Home » » ဆေးထိုးဆေးသောက်မှားလျှင် ဖြစ်ပွားတက်သော အလာဂျီကြောင့် လူသေဆုံးနိုင်

ဆေးထိုးဆေးသောက်မှားလျှင် ဖြစ်ပွားတက်သော အလာဂျီကြောင့် လူသေဆုံးနိုင်

Written By Unknown on Thursday, November 14, 2013 | 11:38 PM

ရန်ကုန်၊ နိုဝင်ဘာ ၁၄။

ဆေးထိုး၊ ဆေးသောက်မှားလျှင် ဖြစ်ပွားတက်သော အနာဖလက်ဆစ်(Anaphylaxis)ကြောင့် လူအသက်ပါ
သေဆုံးနိုင်ကြောင်း ရန်ကုန်ဆေးရုံကြီး အရေပြားဌာနမှ အရေပြား အထူးကု ဆရာဝန် ဒေါက်တာလင်းထက်က ပြောကြားသည်။

အဆိုပါ အနာဖလက်ဆစ်(Anaphylaxis)သည် ရုတ်တရက် ပြင်းပြင်းထန်ထန် (အလာဂျီ)ခေါ် တစ်ခု
ခုနှင့် မတည့်၍ ဖြစ်ပွားတက်သော အလာဂျီကြောင့် ပြင်းထန်ပါက သတိလစ်နိုင်ပြီး ထိုမှ တစ်ဆင့် မိနစ်ပိုင်းအတွင်း အသက်သေဆုံးသည် အထိ ဆိုးရွားနိုင်ကြောင်း ၎င်းကဆိုသည်။

“Anaphylaxis (တစ်ခုခုနှင့် မတည့်သည့်အခါ အဆိုးရွား ဆုံးဖြစ်စဉ်) လူသိများတာကတော့ (Schock)လို့ သိကြ တယ်။ ဆေးစားမှားတာ၊ ဆေးထိုးမှားတာတွေနဲ့ မတည့် တာတစ်ခုခုစားမိရင် သွေးထဲရောက်ပြီး မိနစ်ပိုင်းအတွင်း လက္ခဏာပြပါတယ်။ သာမန်ဆိုရင်တော့ ယားတာ ယံတာ လောက်ပဲဖြစ်တတ်ပါတယ်။ ပြင်းထန်ရင်တော့ အသက်ရှူ ရပ်တဲ့အထိဖြစ်နိုင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

အနာဖလက်ဆစ်ဖြစ်ပါက အရေပြား၊ ဂျိုင်း၊ ပေါင်ခြံတွေ ပူနွေးမည်။ နှလုံးခုန်မြန်လာမည်။ လည်ပင်း၊လျှာယောင်သဖြင့် အသံအောမည်။ အသက်ရူရခက်မည်။ ရုတ်တရက် အဆုတ်ရောင်ခြင်းကြောင့် အသက်ပါသေဆုံးနိုင်သည်။

Shock ပြင်းထန်ပါက တင်ပါး၊ လက်မောင်း၊ ပေါင်တို့တွင် Epinephrine ချက်ခြင်းထိုးပေးရမည်။ Epinephrine က သွေးခုန်နှုန်းမြန်စေပြီး ပြင်းထန်သောနှလုံးရောဂါရှိသူများမှ လွဲ၍ ဆိုးကျိုးတစ်စုံတစ်ရာမရှိပါ။ သာမန် အလာဂျီကြောင့် ဖြစ်ပွားပါက Antihistamine ဆေးကို ထိုးပေးနိုင်ကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဒေါက်တာဦးချစ်စိုးက ပြောကြားသည်။

ရေးသားသူ - ကြည်စင်ဝင်းသန့်
တည်းဖြတ်သူ - ဂျူးဂျူးလှိုင်

People power