Home » » ကျောင်းသားကို ဖိနပ်ဖြင့်ပေါက်သည့်ဆရာမအား စစ်ဆေးနေ

ကျောင်းသားကို ဖိနပ်ဖြင့်ပေါက်သည့်ဆရာမအား စစ်ဆေးနေ

Written By Unknown on Monday, November 25, 2013 | 2:39 PM

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်း အခြေခံပညာအထက်တန်းကျောင်းမှ အဌမတန်းကျောင်းသားကို ဖိနပ်ဖြင့်ပေါက်သည့် ဆရာမအား ပညာရေးဝန်ကြီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဇွန်လ ၁ ၁ရက် က အင်္ဂလိပ်စာသင်ချိန်တွင် ကျောင်းသားက စကားပြော၍ဆိုကာ အင်္ဂလိပ်စာပြဆရာမက ဖိနပ်ဖြင့်ပေါက်လိုက်ခြင်းကို ကျောင်းသားမိဘများက မကျေနပ်၍ ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးရုံးများသို့ တိုင်ကြားထားခြင်းဖြစ်သည်။
““ဒီနေ့(နိုဝင်ဘာ ၂၄)ပဲ လာစစ်ဆေးတယ်။ ဆရာမကိုရော၊ ကျောင်းသားမိဘတွေကိုရောပဲ။ သူတို့က စစ်ချက်တွေယူပြီး အထက်ကိုတင်ပြမယ်ပြောတယ်။ ဆရာမကတော့ ငိုနေတယ်””ဟု ၎င်းဒေသခံတစ်ဦးကပြောသည်။
ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားများကို စိတ်ကြိုက်ဆုံးမခွင့်ရှိသော်လည်း ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ အနိမ့်ကျဆုံးဖြစ်သော ဖိနပ်ဖြင့် ပစ်ပေါက်ဆုံးမ၍ မကျေနပ်သောကြောင့် ပညာရေးဝန်ကြီးဌာနမှ ထိရောက်စွာ အပြစ်ပေးအရေးယူစေလိုကြောင်း ကျောင်းသားမိဘများက တိုင်ကြားထားသည်။

ပညာရေးဝန်ကြီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ တတိယတန်းကျောင်းသူလေးများ၏ လက်ကို ကျောင်းသားများအား နမ်းစေ၍ ဂုဏ်သိက္ခာထိခိုက်စေမည့် ပြစ်ဒဏ်ပေးသော ကျောင်းဆရာအား ရာထူးတစ်ဆင့်ချထားလိုက်ပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးလျက်ရှိသည်။

7day Daily