်ရောက်ရန် ရောက်ရှိနေသော နိုင်ငံတကာမှ ပညာရှင်များနှင့် ကျန်းမာရေးဆိုင်ရာ
ကိစ္စရပ်များ ဆွေးနွေးခြင်း၊ (WISH) Summit ၏ ပိတ်ပွဲအခမ်းအနား တက်ရောက်ခြင်း တို့ကို
ပြုလုပ်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ၎င်းနေ့
ညနေပိုင်းအချိန်တွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

D-Wave