Home » » ရှမ်း​ပြည်​တောင်​ပိုင်း ​ပင်​လုံ​မြို့​နယ်​မှာ ​မိုင်း​နင်း​မိ​ပြီး ၄ ​ဦး ​ဒဏ်​ရာ​ရ

ရှမ်း​ပြည်​တောင်​ပိုင်း ​ပင်​လုံ​မြို့​နယ်​မှာ ​မိုင်း​နင်း​မိ​ပြီး ၄ ​ဦး ​ဒဏ်​ရာ​ရ

Written By Unknown on Tuesday, November 19, 2013 | 5:00 PM

ရှမ်း​ပြည်​နယ် ​တောင်​ပိုင်း ​လွိုင်​လင်​ခ​ရိုင် ​ပင်​လုံ​မြို့​နယ်​ထဲ​မှာ  ​ဟင်း​သီး​ဟင်း​ရွက် ​ခူး​ထွက်​တဲ့​  ​က​လေး​ငယ်​တ​ဦး ​အ​ပါ​အ၀င်    ​ရွာ​သူ ၄ ​ဦး ​မိုင်း​နင်း​မိ​ပြီး ​ဒဏ်​ရာ​တွေ​ရ​သွား​ခဲ့​တယ်​လို့ ​ပင်​လုံ​ဆေး​ရုံ​နဲ့ ​ဒေ​သ​ခံ​တွေ​ရဲ့ ​ပြော​ပြ​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။

mine​ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၁၆ ​ရက်​နေ့ ​မွန်း​လွဲ​ပိုင်း​က  ​တော​ထဲ​မှာ   ​မိုင်း​နင်း​မိ​တဲ့​  ​လူ​နာ ၄ ​ဦး​  ​ဆေး​ရုံ​ကို ​ရောက်​လာ​ပြီး ၂ ​ဦး​မှာ ​ဒဏ်​ရာ ​ပို​ပြင်း​တဲ့​အ​တွက် ​လွိုင်​လင်​ခ​ရိုင် ​ဆေး​ရုံ​ကို ​ဆက် ​ပို့​ဆောင်​ထား​ရ​ကြောင်း ​ပင်​လုံ​ဆေး​ရုံ ​တာဝန်​ကျ ၀န်​ထမ်း​တ​ဦး​က ​ပြော​ပါ​တယ်။

“၂ ​ယောက်​က ​လွိုင်​လင်​ဆေး​ရုံ​ကို ​လွှဲ​လိုက်​တယ်။ ​တ​ယောက်​က ၁၉ ​နှစ် ၊ ​တ​ယောက်​က ၃၇ ​နှစ် ၊ ​အဲ​ဒါ ​ဆေး​ရုံ​က ​ဆင်း​ပြီ​လား​၊ ​မ​ဆင်း​သေး​ဘူး​လား ​မ​သိ​ဘူး​။  ​ဒဏ်​ရာ​က ​ခြေ​တောက်​မှာ ​အ​ပေါက် ​နည်း​နည်း​ကြီး​လို့​ပါ။ ​ကျန်​တဲ့​  ၂ ​ယောက်​က​တော့ ​ပြင်​ပ​လူ​နာ​အ​နေ​နဲ့ ၁ ​ရက်​ခြား ​ဆေး​လာ​ထည့်​ပါ​တယ်။”

ဒဏ်​ရာ​ရ​သူ ​အား​လုံး​မှာ ​အ​မျိုး​သ​မီး​တွေ ​ဖြစ်​ပြီး ​အ​သက် ၃၇ ​နှစ်၊ ၂၂ ​နှစ်၊ ၁၉ ​နှစ်​နဲ့ ၄ ​နှစ်​ရွယ် ​က​လေး​ငယ်​တ​ဦး ​ပါဝင်​တယ်​လို့ ​ဆို​ပါ​တယ်။

ဒဏ်​ရာ​ရ​သူ​တွေ​ဟာ  ​ပင်​လုံ​မြို့ ​အ​နောက်​ဘက် ၁၀ ​မိုင်​ကျော်​လောက်ဝေး​တဲ့​နေ​ရာ​မှာ ​ရှိ​တဲ့ ​ကျူ​နစ်​ရွာ​က ​ဖြစ်​ပြီး​   ​လွယ်​မုံး​တောင်​ပေါ်​မှာ  ​ဆေး​ခါး​ပင် ​သွား​နှုတ်​ရင်း ​မိုင်း​နင်း​မိ​တာ​လို့ ​ပင်​လုံ​မြို့​ခံ ​ရပ်​မိ​ရပ်​ဖ ​တ​ဦး​ဖြစ်​တဲ့​  ​စ၀်​ဆိုင်​မိုင်း​က​လည်း ​ခု​လို​ပြော​ပါ​တယ်။

“​လွယ်​မုန့်​တောင်​ရဲ့ ​တောင်​ဘက်​ပေါ့​။ ​ကျူး​နစ်​ရွာ​က ​အ​မျိုး​သ​မီး ၄ ​ယောက်၊ ​သူ​တို့ ​ဆေး​ခါး​ပင် ​လိုက်​ရှာ​တာ၊ ​နေ့​လည် ၁၁ ​နာ​ရီ​လောက်​မှာ ​မိုင်း​သွား​တိုက်​မိ​တယ်​ပြော​တယ်၊ ​နန်း​ပေါ်​ရယ်၊ ​နန်း​လား​ရယ်၊ ​နန်း​ဟွမ်​ရယ်​နဲ့ ​နောက်​တ​ယောက်​က ​မို့​တွမ်း​တဲ့​။  ​ပ​အိုဝ်း​လူ​မျိုး​ဘဲ၊ ​နန်း​ပေါ်​က ​အ​ခြေ​အ​နေ​ဆိုး​တယ်။ ​ခြေ​သ​လုံး​တ​ဘက် ​လုံး​၀​ပါ​သွား​တယ်၊ ​ခ​န္ဓာ​ကိုယ်​မှာ​လည်း ​မိုင်း​စ​တွေ ​လွင့်​တယ်​ပြော​တယ်။”

ရွာ​သား​တွေ ​နင်း​မိ​တဲ့ ​မိုင်း​တွေ​ဟာ ​ဘယ်​အ​ဖွဲ့​က ​ထောင်​ထား​တဲ့​မိုင်း​တွေ ​ဆို​တာ​ကို​တော့ ​မ​သိ​ရ​သေး​ပါ​ဘူး​။

အဲ​ဒီ​ဒေ​သ​မှာ ​ရှမ်း​ပြည်​တပ်​မ​တော် ​တောင်​ပိုင်း​အ​ဖွဲ့​ရော၊ ​အ​စိုး​ရ​တပ်​ပါ ​လှုပ်​ရှား​နေ​ပြီး​  ​ဒီ​ဖြစ်​ရပ် ​မ​တိုင်​ခင် ​ပြီး​ခဲ့​တဲ့​လ​က  ​ဟွေ​ကောက်​ရွာ​နား​မှာ ​တိုက်​ပွဲ ​ဖြစ်​ပွား​ခဲ့​ကြောင်း​၊ ​တိုက်​ပွဲ​ဖြစ်​ပြီး​တဲ့​နောက် ​အ​စိုး​ရ​တပ်​တွေ​က  ​လွယ်​မုန့်​တောင်​ပေါ်​မှာ ၀င်​ရောက် ​အ​ခြေ​ချ​နေ​ရာ​ယူ​လာ​တာ​လို့ ​စ၀်​ဆိုင်​မိုင်း​က ​ပြော​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​မှာ ​အ​စိုး​ရ​တပ်​တွေ​က​ရော ​လက်​နက်​ကိုင် ​တိုင်း​ရင်း​သား​တပ်​ဖွဲ့​တွေ​က​ပါ ​မြေ​မြှုပ်​မိုင်း​တွေ ​အ​သုံး​ပြု​နေ​ကြ​ပြီး​   ၁၉၉၉ ​ခု​နှစ်​က​နေ ၂၀၁၂ ​ခု​နှစ် ​အ​ထိ ​မြေ​မြှုပ်​မိုင်း ​ဒဏ်​ခံ​ရ​သူ​ပေါင်း ၃၃၀၀ ​ကျော်​ရှိ​တဲ့​အ​နက်  ၃၀၀​ကျော် ​သေ​ဆုံး​သွား​တယ်​လို့ ​နိုင်​ငံ​တ​ကာ ​မြေ​မြှုပ်​မိုင်း ​အ​သုံး​ပြု​မှု ​လေ့​လာ ​စောင့်​ကြည့်​ရေး​အ​ဖွဲ့ (ICBL)​ရဲ့​  ​အ​ခု​နှစ် ​အ​စီ​ရင်​ခံ​စာ​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

By ​နန်း​မြ​န​ဒီ (ဒီဗွီဘီ)