Home » » လက်ပံတောင် လုံခြုံရေး လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ရင်းမှူး၏ကား ခဲထုခံရ

လက်ပံတောင် လုံခြုံရေး လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ရင်းမှူး၏ကား ခဲထုခံရ

Written By Unknown on Friday, November 15, 2013 | 1:01 AM

နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်ကြီးမြို့နယ်၊ မိုးကြိုးပြင်(မြောက်)ကျေးရွာ အနီး မုံရွာ - ပုသိမ် အဝေးပြေးကား လမ်မကြီး အတိုင်း မောင်းနင်းလာသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ လုံခြုံရေး လှည့်ကင်းယာဉ်တန်း ကားအား ယခုလ ၁၂ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်အချိန်ခန့်က မမြင်ကွယ်ရာ အမှောင်ထုအတွင်းမှ ခဲများဖြင့် ထုပေါက်ခံခဲ့ရကြောင်း ယာဉ်တန်းဖြင့် လုံခြုံရေး လိုက်ပါဆောင်ရွက်ခဲ့သူ ရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

အဆိုပါ လုံခြုံရေး လှည့်ကင်းယာဉ်တန်းတွင် စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူး၏ ကားနှင့် ၊ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးတို့၏ ကားများလည် ပါဝင်ခဲ့ကြောင်း သိရသည်။ ၎င်းကားများ၏ နောက်တွင် အမှတ်(၁၆) ရဲတပ်ရင်းမှူးမှ စီးနင်းလိုက်ပါသော ကားအား ခဲပေါက် ခံရခြင်းဖြစ်ကြောင်း ယာဉ်တန်းဖြင့် လုံခြုံရေး လိုက်ပါဆောင်ရွက်ခဲ့သူ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ အတည်ပြုပြောကြားသည်။
“ … အမှောင်ရိပ်ထဲကနေ လောက်လေးခွနဲ့ ကားကိုလှမ်းပစ်ခဲ့တာဖြစ်ပါတယ်…” ဟု ၎င်း ရဲတပ်ဖွဲ့ဝင်မှ ဆက်လက်၍ ပြောပြ သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းမြို့ရှိ ကမ္ဘာ့ ဗုဓ္ဒဘာသာ သာသနာပြု တက္ကသိုလ်မှ ဒေါက်တာဘွဲ့ တံဆိတ်တော်ရ ဆရာတော် ဘုရားကြီးတစ်ပါးမှလည်း “ ကမ္ဘာ့နိုင်ငံများက ကော်ဇောနီခင်းပြီး ကြိုဆိုရတဲ့ ဘုန်းကြီးတို့နိုင်ငံက လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုံထူထူ ဆူးခက်တွေကာရံထားတဲ့ ဆည်တည်းရွာက ခြေလျင်ဆင်လျှောက်ခိုင်းတယ် လေဗျာ .. ရဲခဲထုခံရတာလောက်တော့ ဘာ ဆန်းလို့လည်း …” ဟု မိန့်တော် မူခဲ့သည်။

ထို့နောက် ခဲ့ပေါက်ခံရသည့် အမှတ်(၁၆) ရဲတပ်ရင်းမှူး၏ကားသည် ရပ်တန့်၍ ယာဉ်ပေါ်ပါ ရဲတပ်ဖွဲ့ဝင်များသည် လောက် လေးခွ ဘတ်ခဲလာရာ အရပ်ဖြစ်သည့် အမှောင်ထုအတွင်းသို့ တဟုန်ထိုးပြေးဆင်လိုက်သည့်အခါ လောက်လေးခွဖြင့် ပစ်သူဟုယူဆရ သူ လူတစ်ဦးအား ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးပေါ်ချက်များအရ လောက်လေးခွဖြင့် ပစ်သူဟု ယူဆရသူမှာ ဆားလင်းကြီးမြို့နယ် ၊ ဖောင်းကားကျေးရွာနေ ကိုဥာဏ်ဝင်း အသက်(၂၇) နှစ် ဆိုသူဖြစ်ကြောင်း သိရသည်။ ထိုသူသည် အရက်သေစာ သောက် စားမူးယစ်လျက်ရှိပြီး လောက်လေးခွ ကိုင်ဆောင်ထားသည်ကို ရဲတပ်ဖွဲ့ဝင်များက စီစစ်တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လှည့်ကင်းဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့မှ ထိုသူသည် ရပ်ရွာ တည်ငြိမ်အေးချမ်းရေးအား ထိခိုက်ပျက်ပြားစေအောင် ပြုလုပ်စေပြီး အများပြည်သူအား အနှောက်အယှက်ဖြစ်စေရန် စည်ကမ်းမဲ့ပြုလုပ်ခြင်းနှင့် ရန်စစော်ကားခြင်းတို့ပြုလုပ်သူဟု စွပ်စွဲ၍ ယခုလ ၁၃ ရက်နေ့မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ရဲအုပ် ကျော်မင်းနိုင်မှ တရားလိုပြုလုပ်ပြီး ဆားလင်းကြီးမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက ထိုသူအား (ပ) ၂၇၁/ ၂၀၁၃ ရဲအက် ၄၇ အရ အမှုဖွင့်လက်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ အမှုအား ရဲတပ်ကြပ်ကြီး ဇော်ဝင်းဆိုသူမှ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း အခြားရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ဆိုသည်။

ကြေးနီစီမံကိန်းနယ်မြေ လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ရင်းမှူး၏ကားအား မမြင်ကွယ်ရာ အမှောင်ထုအတွင်းမှ လောက်လေးခွဖြင့် ပစ်သူဟု ယူဆရသူ ကိုဥာဏ်ဝင်းဆိုသူသည် ထိုစဉ်က ၎င်း စီးနင်းလာသည့် ယာဉ်နံပါတ်မပါ ဒရင်းအနက်ရောင် 125 ဆိုင်ကယ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ မုံရွာ( ကညန) ရုံးသို့ ပို့ဆောင်၍ ယာဉ်မှတ်ပုံတင်ထားခြင်း ရှိ/မရှိတို့အား တိုက်ဆိုင် စစ်ဆေးကြည့်ခဲ့ရာ ထို ဆိုင်ကယ်သည် မုံရွာ(ကညန)ရုံး၏ ပြန်ကြားချက်များအရ မှတ်ပုံတင်မဲ့ ယာဉ်တစ်စီးဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက် ယာဉ်လိုင်စင်မဲ့ ဆိုင်ကယ်အား လက်ဝယ်၌ ထားရှိသည်ဟုဆိုကာ ကြေး နီတောင် နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်မင်းနိုင်မှ တရားလိုပြုလုပ်၍ ယခုလ ၁၃ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ထပ်ဆင့် ၍ တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်တန်းချက်အား ဆားလင်းကြီးမြို့မရဲစခန်းက (ပ) ၂၇၄/ ၂၀၁၃ ပို့ကုန်/သွင်းကုန် ပုဒ်မ (၈)အရ အမှုအား လက်ခံ ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာကျင့်ဝတ်များအရ သတင်းမျှတမှုရရှိနိုင်ရန် အင်ကြင်းတောင် သပိတ်စခန်းနှင့် ဆည်တည်ရွာဟောင်း၊ တုံရွာ၊ မိုးကြိုပြင် သုံးရွာ တို့အား သီးခြားဆက်သွယ်မေးမြန်းရန် ဖုန်းခေါ်ဆိုခဲ့သော်လည်း ၎င်းတို့၏ ဖုန်းများမှ စက်ပိတ်ထားသည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည့်အတွက် သီးခြားသတင်းအတည်ပြုချက် မရှိခဲ့ပေ ..။

ယခုနှစ် ဧပြီလ ၂၅ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အဆိုပါဒေသတွင် ဒေသခံတောင်သူများမှ ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ ရာ လက်ပံတောင်တောင် ကြေးနီစီမံကိန်းနယ်မြေ တာဝန်ကျ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံ တောင်သူတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သည်။ ထိုမျှမက ဒေသခံတောင်သူများမှ ပစ်ပေါက်ခဲ့ သည့် ခဲများကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၂၁ ဦးခန့် ခဲထုဒဏ်ရာများ ရရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သတင်းမှတ်တမ်း များအရ သိရသည်။

အဆိုပါ ခဲထုခံရသည့်အတွက် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒု - ရဲမှူးကြီး တင်ထွဏ်း ဆိုသူ၏ ညာဘက်ဒူးခေါင်းအား ဖုယောင်ညို မဲဒဏ်ရာများ ရရှိခဲ့ကြောင်း ထိုစဉ်က ၎င်း ဒုရဲမှူးကြီးမှ ဒဏ်ရာအားပြသ၍ သတင်းမီဒီယာများကို ပြောပြခဲ့သည်။

၎င်း ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ယုဇနဥယျာဉ်မြို့တော်၌ နေထိုင်သူ ကိုအောင်စိုး ဆိုသူနှင့် ဒေသခံရွာ သားများဖြစ်ကြသည့် ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာဟောင်းနေ ဦးမောင်ဆန်း၊ ကိုစိုး သူ အပါအ၀င် ၎င်း တို့သုံးဦးအား လုံခြုံရေး ရဲတပ်ဖွဲ့မှ ထိုနေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (facebook)