Home » » ကျေးရွာလူထုထံမှ ကောက်ခံရရှိငွေဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံတွင် ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တင်

ကျေးရွာလူထုထံမှ ကောက်ခံရရှိငွေဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံတွင် ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တင်

Written By Unknown on Friday, November 15, 2013 | 3:06 PM

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာ ရှမ်းကွင်း ကျေးရွာအုပ်စု၊ ကျုံတာကျေးရွာ၊ အရှေ့ ဘုန်းတော်ကြီးကျောင်း အနီး မြေကွက်လပ်တွင် ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးပိုင်က တစ် အိမ်ထောင်လျှင် ငွေကျပ် (၁၀၀၀)စီ ခွဲ၍ အလှူခံပြီး (၁၆ x ၃၀)ပေ ခန့်  ကျေးရွာ ပိုင် အဆောက်အအုံတွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် တင်ထားသည်ဟု ယင်းဒေသခံများက ပြောသည်။

ယင်းမြေကွက်လပ်တွင် ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (I.D.E) ကယ်ဆယ်ေ ရးနှင့် ဝေခြမ်းရေး အဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန်အိတ်(၁)အိတ် ပေး၍ လှူဒါန်းခဲ့ပြီး ထိုသို့ လှူဒါန်းနေစဉ် ယခင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးပိုင်က တစ်အိမ်ထောင် လျှင် ငွေကျပ် အလှူခံ၍  ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင် ထားကြောင်း၊ အုပ်ချုပ်ရေး မှူးဟောင်း ဦးအေးပိုင်က ကျုံတာ၊ ကျုံဖဲ ကျေးရွာကို တစ်အိမ်ထောင် လျှင် ၁၀၀၀ ကျပ်နှင့် …ရှမ်းကွင်း၊ မှော်ဝန်းစု ကျေးရွာ များကို ငွေရသလောက် ကောက်ခံမည်ဟု ပြောကြားသည်ဟု ယင်းဒေသခံများ က ပြောသည်။ ၎င်းကျေးရွာ များမှ ပြည်သူလူထု၏ ထည့် ၀င် ငွေကျပ် လေး သိန်းကျော်ဖြင့် အဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအဆောက်အအုံတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် တင်ထားခြင်းကို မလို လားကြာင်း ယင်းကျေးရွာနေ ပြည်သူများက ပြောသည်။

ကျုံတာကျေးရွာပြည်သူများ

Myanmartandawsint Newspaper