Home » » ဖက်ဒရယ်ကို ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့အညီ ဆက်သွားမယ် – ဒုဗိုလ်ချုပ်ကြီး မြင့်စိုး

ဖက်ဒရယ်ကို ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့အညီ ဆက်သွားမယ် – ဒုဗိုလ်ချုပ်ကြီး မြင့်စိုး

Written By Unknown on Wednesday, November 6, 2013 | 4:57 PM

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး တပ်မေတ်ာရဲ့ သဘာထား ဘယ်လို ရှိနေပါလဲ၊ မြစ်ကြီးနားဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို ဒီဗွီဘီသတင်းထောက် ဦးအေးနိုင်က မြစ်ကြီးနားမြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအေပ်ါမှာ တပ်မေတ်ာရဲ့သေဘာထား ရှင်းပြပေးပါ။

“တပ်မေတ်ာက တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်ချင်လို့ပဲ ဒီကိစ္စေတွမှာ ထဲထဲဝင်ဝင် လုပ်နေတာပေါ့။ အခုလည်း နိုင်ငံတော်က ဆောင်ရွက်ပြုစုခဲ့တဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သေဘာတူစာချုပ်ကို နှစ်ဖက်အဖွဲ့တွေ ချပြပေးပြီး ဖြစ်ပါတယ်။ အဲလို ချပြနိုင်အောင်လည်း တပ်မေတ်ာက ထည့်သွင်းရေးဆွဲခဲ့တာပါ။ ”

ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို အစိုးရနဲ့ လွှတ်တော်တွေဘက်ကလည်း ပြောလာသလို တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း တစိုက်မတ်မတ် တောင်းဆိုခဲ့ကြတယ်။ တပ်မေတ်ာဘက်က လက်ခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံက တိုင်းရင်းသားတွေပြာနေတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ပုံသဏ္ဌာန်နဲ့ အနှစ်သာရချင်း အတူတူပဲလား။

“ကျေနာ့်အြမင်ပြောရရင် တိုင်းရင်းသားတွေဘက်က လိုချင်တဲ့ပုံစံ၊ သူတို့ ဘယ်လို လိုချင်တယ်ဆိုတာတော့ ကျေန်ာမသိဘူး။ ဒါပေမယ့် ကျေန်ာတို့ပြောတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာကေတာ့ ဖွဲ့စည်းပုံအြေခခံဥပေဒနဲ့အညီပဲ ဆက်သွားမှာပဲ။ ဒါသည် ဖွဲ့စည်းပုံအခြေခံဥပေဒထဲမှာ ပါတဲ့ ပြည်ထောင်စုပဲ။”

လွတ်လပ်ရေးရြပီးကတည်းက ဖြစ်နေတဲ့ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်အေပါ် တပ်မေတ်ာက ဘယ်လိုမျိုး ရှုမြင်လဲ။

“စစ်ဆိုတာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရလို့ တိုက်ပွဲတွေ ဖြစ်တာ။ ဒါက တကမ္ဘာလုံး ယူဆထားတဲ့ အယူအဆတခုပဲ။ ဒီကေန့ ပြည်တွင်းစစ် ဖြစ်တယ်ဆိုတာကလည်း နိုင်ငံရေးအရ ဖြေရှင်းလို့ မရဘူး ထင်လို့ သူတို့ဘက်ကလည်း လက်နက်ကိုင် ဖြစ်လာတာ။ ဒါကြောင့် ဒီနေ့မှာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်အောင် ဆောင်ရွက်နေတာပေါ့။ ဒီနေ့ အပစ်အခတ်ရပ်စဲရေး ဆိုတာကလည်း အဆင့် ၃ ဆင့်ပေါ့။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲမယ်၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးနိုင်အောင် မူဘောင်ချမယ်။ ပြီးရင် နိုင်ငံရေးအရ ဆွေးနွေးမယ်။ ဒီအဆင့် ၃ ဆင့်ကို ကျေန်ာတို့ သွားနေတာပဲ။ တပ်မေတ်ာက ဘယ်လိုခံယူလဲဆိုရင် ဒီ ၃ ချက်အတိုင်း ဆက်ပြီး သွားမှာပါ။”

အစိုးရသစ်တက်ပြီး နောက်ပိုင်း ပွင့်လင်းမြင်သာမှု ရှိလာတယ်၊ စာနယ်ဇင်းသမား တွေလည်း လွတ်လပ်စွာ ရေးသားခွင့်ရတာတွေ ရှိလာတယ်။ တပ်မေတ်ာဘက်ကေရာ စိုးရိမ်ပူပန်မှု ဘယ်လိုမျိုး ရှိလဲ။

“ကျေန်ာတို့က စိုးရိမ်ပူပန်တာ ဘာမှမရှိဘူး။ အခု လက်ရှိမှာ သွားနေတဲ့ တပ်မေတ်ာရဲ့ တာဝန်က ကာကွယ်ရေးတာဝန်၊ ဒုတိယက ကာကွယ်ရေးတာဝန်မရှိရင် လေ့ကျင့်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်မရှိရင် ပြည်သူအကျိုးပြုလုပ်ငန်း၊ တပ်မေတ်ာက ကိုယ့်တာဝန် ကိုယ် ထမ်းဆောင်နေတာပဲ။ ဒီကေန့ ဒီမိုကေရစီ ဖော်ဆောင်ရေးမှာလည်း တပ်မေတ်ာက လိုအပ်တာတွေ ကူညီ ဆောင်ရွက်ပေးနေတာပဲ။ ဒါကြောင့် တပ်မေတ်ာက ဘာမှ စိုးရိမ်ပူပန်စရာ မရှိဘူး။ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး တပ်မေတ်ာက ဆောင်ရွက်နေတဲ့အပိုင်းမှာ အခြေခံဥပေဒနဲ့အညီပဲ သွားနေတာပဲ။”

စိုးရိမ်ပူပန်မှုဆိုတာက ပွင့်လင်းတဲ့လူ့အဖွဲ့အစည်း ဖြစ်သွားရင် ဥပမာ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်မလား အဲဒါကို ပြောတာပါ။

“စိုးရိမ်ပူပန်တာတော့ မဟုတ်ဘူး၊ ကျေန်ာတို့အေနနဲ့ ခံယူတာက ပြည်ထောင်စု မြပိုကွဲအောင်၊ ပြိုကွဲလို့ မရဘူး။ ပြိုကွဲမယ့် အန္တရာယ်ကို ကာကွယ်ရမှာပဲ။ ဒုတိယ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲလို့ မရဘူး။ တတိယ အချုပ်အြခာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရမယ်။ ဒါသည် ကျေန်ာတို့ရဲ့ ယုံကြည်ချက် ခံယူချက်လည်း ဖြစ်တယ်။ ဒီအတွက် တပ်မေတ်ာက တာဝန်တွေ ထမ်းဆောင်နေတာပါ။”

မြစ်ကြီးနားဆွေးနွေးပွဲကေန တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေး တဖက်နဲ့တဖက် ဘယ်လိုမျိုး သုံးသပ်လဲ။

“ကျော်လွှားနိုင်အောင် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နေတာ။ အဲလိုလုပ်လို့လည်း အတိုင်းအတာတခုထိ အရင်တုန်းက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာကေန ဒီကေန့ နည်းသွားတယ်၊ မရှိသေလာက် ဖြစ်သွားတယ်။ ရံဖန်ရံခါ အနည်းအပါးတော့ ရှိသေးတာပေါ့။ အဲလိုမျိုး ဖြစ်လို့လည်း ဒီကေန့ ဆွေးနွေးပွဲက လက်မှတ်ထိုးနိုင်တဲ့အဆင့် မရေသ်ာငြားလည်း နောက်တြကိမ် ပြန်လည်တွေ့မယ်ဆိုတဲ့အဆင့်မျိုး ကျေန်ာတို့ ဆုံးဖြတ်နိုင်တာပေါ့။ ဒါသည် အတိုင်းအတာတခု အေနနဲ့ အောင်မြင်တယ်လို့ ပြောလို့ ရနိုင်တာပေါ့။ ဒါကြောင့်မို့လို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးက မလွဲမေသွ ဖြစ်မယ်လို့ ကျေန်ာတို့က ယုံကြည်တယ်။ အဲဒီလို ယုံကြည်လို့လည်း နှစ်ဖက်လုံး ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတာပေါ့။”

ဒီဗွီဘီကနေ ပြည်သူလူထုတရပ်လုံးကို အမှတ်တရစကားလေး ပြောပေးပါခင်ဗျား။

“တခြားတော့ မရှိပါဘူး။ ကျေန်ာတို့ကေတာ့ တပ်မေတ်ာဆိုတာကတော့ အထက်ကေပးတဲ့ အမိန့်နဲ့ တာဝန် အတိုင်း ဆောင်ရွက်နေတာပဲ။ အဲဒီလို ဆောင်ရွက်တဲ့ အပိုင်းမှာလဲ အဓိကက သမ္မတြကီး ရေဒီယို မိန့်ခွန်းမှာ ပါသလိုပေါ့။ တဖက်က ငြိမ်းချမ်းရေးကို တည်ဆောက်တယ်။ တဖက်က နိုင်ငံရေးဖြစ်စဉ်တွေကို ဆောင်ရွက်နေတယ်။ တဖက်က ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှလည်း နိုင်ငံရေးဖြစ်စဉ်တွေကို ပြုပြင်ပြောင်းလဲနိုင်မှာပေါ့။ ငြိမ်းချမ်းရေး တည်ဆောက်မှုအပိုင်းမှာ တပ်မေတ်ာက ကျရာ အခန်းကဏ္ဍ ကနေပြီး အေကာင်းဆုံးဖြစ်အောင် တည်ဆောက်နေတာပဲ။ အဲဒါကလည်း ဘယ်အတွက်လည်းဆိုတော့ ပြည်သူလူထုအကျိုးစီးပွား အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။”

DVB TV News