အလုပ်သမားဝန်ကြီးဌာနနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို ပူးပေါင်းပြီး လာမယ့် ၂၀၁၄ ခုနှစ်ကျရင် မြန်မာနိုင်ငံရဲ့ အလုပ်သမားအင်အားစာရင်း သုတေသန ပြုစုကောက်ခံမယ့် နားလည်မှု စာချွန်လွှာတခုကို နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
စာချွန်လွှာထဲမှာ မြန်မာနိုင်ငံထဲမှာ လုပ်ငန်း အမျိုးအစား ဘယ်လောက်ရှိတယ်၊ အလုပ်သမားတွေ ဘယ်လောက် လုပ်ခ လစာရနေကြတယ်၊ ပုံမှန်မဟုတ်တဲ့ ဘယ်လို လုပ်ငန်းခွင်တွေရှိနေတယ်၊ ဘယ်လို အခြေအနေရှိတယ်၊ ကလေး လုပ်သား ဘယ်လောက်ရှိတယ်၊ ကျောင်းစာသင်အပြီး ၀င်ရောက်လုပ်ကိုင်တဲ့ အလုပ်သမား အင်အား ဘယ်လောက်ရှိတယ် စတာတွေကို စစ်တမ်းပြုလုပ် ကောက်ခံသွားမယ်လို့ သိရပါတယ်။
ဒီကနေ တဆင့် မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ၊ သုတေသန လုပ်ငန်းနဲ့ အလုပ်အကိုင်ဆိုင်ရာ အညွှန်းကိန်းတွေ ရရှိအောင် ဆောင်ရွက်သွားကြမယ်လို့ သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။
By ဒီဗွီဘီ