Home » » မျှော့နက်မည်းကြီးသဖွယ် အမိန့် စည်းမျဉ်းများနှင့် ကျွန်တော်တို့

မျှော့နက်မည်းကြီးသဖွယ် အမိန့် စည်းမျဉ်းများနှင့် ကျွန်တော်တို့

Written By Unknown on Tuesday, December 3, 2013 | 7:21 PM

ကားက မထင်လျှင် မထင်သလို ဘရိတ် ဆောင့်ဆောင့် ဖမ်းတတ်တာမို့ သူ သတိလက်လွတ် မနေရဲ၊ လက် နှစ်ဖက်က ကိုင်စရာ ရှာကိုင်ထား ရသလို ခြေကလည်း ကန်ထား ရသေးသည်။ တလှစ်လှစ် ပြေးနေသော ဟိုင်းလတ်ကား ခေါင်မိုးပေါ်တွင် စီးရသည်က လေတ ဖြူးဖြူးနှင့် အရသာ ရှိသလို အန္တရာယ် လည်း မသေးပါ ။သို့ရာ တွင် …

”မစီးလို့ ဘယ်လို လုပ်ရမလဲဗျ ကားထဲမှာလည်း အပြည့်၊ နောက်တွယ် ကိုလည်း ကြည့်ပါဦး၊ အမိုးပေါ်က မစီးလို့ ဘယ်နေရာက စီးရမှာလဲ” ဟု မင်္ဂလာဒုံမြို့ နယ် နွယ်ခွေသား ကိုသိမ်း အောင်က ပြောသည်။

သီရိမင်္ဂလာဈေး သို့ ညပိုင်း ကုန် စိမ်းပို့ရန် နိစ္စဓူဝ သွားလာနေရသော ခရီးက စိတ်ချ လုံခြုံရသော အခြေအနေ မဟုတ်သော်လည်း ဝမ်းရေးက မနေ သာ။ တစ်နေ့ လုပ်နှစ်ရက်စား အခြေအ နေကနေ တိုးပွားလာသော မိသားစုဝင် က သူကို နားရက်မပေးခဲ့။ လေးနှစ် ကျော်တိုင် လာသည့် အထိ သူ့ခရီးက ဟိုင်းလတ် အမိုးပေါ်က မဆင်းနိုင်သေး။

”သက်သောင့် သက်သာလေး စီး လာပြီး ရောင်းချ ချင်တာပေါ့ဗျာ၊ ကား ခေါင်မိုးပေါ် လူမစီးရဘူး ဆိုပေမယ့် အခုက ဘယ်လိုဖြစ်နေလဲ ဆိုတာ အား လုံးသိနေ တာပဲကို”ဟု ၄င်းကပြော သည်။

မပြည့်စုံ မလုံလောက် ခဲ့သော သယ်ယူ ပို့ဆောင်ရေး စနစ်ကြောင့် ယခင်ခေတ် ကတည်းက အသားကျ လာမှု များသည် ဒီမိုကရေစီ ခေတ်ဆို သော ယနေ့ခေတ် အထိ ရိုးရာ မပျက်။ ဟိုင်းလတ်ဒိုင်နာ ကားများကို အမိုး ပေါ်တွင် ခရီးသည် တင်ဆောင်ခြင်း မပြုစေရန် ၂ဝ၁၃ ခုနှစ် ဇွန်လက နောက်ဆုံး အကြိမ် အဖြစ် တားမြစ်မိန့် (ဥပဒေ သဖွယ်) ထုတ်ခဲ့သော်လည်း ယင်းသည် အသက်မဝင်။

‘ကျွန်တော် တို့ကတော့ သူတို့ ပြောသလို လုပ်ချင်တာပေါ့။ ဒါပေမဲ့ ဒါက ဘယ်လိုမှ အဆင်မပြေဘူးလေ။ စီးတဲ့ သူဘက်ကကော ကျွန်တော်တို့ အတွက်ပါ အဆင် မပြေဖြစ်ရုံ ပဲရှိတယ်။ ဒီဟိုင်းလတ်ကို ကားကြီးပြောင်းဖို့က အပြောသာ လွယ်တာလေ။ ထပ်လိုက်ရ မယ့်ငွေက ကျွန်တော်တို့ မမီနိုင်လောက် ဘူး။ ဒီကနေ အမြတ် ထွက်တာက တော့..”ဟုဆိုကာ ဟိုင်းလတ်ကား ဆရာက စကားကို ဖြတ်လိုက်သည်။

ကားခေါင်မိုးပေါ် မစီးရ စည်း မျဉ်းရှိပါသည်။ ကားသမား အတွက် အဆင်မပြေပါ။ ခရီးသည် အတွက် လည်း အဆင်မပြေပါ၊ မော်တော်ပီ ကယ် အတွက်သာ အဆင်ပြေ ပါသည်။

သည်ဥပဒေကို လူတွေလိုက်နာ နိုင်လိမ့်မည်ဟု သင်ယုံကြည်ပါသလား။

(၂)

”မစီးရင်လည်းနေဗျာ ဒီခရီးနဲ့ ဒီ ခရီးဒီလောက်တော့ ပေးရမှာပေါ့။ ဒါ လောက်လေးတောင် မသိဘဲ ကားငှား စီးနေသေးတယ်” ဟု ဆိုရင်းမောင်း ထွက်သွားသော တက္က စီကြောင့် ကိုမောင်မောင်ဆွေ ဒေါသထွက်နေမိ ပါသည်။ ရန်ကုန် မရောက်တာ ကြာ ပြီဖြစ်သောကြောင့် ဘယ်ကားကို ဘယ် လို စီးရမှန်းမသိ။ ထို့ပြင် အချိန် ကလည်း သိပ်မ ရသောကြောင့် သွားလိုရာ သို့ တက္ကစီလေး နှင့် အေးအေးချမ်းချမ်း သွားချင်မိသည့် စိတ်ကိုပင် ပြန်အပြစ် တင်ရမည်လား၊

”မိုက်ရိုင်းတာ။ ငါ -ိုးမသားေ -ာက်ဆံ ပေးစီးမယ့်ဟာကို။ နိုင်ငံက လည်း သောက်သုံးကို မကျဘူး။ တက္ကစီ တောင် မီတာ မတတ်နိုင်သေးဘူး” ဟု မနေ့ကမှ မလေးရှား မှ ပြန်ရောက်လာ သော ကိုမောင်မောင်ဆွေ က ဆိုသည်။ မှန်သည်။ ဤကား နိစ္စဓူဝ မြင်တွေ့ ကြုံ ကြိုက်ရသည့် ထူးပြီး မဆန်းတော့သော မြင်ကွင်း တစ်စမျှ သာ ဖြစ်ပါသည်။ သို့သော် တက္ကစီ ဆရာလည်း သိသည်။ တက္ကစီစီး ခရီးသည်လည်း သိသည်။ တက္ကစီတိုင်း လိုလိုတွင် မီတာပါ သည်။

၂ဝ၁၁ ခုနှစ်မှ စကာ တက္ကစီများ ကို မီတာ တပ်ဆင် အသုံးပြုရန် ကညန က ထုတ်ပြန်ညွှန်ကြား ခဲ့သည်။ တပ်ဆင်ရမည့် မီတာကို ၄င်းတို့က ထုတ် ရောင်းပေး သည် မဟုတ်။ သူတို့ထံမှာ ဝယ်မှသာ တရားဝင်သည့် သဘော။ မဟုတ်လျှင် လုပ်ရကိုင်ရ အရမ်း ခက်ခဲသည်။ တက္ကစီ မီတာ တစ်လုံးလျှင် တပ် ဆင်ခ အပါအဝင် တန်ဖိုးနှစ် သိန်းတိတိ။

”အာ ကိုယ့် ဆရာနှယ် ဘယ်သူမှ မီတာနဲ့ မဆွဲနိုင်သလို ဘယ် ခရီးသည် မှလည်း မီတာနဲ့မစီးကြဘူး။ ဘယ်နှယ့် မတော်မရော်တွေ လာတတ်ပြီး လာ လုပ်ခိုင်းနေ တာကို ဘယ်သူ က လိုက် နာနိုင်မှာတုန်း။ စကတည်း ကကို ကိုယ် တွေအတွက် လုပ်တာမှ မဟုတ်တာ” ဟု တက္ကစီမောင်းသက် ၈နှစ်ကျော် ရှိ ကိုအာကာက ပြောသည်။

မည့်သို့ မှတ်ချက် ပြုချင်ပါသနည်း။ တက္ကစီတွင် မီတာ တပ်ထားသည်။ မီတာကို အသုံးပြု ရမည်ဟုလည်း စည်း မျဉ်းရှိပါသည် ။ အသုံးမပြုလျှင် ဖမ်း ဆီး ဒဏ်ရိုက် ခံရမည်ဟုလည်း စည်း မျဉ်းရှိပါသည်။ သို့သော် ကားဆရာက လည်း မီတာသုံးလျှင် အဆင်မပြေ၊ ခရီး သည် ကလည်း ယခုကဲ့သို့ လမ်း ပိတ်ပုံ မျိုးနှင့်ဆို ပိုဆိုးသေး။ ဤသို့ ဆိုဖြင့် ဘာ ကြောင့် မီတာတပ် ရသနည်းဟု မေးလို ပါသလား။ လမ်းမှာတွေ့ရာ တက္ကစီ ဆရာသာ မေးကြည့်ပါ ။မြေကြီးလက် ခတ်မလွဲ ဆိုသကဲ့သို့ မှန် ကန်သောအ ဖြေကို ရစေရမည်။

(၃)

ဒီနေ့ ကိုအညာသား တို့ လမ်းရှင်း နေသည်။ လမ်းဘေးဈေးသည် တစ်ဦး မျှ မရှိ။ ယခင်နေ့ များက ဆူညံ ရှုပ်ပွနေ ခဲ့သောဤ လမ်းကလေးသည် သူ မ ဟုတ်သည့် အလား တည်တည် ခန့်ခန့်။ သို့ရာတွင် လမ်းတစ်ခြမ်းသာ၊ ကျန် တစ်ခြမ်း ကတော့ ရှုပ်ပွမြဲ ဆူညံမပျက်၊

”ဟိုဘက်ခြမ်း (အလုံ)က စည်ပင် တွေ ဒီနေ့ လာစစ်မှာမို့ အဲ့ဒီဘက် တစ် ခြမ်းလုံး ဒီနေ့ ဈေး မထွက်ရဘူးလေ။ မနက်ဖြန်တော့ ပုံမှန် ပြန်ဖြစ်မှာပေါ့။ ကျွန်တော်တို့ ဘက် အခြမ်းက ဟိုတစ်နေ့ က လာသွားသေးတယ်” ဟု ကိုအညာ သားက ပြောသည်။

လမ်းမတော် မြို့နယ်နှင့် အလုံ မြို့နယ် အစပ်က လမ်းသည် ဟိုဘက် စည်ပင် သည်ဘက် စည်ပင် တစ်ခြမ်းစီ အပိုင်စား ယူထားသော လမ်း။ တိုက် ကြီး ကားဂိတ် ရှိရာ လမ်းဖြစ်သဖြင့် ခရီး သည် လမ်းဘေးဈေးသည် တို့ဖြင့် စည်ကားနေ တတ်သော လမ်း။ တစ်ခြမ်းနှင့် တစ်ခြမ်း စည်းမကျော် စတမ်း ဟူသော စည်ပင်တို့ကြောင့် လမ်း တစ်ခြမ်း သည် တစ်ခါတစ်ရံ ဆွံအ နေတတ်သည် ။

”ပေးရတာပေါ့ဗျာ။ အချိန်တန်ရင် လာဖြန့်တဲ့ လက်ထဲ ထည့်ပေးရတာ ပဲ။ ဘာစည်း ညာစည်းနဲ့ ညှိနေတယ်။ နားလည်မှု အရ ပေးဖွင့်တာ ဆိုတော့ လည်း” ဟု ဈေးသည် တစ်ဦးက ပြောသည်။ လူကြီး လမ်းကြောင်း လိုလို၊ ခြင် ဆေးဖျန်း သလိုလိုနှင့် မကြာမကြာရောက် လာတတ်သော စည်ပင် တို့က မထင်ရင် မထင်သလို ဆိုင်ခင်း ပစ္စည်း ပစ္စယ များ ကိုပါ သိမ်းသွား တတ်ကြပါသေးသည်။

”အော် အဲ့လို ဆိုတော့လည်း ရုံး မှာ သွားပြန်ရွေး ရတာပေါ့၊ ငိုပြတတ်ရ တာပေါ့လေ။ ဒီ အနေအထား ရောက်နေ မှတော့”ဟု ဈေးသည် အဒေါ်ကြီး၏ ပြော စကားက ထိုင်းနိုင်ငံ မဲဆောက်မြို့ပေါ် ဈေးရောက် ကရင် အဖွားအိုကြီးကို သတိရစေသည် ။မငြိမ်သက်သော နယ် မြေ အခြေအနေကြောင့် နေရပ်ကို စွန့် ခွာပြီး ထွက်ပြေးခဲ့ရသူ ကရင် အဖွား အိုကြီးသည် မဲဆောက်ဈေး ထဲတွင် ယနေ့ အထိ ဈေးရောင်း နေသေးလား မသိ။ သူ့ပြောစကား ကိုတော့ အားလုံး က လက်ခံနိုင်မည် ထင်သည်။

”ဟိုမှာ အားလုံး ကြောက်ရတယ် ရဲ၊ စစ်တပ်နဲ့ သူပုန် အားလုံးက မထင် ရင် မထင်သလိုပဲ ဒီမှာနေရတာ စိတ်ချမ်းသာတယ် ဈေးကောက် တော့ပေးရ တာပေါ့။ ဒါပေ မဲ့ ဈေးကောက် ပေးထား တဲ့အတွက် ဘယ်သူမှ ဘာမှ မနှောင့်ယှက် တော့ဘူး။ ယပ်ခတ်ပြီး ဈေးရောင်းစား လို့ရတယ်၊ ခေါင်းပြားအောင် အိပ်လို့ရ တယ်”

(၄)

မီးမှိန်မှိန် ထွန်းထားသော လှေ ကား အဆုံးတွင် ပိတ်ခတ် ထားသော သော့ခလောက်က သူ့ကို သူစိမ်းဆန် လွန်းနေသည်။ ပုံမှန် ဆိုလျှင် တံခါးကို ပိတ်ရုံသာ ပိတ်ထား ပြီး တံခါးခေါက် လိုက်သည်နှင့် ပွင့်လာ တတ်သည့် တံ ခါးက ဒီညတော့ ဖွင့်မည် မဟုတ်တော့။ အလိုက်တသိနှင့်ပင် သူအောက် သို့ပြန် ဆင်းလာခဲ့သည်။ နှုတ်ကလည်း မကျေ မနပ်နှင့် ရေရွတ်လိုက်သည် ။

”သောက်စီမံချက်”

ရန်ကုန်မြို့တွင် အထူးသဖြင့် downtown ခေါ် မြို့လယ် ဧရိယာများ တွင် မာဆတ်အနှိပ်ခန်း ကေတီဗီ များ က လက်ညှိုးထိုး မလွဲဆိုလျှင် လွန်အံ့ မခန်း၊ တိုးတက် လာသော မြို့ပြစနစ် အရ လိုအပ်ချက် တစ်ခု သဖွယ် ဖြစ်လာ သောကြောင့်လည်း ဖွံ့ထွား လာသည့် ဈေးကွက်ဖြစ်သည်။ ထို့ကြောင့်ပင် ကြည့်လေရာတွင် အစီစီ အရီရီ။ တချို့ က ပြောင်ပြောင် တင်းတင်း၊ တချို့က ခိုးကြောင် ခိုးဝှက် ။မည်သို့ပင် ဖြစ်စေ၊ သူတို့အားလုံး တရားမဝင် ခွင့်ပြုချက် ရထားသဖြင့်သာ ဖွင့်ရဲကြခြင်းဖြစ် မည်။ ထို့ အတွက် ပေးရသော လိုင်းကြေးခေါ် ခေါ်၊ ဘော်ဒါကြေး ခေါ်ခေါ် ကြေးများ သည် တိုင်းပြည်၏ ဘဏ္ဍာငွေ စာရင်းထဲ ဝင်မည် မဟုတ်သည် ကားသေချာသည်။

မည်သို့ပင် ဖြစ်စေ ဤဈေးကွက် သည် မက်လောက်စရာ ဖြစ်သော ကြောင့် ဖွင့်ခွင့်ရမည် ဆိုလျှင် မည်သူ့ကို မည်ကဲ့သို့ ပေးရသည် ဆိုစေ ဖွင့်ကြပေ လိမ့်မည်။ ဖွင့်လည်း ဖွင်နေ ကြပါသည်။ အလုပ်လည်း ဖြစ်နေကြပါသည်။ သို့ သော် …..

စီမံချက် ဟူသော စကားလုံးကို တချို့ဆိုင်တွေက စိတ်နာနေလိမ့်မည် ရွံရှာနေလိမ့်မည်။ အဆုံးစွန် ကြောက် ရွံနေလိမ့်မည်။ စီမံချက် ဆိုပါက လိုင်း ကြေး ပေးပေး၊ မပေးပေး သူတို့ ဖမ်းလို့ ရသောဆိုင် တို့ကို ရဲက ဝင်ဖမ်းသည်။ ပစ္စည်း သိမ်းသည်။ ကောင်မလေးတွေ စခန်းကို ဖမ်းခေါ်သွားသည်။ နောက် တစ်ခါ ထပ်စဖို့ အတွက် အတော် ခက်ခဲ သော အခြေအနေနှင့် ရင်ဆိုင် ရမည်မို့ စီမံချက် ကို တချို့က ကြောက်သည်။

သို့သော် စီမံချက် ခေါင်းစဉ်အောက် မရောက်သော မာဆတ် အနှိပ်ခန်း၊ ကေတီဗီတို့လည်း ရှိပါသည်။ ထိုသူ တို့အတွက် သူတို့၏ စီးပွားရေး သည် သူတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရနယ် မြေ။ မည်သူမျှ ဝင်ရောက် စွက်ဖက်ခွင့် မရှိ။ အလွန်တရာ ခက်ခဲခဲ့သော အချိန် တွေ မှာပင် သူတို့ ပန်းပန်မပျက်။

”တချို့ဆို ၂ဝဝ၇ တုန်းက အခြေ အနေမျိုး မှာတောင် အဖွင့်မပျက်ဘူး။ အစောင့်အရှောက် တချို့တောင် ရ သေးတယ်”ဟူသော မာဆတ် ဆိုင်ရှင် တစ်ဦး၏ စကားက စည်းမျဉ်း ကိုမည်သူ ကထုတ်ပြီး မည်သူက လိုက်နာရမည်။ မည်သည့် အခြေအနေမျိုး ဆိုလျှင် စည်းမျဉ်းကို လိုက်နာရပြီး မည်သည့် အချိန် တွင် ချိုးဖောက် မှုဖြင့် ပြစ် ဒဏ် ချခံရ မည်ကိုထင်ထင်ရှားရှားခံစားသိစေသည်။

(၅)

နိုင်ငံခြားဖြစ် စီးကရက်၊ ဘီယာ နှင့် အရက်မျိုးစုံ တို့ကို တင်သွင်း ခွင့်မပြု တော့သည့် မှောင်ခို တားဆီးမှု တစ်နှစ် ပြည့်တော့မည့် အချိန်အထိ စူပါမား ကက်ကြီးများ အပါ အဝင်ဈေးဆိုင်ကြီး များတွင် ၄င်းတို့က အခန့်သား နေရာ ယူလျက် ရှိနေမြဲ။ အကောက်ခွန်မဲ့ မှောင်ခိုပစ္စည်းများကို မိုဘိုင်း အဖွဲ့ဖြင့် တားဆီး ဖမ်းဆီးနေ သည်လည်း ဆို သေး၊ လုံးဝ တင်သွင်းခွင့်မရသည့် နိုင်ငံ ခြားဖြစ် စီးကရက်၊ ဘီယာနှင့် အရက် မျိုးစုံတို့ စူပါမားကက် များပေါ်က မဆင်း သေးသည်က အံသြစရာ များဖြစ်နေသ လားမသိ။

ဝယ်သူရှိရင် ရောင်းသူ ရှိသည်ဟူ သော ဘောဂဗေဒ သဘောအရ ဤ ပစ္စည်း တို့၏ ဈေးကွက်က အပြီးတိုင် ပျောက်သွားစရာမရှိ။

”ဒါတွေ မရှိရင် ကျုပ်တို့က ဘာတွေ သောက်ရမှာလဲ။ စီးပွား/ ကူးသန်း ဝန်ကြီးတောင် အရက် အတုသောက် လို့ ဖောနေတယ် ဆို ကျွန်တော်တို့ က ပြည်တွင်း က ဈေးပေါပေါ အရည်အသွေး မမီတဲ့ အရက် သောက်ပြီး ဖောရမှာ လား” ဟုမေးလာသော လမ်းမတော် မြို့နယ်နေ ကိုဌေး၏ အမေးစကား က ဈေးကွက် သဘောအရ ဤဈေးကွက် မည်သို့မျှ မပျောက်နိုင်သည်ကို ရေး ရေးမြင်စေမ ည်ဟု ထင်ပါသည်။

ထိုကဲ့သို့ တားမြစ်သည့် စည်းမျဉ်း တို့ ရှိနေသည့်တိုင် အသက်ဝင်အောင် မည်မျှ စွမ်းဆောင်နိုင် ပါသနည်း ပေါ် တင်ကြီးတွေ့နေ ရသော ပစ္စည်း များမှာ မည်သူ့ ထံက လာ သနည်း။ မည်သည့် လမ်းကြောင်းက ဝင်လာသနည်း။ စသည့် မီးခိုးကြွက်လျှောက် မေးခွန်းများ သာ အမှန် အစွမ်းထက်ခဲ့ပါက ကိုဌေး တို့ မည်မျှပေါက်ကွဲ ခံစားရ မည်နည်း။

ထိုပစ္စည်း များသည် ကြီးရင်လွတ် သည်ဟူသော ဥပဒေ သဘောအရ ကားစီးလုံး တိုက်ဖြင့် ဝင်လာခဲ့လေသ လား။ လေယာဉ်ဖြင့်ပင် ဝင်လာသ လော။ American Ganster ဆိုသော ဇာတ်ကားမှ သရုပ်ဆောင် ဒန်ဇယ် ဝါရှင်တန် ၏ ဘိန်းသွင်း လမ်းကြောင်း ကို သတိရစရာကောင်းသည်။

နိုင်ငံခြားဖြစ် စီးကရက် ၊ ဘီယာ နှင့် အရက်မျိုးစုံ တို့ကို တင်သွင်း ခွင့်မပြု တော့သည်မှာ တစ်နှစ်ပြည်တော့မည်။ သွင်းမြဲ၊ ဝင်မြဲ၊ ရောင်းမြဲ၊ သို့ရာတွင် မှောင်ခိုအငယ် စား တို့တော့ ဖမ်းဆီးရမိ နေပါပြီ။

မှောင်ခိုအကြီးစားတို့ကိုမူ အခု ဖမ်းမည်။ တော်ကြာဖမ်းမည်။ ဖမ်း ချင်မှလည်း ဖမ်းပါလိမ့်မည်။

(၆)

”ကျွန်တော်တို့ အလိမ်ခံ ရလို့ပါ။ ငွေကျပ် ရှစ်သောင်းက ငွေထုပ်ထဲမှာ မပါလာတော့ဘူး။ အဲဒါကို ကျွန်တော်တို့ လာ တိုင်တာပါ”ဟု အသက် ၂၇ နှစ် အရွယ် လူရွယ် တစ်ဦး က မြို့ထဲစခန်း တစ်ခုတွင် တိုင်တန်းခဲ့သည်။

စီးပွားရေး မြို့တော်ကြီး ဖြစ်သော ရန်ကုန်၏ မြို့လယ်နေရာ နေ့ခင်း ကြောင်တောင် အချိန်တွင် အလိမ်ခံ လိုက်ရမှု က ရိုးရိုးအမှုတော့ မဟုတ်။ နိုင် ငံခြား ဒေါ် လာနှင့် မြန်မာငွေကို လဲလှယ်ရင်း မြန်မာငွေပါ သွားသည့် အမှု။ တစ်ဦး နှုန်းမဟုတ် အနည်းဆုံး လူပေါင်း ဆယ် ချီ၍ မျက်လှည့်ပြ သလို အလိမ်ခံနေကြ ရ၍ ပြီး ပြီးရော နေခဲ့သူရှိသလို၊ မခံနိုင် ၍ ရဲတိုင်သူ တို့က ရှိနေသည်။

”ကျွန်တော်က သွားပြောတော့ စခန်းမှူး ကိုယ်တိုင် အလိမ်ခံရတဲ့ ပိုက် ဆံ စိုက်ထုတ်ပေးတယ်”ဟု အထက်ပါ လူရွယ်က ပြောသည်။

မြို့တော်ခန်းမရှေ့နှင့် မြို့လယ် တစ်ဝိုက် ထိုသို့လုပ်စားနေသူတို့ကို ရဲ က မမြင်၍လား သို့တည်းမဟုတ်…။
(၇)
—————————–
(၈)
—————————–
—————————–
—————————–
—————————–

ခေတ်မီ ဖွံ့ဖြိုးပြီး စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီ စနစ်သို့ ဦးတည်ချီ တက်နေသော မြန်မာနိုင်ငံသည် ကာလ ရှည်ကြာ အသားကျခဲ့မှု များကို ခွာချ နိုင်ရမည်။ အသွင် သစ် အမြင်သစ် မြန်မာကို တည်ဆောက်ရေး အတွက် အမှန်တကယ် တရား မျှတသော စည်း မျဉ်းများ ရှိရမည်။ ထို တရားမျှတသော စည်းမျဉ်း များကို လိုက်နာရေး မှာ ပြည် သူအတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်မနေဖို့ လည်းလိုသည်။ ယင်းစည်းမျဉ်း များမှ လွတ်ကင်း ခွင့်ရ အခွင့်ထူးခံ များရှိမနေ စေရန် လုပ်ဆောင်နိုင်ရမည်။ ယင်းစည်း မျဉ်းများ ကို အကောင်အထည်ဖော်ရ မည့် ဝန်ထမ်းများ အဂတိတရား ကင်း ရှင်းရမည်ကိုမူ အထူးပြောနေစရာ မလို။

ဤနေရာ အရောက်တွင် တက္က သိုလ် ကျောင်းသားဘဝ အဆောင်ရှေ့ တွင် ညဥ့်နက် သန်းခေါင် ဂစ်တာတီး နေသဖြင့် မှောင်ရိပ်ခို မှုဖြင့် အဆွဲခံရဖူး သူ သူငယ်ချင်း တစ်ယောက် ၏ ပေါက် ကွဲသံကို ပြန်ကြားယောင်လာပါသည်။

”သေသေချာချာ ထုတ်ပြန်ထားရင် မျှမျှတတ ပြဋ္ဌာန်းထားရင် ငါတို့မလိုက် နာနိုင်စရာ ဘာအကြောင်းမှ မရှိဘူး။ အခုက သောက်တလွဲ ကြီး ကို ချီးပဲ လိုက်နာ စရာလား”

မတရား၊ မမျှတသော ဥပဒေ၊ စည်းမျဉ်းများကို မလိုက်နာခြင်းသည် အပြစ်ဖြစ်နေပါသလား။

ကျော်ရဲလင်း

Popular Myanmar News Journal