Home » » လက်​ပံ​တောင်း ​ပ​ဋိ​ပ​က္ခ ၇ ​ဦး ​ဒဏ်​ရာ​ရ၊ ၃ ​ဦး ​ဖမ်း​ဆီး​ခံ​ရ

လက်​ပံ​တောင်း ​ပ​ဋိ​ပ​က္ခ ၇ ​ဦး ​ဒဏ်​ရာ​ရ၊ ၃ ​ဦး ​ဖမ်း​ဆီး​ခံ​ရ

Written By Unknown on Friday, November 15, 2013 | 2:39 PM

စစ်​ကိုင်း​တိုင်း ​မုံ​ရွာ​ခ​ရိုင် ​လက်​ပံ​တောင်း​ဒေ​သ ​မိုး​ကြိုး​ပြင်​တောင်​ရွာ​မှာ ​မ​နေ့​ည​က ​ရဲ​နဲ့ ​ဒေ​သ​ခံ​တွေ ​နှစ်​ဖက် ​အ​ချင်း​များ ​ပ​ဋိ​ပ​က္ခ​ဖြစ်​ပွား​ရာ​က​နေ ​ပစ်​ခတ်​မှု ​ဖြစ်​ပွား​ခဲ့​ပြီး ​ရဲ​တွေ​က ​ရွာ​သား ၃ ​ယောက်​ကို ​ဖမ်း​ဆီ​ခေါ်​သွား​ပါ​တယ်။

ပစ်​ခတ်​မှု​ကြောင့် ​ရွာ​သား ၇ ​ဦး ​ထိ​ခိုက် ​ဒဏ်​ရာ​ရ​ရှိ​တယ်​လို့​  ​မိုး​ကြိုး​ပြင်​ရွာ​နေ ​ဦး​လ​ပြ​ည့်​က ​ပြော​ပါ​တယ်။

“​မိုး​ကြိုး​ပြင် ​ရွာ​က ​ရွာ​သား ၇ ​ယောက် ​ထိ​ပါ​တယ်။ ​သေ​နတ်​ဒဏ်​ရာ ​ထိ​တာ​က ​မ​အေး​စန်း​၊ ​ကို​စို​ပြည်​အောင်၊ ​ကို​ဖိုး​စီ၊ ​မောင်​မျိုး​၊ ​ကို​ထွန်း​အေး​၊ ​ဦး​မှိုင်း​နဲ့ ​ကို​ဘို​နီ ​အဲ​ဒီ ၇ ​ဦး​ထိ​တာ​ခင်​ဗျ။ ​ဆေး​ရုံ​တက်​မ​ကု​ဘူး​ခင်​ဗျ။ ​ဆေး​ရုံ​တက်​မ​ကု​တာ​က ​သူ​တို့​ရဲ့ ​လုံ​ခြုံ​ရေး​ကို ​စိတ်​မ​ချ​လို့ ​ရွာ​က ​မ​ထွက်​ခွာ​ပဲ ​ရွာ​မှာ​ပဲ ​ဆေး​မီး​တို​နဲ့ ​ကု​နေ​ကြ​တယ်။ ​ကို​စို​ပြည်​အောင်​က ​ရင်​အုံ​ထိ​တယ်။ ​ကို​ဖိုး​စီ​က ​ဘယ်​ဘက်​ရင်​အုံ ​ထိ​တယ်။ ​မ​အေး​စန်း​က ​လက်​ကောက်ဝတ် ​ထိ​တယ်။ ​ကို​ဘို​နီ​က ​ခြေ​သ​လုံး​ထိ​တယ်။ ​ကို​ထွန်း​အေး​က​တော့ ​ခြေ​ထောက်​ထိ​တယ်။ ​ဦး​မှိုင်း​လည်း ​ခြေ​ထောက်​ပဲ ​ထိ​တယ်။  ​နာ​ရေး​ကူ​ညီ​မှု​က ​လူ​နာ​တင်​ကား​တွေ ​လာ​ပေ​မယ့် ​သူ​တို့​က ​မ​လိုက်​ဘူး​။”

အင်​ကြင်း​တောင်​ပေါ်​က ​သ​ပိတ်​စ​ခန်း​ကို ​မိုး​ကြိုး​ပြင်​ရွာ​က ​ဒေ​သ​ခံ ​ရွာ​သား​တွေ ​မ​သွား​ရောက်​နိုင်​အောင် ​မိုး​ကြိုး​ပြင်​ရွာ ​အ​ပြင်​ဘက်​တွင် ​ရဲ​ကင်း​တွေ ​လာ​ရောက်​ချ​ထား​ရာ​မှ ​ရွာ​သား​တွေ​နဲ့ ​အ​ချင်း​များ​ပြီး ​ပစ်​ခတ်​မှု​ဖြစ်​တာ​လို့ ​ကို​လ​ပြည့်​က ​ပြော​ဆို​ပါ​တယ်။

မ​နေ့​ည​က ​ပ​ဋိ​ပ​က္ခ​ဖြစ်​ပွား​တဲ့​အ​ခြေ​အ​နေ​တွေ​နဲ့ ​ပတ်​သက်​ပြီး ​ဆား​လင်း​ကြီး​မြို့​နယ် ​ရဲ​စ​ခန်း​ကို ​ဆက်​သွယ်​မေး​မြန်း​ပေ​မယ့် ​အ​ခြေ​အ​နေ ​အ​သေး​စိတ် ​မ​သိ​ရ​ဘူး​လို့ ​ပြန်​လည် ​ဖြေ​ကြား​ပါ​တယ်။

အ​ခင်း​ဖြစ်​ပွား​ခဲ့​ရ​တဲ့ ​အ​ကြောင်း​အ​ရင်း​ကို ​အင်​ကြင်း​တောင် ​သ​ပိတ်​စ​ခန်း​မှာ ​ဆ​န္ဒ​ပြ​တောင်း​ဆို​နေ​တဲ့ ​ဆ​ရာ​တော် ​ဦး​စ​န္ဒာ​သီ​ရိ​က ​အ​ခု​လို ​ပြော​ပါ​တယ်။

“​စ​ဖြစ်​တာ​က​တော့ ​သူ​တို့ ​ည​တွင်း​ချင်း​အား​ချင်း ၁၂ ​ရက် ​ည​က​တည်း​က ​ရဲ​ကင်း​တွေ ​စောင့်​ပြီး​တော့ ​ရွာ​သား​တွေ​ကို ​ထိန်း​တာ​ရယ်။ ​အ​ထူး​သ​ဖြင့်​တော့ ​မိုး​ကြိုး​ပြင်​ရွာ​က​နေ ​အင်​ကြင်း​တောင် ​သ​ပိတ်​စ​ခန်း​ကို ​မ​လာ​နိုင်​အောင် ​လုပ်​တာ​က​နေ ​ရဲ​တွေ​နဲ့ ​ထိပ်​တိုက်​တွေ့​ပြီး​တော့ ​ပစ်​ခတ်​မှု​တွေ ​ဖြစ်​တာ​ပေါ့​။”

မ​နေ့​ည​က ​အ​ခင်း​ဖြစ်​ပွား​ပြီး​နောက် ​မိုး​ကြိုး​ပြင်​ရွာ​က ​ရွာ​သား​သုံး​ဦး​ကို ​ဖမ်း​ဆီး​သွား​ကြောင်း ​ဆ​ရာ​တော် ​ဦး​စ​န္ဒာ​သီ​ရိ​က ​ပြော​ပါ​တယ်။

“​မ​နေ့​ည​က​လည်း ၁၁၊ ၁၂ ​လောက်​မှာ ​အ​လယ်​ရွာ​က ​ကင်း​လှည့်​တဲ့ ​ရွာ​သား​တွေ​ထဲ​က  ​ရွာ​သား ၃ ​ယောက်​ကို ​ဖမ်း​သွား​တယ်။ ​မ​နေ့​ည​က ​ဖမ်း​သွား​တဲ့ ​ရွာ​သား ၃ ​ယောက်​က ​ကို​တင်​ညို၊ ​ဗိုလ်​တင့်​နဲ့ ​ကို​မြင့်​ဝေ ​တို့​ပါ။”

ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ​လ ၂ ​ရက်​နေ့​က ​လယ်​တီ ​သာ​သ​နာ​နိ​က ​အ​ဆောက်​အ​အုံ​တွေ​ကို ၀င်​ရောက် ​ကြည့်​ရှု​ခွင့်​မ​ရ​တာ​ကြောင့် ​လက်​ပံ​တောင်း​တောင်​ဒေ​သ ​သံ​ဃာ​တော်​များ​နဲ့ ​ဒေ​သ​ခံ​တွေ​က ​အင်​ကြင်း​တောင်​ပေါ်​မှာ ​သ​ပိတ်​စ​ခန်း​ဖွင့် ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ​ဖြစ်​ပါ​တယ်။

by ဒီဗွီဘီ