နိုဝင်ဘာလ ၇ ရက် ၂၀၁၃
ပါတီတည်ထောင်ခွင့်ရထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မတီထံမှတ်ပုံ တင်ရန် ခေါင်းဆောင်နှစ်ဦးကို ရွေးချယ်တင်မြှောက်လိုက်ပါသည်။
နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP တည်ထောင်လိုသူ ၁၆ ဦးက အစည်းအဝေးထိုင်ကြောင်း ဒီမိုကရေစီနည်းဖြင့် ခေါင်းဆောင်နှစ်ဦးအား ရွေးကောက်တင်မြောက်နိုင်ခဲ့ကြောင်း၊ ပထမ ခေါင်းဆောင်သည် ချင်းအမျိုး သားပါတီမှ ဒေါက်တာ ကမ်ဂျင်းဒါး ဖြစ်ပြီး၊ ဒုတိယ ခေါင်းဆောင်မှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီမှ စောသန်းမြင့်ဖြစ်ကြောင်း သိရပါသည်။
``ရက်ပေါင်း ၉၀ အတွင်း မှတ်ပုံတင်ရမယ်လေ။ မနေ့က အစည်းအဝေးမှာ ခေါင်းဆောင်နှစ်ဦးရွေးတယ်။ ဒီနေ့တော့ မူဝါဒနဲ့ သဘောထားကို ထပ်မံစီစစ်တယ်။ ပြီးရင် နေပြည်တော်ကို သွားတင်လို့ရပြီ။ ရှေ့လဆန်းပိုင်းလောက် ပါတီမှတ်ပုံတင်ကျ မယ်ထင်တယ်´´- ဟု ဒုတိယခေါင်းဆောင်အဖြစ်ရွေးချယ်ခံရသူ စောသန်းမြင့် က ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စု ပါတီ FUP ညီနောင်တိုင်းရင်းသားပါတီများ ၀င်ရောက်ယှဉ် ပြိုင်ချင်းမပြုသည့် အခြားတိုင်းဒေသ တကြီးများ၌ ရွေးကောက်ပွဲဝင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။
`` နိုင်ငံသားအားလုံးတန်းတူညီမျှမှု နဲ့ မိမိကံကြမ္မာ ဖန်တီးနိုင်တဲ့ အခွင့်အရေးရရှိဖို့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ် ပေါ်လာဖို့၊ နိုင်ငံသားအားလုံး နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး မှာ တန်းတူညီမျှမှုရဖို့ ရည်ရွယ်ဖွဲ့ စည်းခဲ့တာ´´- ဟု စောသန်းမြင့် ကပြောသည်။
ဖက်ဒရယ်ပြည်ထောင်စု FUP ပါတီသည်ယခုနှစ် ဂျွန်လ ၁၀-၁၂ ရက်နေ့ ထိ သျှမ်းပြည်မြို့တော် တောင်ကြီးတွင် တိုင်းရင်း သား ၁၅ ပါတီက တွေ့ဆုံဆွေးနွေးပြီး ဖွဲ့စည်းလိုက်သည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ၏ ကိုယ်ပွား ပါတီဖြစ်သည်။ လက်ရှိ FUP တွင် တိုင်းရင်းသားပါတီ ၁၆ ခု ဖြင့်ဖွဲ့စည်းထားပြီး ထပ်မံ ၀င်ရောက်မည့်ပါတီလည်းရှိနေသေး သည်ဟု သိရပါသည်။
သျှမ်းသံတော်ဆင့်