Home » » အ​မတ်​များ ​ဒေ​သ​ဖွံ့​ဖြိုး​ရေး ​ကျပ်​သိန်း ၁ ​ထောင်​စီ ​သုံး​နိုင်​ပြီ

အ​မတ်​များ ​ဒေ​သ​ဖွံ့​ဖြိုး​ရေး ​ကျပ်​သိန်း ၁ ​ထောင်​စီ ​သုံး​နိုင်​ပြီ

Written By Unknown on Tuesday, November 19, 2013 | 3:19 PM

လွှတ်​တော်​အ​မတ်​တွေ​ဟာ ​မြို့​နယ် ၁ ​မြို့​နယ်​စီ​အ​တွက် ​ချ​ထား​ပေး​တဲ့ ​ဒေ​သ ​ဖွံ့​ဖြိုး​ရေး ​ရန်​ပုံ​ငွေ ​ကျပ် ​သိန်း ၁ ​ထောင်​စီ​ကို ​စ ​ပြီး ​သုံး​နိုင်​ပြီ​လို့ ​အန်​အယ်လ်​ဒီ​ပါ​တီ​က ​အ​မျိုး​သား​လွှတ်​တော်​အ​မတ် ​ဒေါက်​တာ​မြတ်​ဥာ​ဏ​စိုး​က ​ပြော​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၁၅ ​ရက်​နေ့ ​လွှတ်​တော် ​အ​စည်း​အဝေး​ပွဲ​တွေ​အ​ပြီး ​ကျပ် ​သိန်း ၁ ​ထောင်​စီ ​သုံး​စွဲ​ရ​မယ့် ​လုပ်​ထုံး​လုပ်​နည်း​တွေ​ကို ​ထုတ်​ပြန်​ပေး​လိုက်​တဲ့​အ​တွက် ​ခု​လို ​စ​ပြီး ​အ​သုံး​ပြု​နိုင်​တာ​လို့ ​သူ​က ​ပြော​ပါ​တယ်။

ဒေ​သ​ဖွံ့​ဖြိုး​ရေး ​ရန်​ပုံ​ငွေ​အ​တွက် ​ချ​ထား​ပေး​တဲ့ ၁ ​မြို့​နယ် ​ကျပ် ​သိန်း ၁ ​ထောင်​ကို ​အဲ​ဒီ ​မြို့​နယ်​က ​ပြည်​သူ့​လွှတ်​တော်​အ​မတ်၊ ​အ​မျိုး​သား​လွှတ်​တော်​အ​မတ်၊ ​တိုင်း​ဒေ​သ​ကြီး ​ဒါ​မှ​မ​ဟုတ် ​ပြည်​နယ်​လွှတ်​တော်​အ​မတ် ၂ ​ယောက် ​စု​စု​ပေါင်း ၄ ​ယောက် ​ညှိ​နှိုင်း​တိုင်​ပင်​ပြီး ​စာ​ကြည့်​တိုက် ​တည်​ထောင်​တာ၊ ​စာ​သင်​ကျောင်း ​ပြု​ပြင်​တာ​နဲ့ ​လမ်း​တံ​တား ​ပြု​ပြင်​တာ​တွေ​မှာ ​အ​သုံး​ပြု​နိုင်​မှာ ​ဖြစ်​ပါ​တယ်။

လုပ်​ငန်း ၁ ​ခု​စီ​အ​တွက် ​ကျပ်​ငွေ ​သိန်း ၅၀ ​ထက် ​မ​ပို​အောင် ​သုံး​စွဲ​ရ​မှာ ​ဖြစ်​ပြီး ​လာ​မယ့် ၂၀၁၄ ​မတ်​လ​ကုန်​အ​ထိ ​ဒီ ​ချ​ပေး​တဲ့ ​ငွေ​ကျပ် ​သိန်း ၁ ​ထောင်​ကို ​သုံး​စွဲ​နိုင်​ကြောင်း ​လုပ်​ထုံး​လုပ်​နည်း​ထဲ​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ