Home » » ဖိလိပိုင်မှာ ပြင်းထန်တဲ့ Haiyan လေမုန်တိုင်း ၀င်ရောက်မယ်

ဖိလိပိုင်မှာ ပြင်းထန်တဲ့ Haiyan လေမုန်တိုင်း ၀င်ရောက်မယ်

Written By Unknown on Friday, November 8, 2013 | 8:33 AM

ဖိလိပိုင်နိုင်ငံမှာ ​Haiyan ​လို့ခေါ်တဲ့ ​မုန်တိုင်းကြီး ​ဝင်ရောက်မှာဖြစ်တဲ့အတွက် ​လူပေါင်းမြောက်များစွာကို ​နေရာပြောင်းရွေ့မှု ​လုပ်ထားသလို၊ ​စာသင်ကျောင်းတွေ ​ပိတ်ထားပြီး ​လေယာဉ်၊ ​သင်္ဘော ​ပြေးဆွဲမှုတွေ ​ရပ်တန့်ထားပါတယ်။

တစ်နာရီကို ​လေတိုက်နှုန်း ​ကီလိုမီတာ ​၃၃၀ ​ရှိတဲ့ ​မုန်တိုင်းကြီးက ​ဒီကနေ့မနက် ​ဖိလိပိုင်နိုင်ငံမှာ ​ကျရောက်ဖို့ရှိတဲ့အတွက် ​အပျက်အစီးတွေ၊ ​ရေကြီးမှုတွေ ​ဖြစ်နိုင်တယ်လို့ ​ကြိုတင်ခန့်မှန်းနေကြတာ ​ဖြစ်ပါတယ်။

Haiyan ​မုန်တိုင်းဟာ ​Samar ​ကျွန်းကို ​အဓိက ​ဝင်ရောက်ဖို့ရှိပြီး ​အဲဒီနောက် ​ဖိလိပိုင်နိုင်ငံ ​အလယ်ပိုင်းနဲ့ ​မြောက်ပိုင်းကို ​ဖြတ်ကျော်ပြီး ​စနေနေ့ကျရင် ​တောင်တရုတ်ပင်လယ်ဖက်ကို ​ရောက်ရှိဖို့ ​ရှိနေပါတယ်။

မုန်တိုင်းဝင်ရောက်မယ်ဆိုတဲ့ ​ဒေသဟာ ​၂၀၁၁ ​ခုနှစ်တုန်းကပဲ ​အင်အားကြီး ​ငလျင်ဒဏ်ကို ​အလူးအလဲ ​ခံခဲ့ရတဲ့ ​ဒေသဖြစ်ပြီး ​ပြန်လည်ထူထောင်ရေးတွေ ​လုပ်နေဆဲအချိန်မှာ ​ခုလို ​မုန်တိုင်းဒဏ် ​ထပ်မံ ​ခံရမယ့်အနေအထားကြောင့် ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

ငလျင်ဒုက္ခသည် ​အယောက်ပေါင်း ​ငါးထောင်ဟာ ​ခုချိန်ထိ ​ယာယီတဲတွေမှာ ​နေထိုင်နေရဆဲ ​ဖြစ်ပါတယ်။

ဖိလိပိုင်နိုင်ငံကို ​ဒီကနေ့ ​ဝင်ရောက်မယ့် ​မုန်တိုင်းဟာ ​ဒီနှစ်အတွက် ​ကမ္ဘာ့အပြင်းထန်ဆုံး ​မုန်တိုင်းဖြစ်ပါတယ်။

၂၀၁၂ ​ခုနှစ်တုန်းက ​ဖိလိပိုင်နိုင်ငံကို ​ဝင်ရောက်ခဲ့တဲ့ ​ဘိုဖာမုန်တိုင်းဟာလည်း ​ကမ္ဘာ့အပြင်းထန်ဆုံး ​မုန်တိုင်းဖြစ်ခဲ့ပြီး ​အဲဒီမုန်တိုင်းကြောင့် ​လူပေါင်း ​၂၀၀၀ ​လောက် ​သေဆုံး၊ ​ဒါမှမဟုတ် ​ပျောက်ဆုံးခဲ့ပါတယ်။

ABC Radio Australia