Home » » ရ​ခိုင်​ပြည်​နယ်​မှာ ​မိန်း​ခ​လေး​ငယ် (၂ ​)ဦး​အ​သတ်​ခံ​ရ

ရ​ခိုင်​ပြည်​နယ်​မှာ ​မိန်း​ခ​လေး​ငယ် (၂ ​)ဦး​အ​သတ်​ခံ​ရ

Written By Unknown on Wednesday, November 20, 2013 | 9:32 PM

ရ​ခိုင်​ပြည်​နယ် ​ကျောက်​တော်​မြို့​နယ်​နဲ့ ​ပေါက်​တော​မြို့​နယ်​အ​တွင်း ​ရ​ခိုင်​ကျေး​၇ွာ​တွေ​က  ​အ​သက် ၅ ​နှစ်​အ​ရွယ်  ​မိန်း​ခ​လေး​ငယ် ၂​ဦး​  ​အ​သတ်​ခံ​ရ​မှု  ​ဖြစ်​ပွား​ခဲ့​တယ်​လို့​  ​ပြည်​နယ် ​အ​စိုး​ရ​က ​ပြော​ပါ​တယ်။

တန်​ဆောင်​မုန်း​လ​ပြည့်​ကျော် ၁ ​ရက်​နေ့​ည​က ​ကျောက်​တော်​မြို့​နယ်​မှာ  ​က​လေး​ငယ်​တ​ဦး​  ​အ​သတ်​ခံ​ရ​ပြီး ​သေ​ဆုံး​သွား​ခဲ့​တာ​လို့ ​ရ​ခိုင်​ပြည်​နယ် ​အ​စိုး​ရ ​ပြန်​ကြား​ရေး​တာဝန်​ခံ ​တ​ဦး​ဖြစ်​တဲ့​  ​ဦး​၀င်း​မြိုင်​က ​ရဲ​တပ်​ဖွဲ့​ဆီ​က​ရ​တဲ့ ​သ​တင်း​အ​ချက်​လက်​ကို ​အ​ခြေ​ခံ​ပြီး​  ​ဖြစ်​စ​ဉ်​ကို ​ခု​လို ​ပြော​ပြ​ပါ​တယ်။

“​ဖြစ်​စ​ဉ်​က ​သူ​တို့ ​အဲ​ဒီ​ည  ​ဆောင်း​ဘောက်​တွေ​နဲ့ ​သီ​ချင်း​တွေ ​ဖွင့်​ပြီး ​ထ​မင်း​ချက်​စား​ကြ​တာ​ကိုး​။ ၁၂ ​နာ​ရီ​ကျော်​လောက်​အ​ထိ ​အဲ​ဒီ​မှာ ​လူ​သွား​လူ​လာ​တွေ ​ရှိ​နေ​တယ်။ ​အဲ​ဒီ​သေ​ဆုံး​သွား​တဲ့ ​ကောင်​မ​လေး​က ၁၀ ​နာ​ရီ​ကျော်​လောက်​အ​ထိ ​အိမ်​မှာ​ရှိ​တယ်။ ​နောက်​ပိုင်း ၁၈ ​ရက်​နေ့​ည ၁၁ ​နာ​ရီ​လောက်​မှာ​ပျောက်​ပြီး ​ပြန်​တွေ့​တော့ ၁၉ ​ရက်​နေ့ ၂ ​နာ​ရီ​ခွဲ​လောက်​မှာ ​ရွာ​ရဲ့​အ​နောက်​ဖက် ​ကိုက် ၁၅၀ ​အ​ကွာ ​လယ်​ကွင်း​ထဲ​မှာ ​ဦး​ခေါင်း​ပေါက်​ပြဲ ​ဒဏ်​ရာ ၁ ​ချက် ​မျက်​လုံး​ညို​မဲ ​ဒဏ်​ရာ ၁ ​ချက် ​နဲ့ ​မိန်း​မ ​အ​င်္ဂါ​စပ်​မှာ ​သွေး​ယို​စီး​တာ​တွေ့​တယ်​ဆို​ပြီး ​ဆေး​စစ်​ချက်​မှာ ​အဲ​ဒီ​လို ​ရေး​ထား​တယ်။”

ဖြစ်​စ​ဉ်​နဲ့​ပတ်​သက်​ပြီး​  ​သံ​သ​ယ​ရှိ​သူ  ၅ ​ဦး​ကို ​ဖမ်း​ဆီး​စစ်​ဆေး​နေ​တယ်​လို့​လည်း ​ပြည်​နယ် ​အ​စိုး​ရ ​တာဝန်​ရှိ​သူ​က  ​ပြော​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ဒီ​လူ​တွေ​နဲ့ ​ပတ်​သက်​တဲ့​  ​အ​သေး​စိတ် ​အ​ချက်​အ​လက် ​ကို​တော့ ​ပြော​ဆို​ခြင်း ​မ​ရှိ​ပါ​ဘူး​။

အ​ခင်း​ဖြစ်​ပွား​ရာ  ​ကြာ​ညို​ပြင်​ရွာ​နဲ့​  ​ကပ်​လျက်​မှာ ​ဘ​င်္ဂ​လီ​ရွာ​ရှိ​တာ​ကြောင့် ​ရွာ​နှစ်​ရွာ​ကြား ​လုံ​ခြုံ​ရေး​ကို ​စစ်​တပ်​က ​တာဝန်​ယူ​ထား​တယ်​လို့​လည်း ​သိ​ရ​ပါ​တယ်။

အ​လား​တူ​ဖြစ်​စ​ဉ်​မျိုး ​ပေါက်​တော​မြို့​နယ်၊ ​စိုး​မဲ​ကျီ​ကျေး​ရွာ​မှာ ​နိုဝင်​ဘာ​လ ၁၇ ​ရက်​ည​က​ဖြစ်​ပွား​ခဲ့​ပြီး ​အ​သက် ၅ ​နှစ်​အ​ရွယ် ​မိန်း​က​လေး​ငယ်​တ​ဦး ​သေ​ဆုံး​ခဲ့​ပြီး​၊ ​တ​ရား​ခံ​ဖော်​ထုတ်​နေ​ဆဲ​ဖြစ်​ကြောင်း​နဲ့ ​ဒီ​မှု​နဲ့ ​ပတ်​သက်​လို့​တော့ ​ဘယ်​သူ့​ကို​မှ  ​ဖမ်း​ထား​တာ ​မ​ရှိ​သေး​ဘူး​လို့ ​ပြည်​နယ်​ပြန်​ကြား​ရေး ​တာဝန်​ခံ​က​ပဲ ​ပြော​ပြ​ပါ​တယ်။

မြေ​ပုံ​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော်​ကိုယ်​စား​လှယ် ​ဦး​ဖေ​သန်း​က​တော့​  ​အ​စိုး​ရ​အ​နေ​နဲ့ ​အ​ဖွဲ့​အ​စည်း ၂ ​ခု​ကြား ​တွေ့​ဆုံ​ဆွေး​နွေး​  ​အ​ဖြေ​ရှာ​ကြ​ဖို့ ​က​မ​က​ထ​ပြု​ပေး​သင့်​တယ်​လို့ ​ပြော​ပါ​တယ်။

“​နိုင်​ငံ​ရေး ​ပါ​တီ ​ခေါင်း​ဆောင်​တွေ ​တ​ဖက်​နဲ့ ​တ​ဖက် ​ရှိ​တယ်။ ​တိုင်း​ရင်း​သား ​ခေါင်း​ဆောင်​တွေ​လည်း ​ရှိ​တယ်။ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​တော့ ​အ​ဖြေ​တ​ခု ​ရှာ​မယ်​ဆို​ရင် ​ပို​ပြီး​တော့ ​လွယ်​လွယ်​ကူ​ကူ​ဖြစ်​မ​ယ။ ​ဒါ​ကို ​အ​စိုး​ရ​က ​က​မ​က​ထ ​လုပ်​ပေး​ရ​မယ်​လို့ ​ထင်​တယ်။ ​ဒီ​အ​တိုင်း​ပဲ ​တ​သက်​လုံး​သွား ​နေ​လို့​က​တော့ ​ဒီ​အ​ကျိုး​ဆက်​ဟာ ​တ​နိုင်​ငံ​လုံး​ကို ​ကူး​စက်​လာ​ပြီး​တော့ ​နောက်​ဆုံး ​တည်​ငြိမ်​မှု​တင်​မ​က​ဘူး​။ ​လက်​ရှိ ​အ​ခြေ​အ​နေ​ပါ ​ပျက်​ယွန်း​သွား​နိုင်​တယ်။”

အ​စိုး​ရ​ပြန်​ကြား​ရေး​၀န်​ကြီး​ဌာ​န​လည်း​   ​ကျောက်​တော်​မြို့​နယ် ​ရ​ခိုင်​ကျေး​ရွာ​က  ​က​လေး​ငယ်​တ​ဦး ​စ​ပါး​ခင်း​အ​တွင်း ​သေ​ဆုံး​နေ​တာ​တွေ့​ရှိ ​ခဲ့​ရ​တဲ့​အ​ကြောင်း​  ​အ​တည်​ပြု ​သ​တင်း​ထုတ်​ပြန်​ထား​ပြီး ​တ​ရား​ခံ​တွေ ​ဖမ်း​ဆီး​ရ​မိ​ဖို့​  ​သက်​ဆိုင်​ရာ​က ​စုံ​စမ်း ​စစ်​ဆေး​ဖော်​ထုတ်​နေ​တယ်​လို့ ​သ​တင်း​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

ရ​ခိုင်​ပြည်​နယ်​ထဲ​မှာ ​ပြီး​ခဲ့​နှစ်​က  ​အ​ကြမ်း​ဖက်​ပ​ဋိ​ပ​က္ခ​တွေ ​စ​တင်​ဖြစ်​ပွား​ခဲ့​စ​ဉ်​တုန်း​က​လည်း ​အ​လား​တူ​ဖြစ်​စ​ဉ်​မျိုး​နဲ့​  ​စ​တင်​ဖြစ်​ပွား​ခဲ့ ​တာ​ဖြစ်​ပြီး​  ​အ​ခု​ဖြစ်​စ​ဉ်​ဖြစ်​ပွား​ချိန်​ဟာ ​အို​အိုင်​စီ ​ခေါ် ​အ​စ္စ​လာမ်​မစ် ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး​အ​ဖွဲ့ ​လာ​ရောက်​ပြီး ​မ​ကြာ​မ​တင်​အ​ချိန်​မှာ ​ဖြစ်​ခဲ့​တာ​ပါ။

Byေ​ရွှ​အောင် (ဒီဗွီဘီ)