Home » » ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ၁၄သန်းထိ ရှိလာ

ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ၁၄သန်းထိ ရှိလာ

Written By Unknown on Friday, December 13, 2013 | 7:07 AM

ကမ္ဘာပေါ်မှာ ​ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနဲ့ ​ကင်ဆာရောဂါကြောင့် ​သေဆုံးသူတွေ ​သိသိသာသာများလာတယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ်အတွင်းမှာ ​ကင်ဆာဂေါဖြစ်ပွားသူနှုန်းဟာ ​၁၄သန်းကျော်ရှိပြီး ​ကင်ဆာရောဂါကြောင့် ​သေဆုံးသူ ​၈ ​သန်းကျော်ရှိတယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​ထုတ်ပြန်ကြေညာချက်ထဲမှာ ​ဖော်ပြထားပါတယ်။

ခန့်မှန်းခြေအနေနဲ့ ​ကင်ဆာရောဂါတွေဟာ ​အမျိုးပေါင်း ​၂၈မျိုးရှိပြီးတော့ ​နိုင်ငံပေါင်း ​၁၈၄ ​နိုင်ငံကနေ ​စစ်တမ်း ​ကောက်ယူထားတာဖြစ်တယ်လို့ ​ဆိုပါတယ်။ ​ပြီးခဲ့တဲ့ ​၂၀၀၈ ​ခုနှစ်တုန်းက ​ကင်ဆာရောဂါ ​ဖြစ်ပွားသူနှုန်းဟာ ​၁၃သန်းနီးပါးရှိပါတယ်။

လူတွေအဖြစ်များဆုံး ​ကင်ဆာရောဂါအမျိုးစားကတော့ ​အဆုတ်ကင်ဆာရောဂါဖြစ်ပြီး ​၂၀၁၂ခုနှစ်အတွင်းမှာ ​ဖြစ်ပွားနှုန်း ​၂ ​သန်း ​နီးပါး ​(၁.၈ ​သန်း) ​ရှိပါတယ်။ ​ပြီးတော့ ​ရင်သားကင်ဆာနဲ့ ​အူမကြီးကင်ဆာကတော့ ​ဒုတိနဲ့ ​တတိယ ​အဖြစ်များဆုံး ​ကင်ဆာရောဂါ ​ဖြစ်ပါတယ်။

အဲဒီထဲမှာ ​အဆုတ်ကင်ဆာ၊ ​အသည်းကင်ဆာနဲ့ ​အစာအိမ်ကင်ဆါ ​ရောဂါတွေဟာ ​သေဆုံးမှုနှုန်းအများဆုံး ​ဖြစ်တယ်လို့ဆိုပါတယ်။

ကမ္ဘာပေါ်က ​အမျိုးသမီးတွေ ​အဖြစ်အများဆုံး ​ကင်ဆာရောဂါကတော့ ​သားအိမ်ကင်ဆာရောဂါဖြစ်ပြီး ​နှစ်စဉ် ​သားအိမ်ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာ ​ငါးသိန်းကျော်လောက်ရှိတယ်လို့ ​ဆိုပါတယ်။

ABC Radio Australia