Home » » ​အို​အိုင်​စီ ​အ​လို​မ​ရှိ ​လား​ရှိုး​တွင် ​ဆ​န္ဒ​ပြ

အို​အိုင်​စီ ​အ​လို​မ​ရှိ ​လား​ရှိုး​တွင် ​ဆ​န္ဒ​ပြ

Written By Unknown on Thursday, November 14, 2013 | 7:31 PM

မြန်​မာ​နိုင်​ငံ​မှာ ​ရောက်​ရှိ​နေ​တဲ့​  ​အို​အိုင်​စီ​ခေါ် ​အ​စ္စ​လာ​မ္မစ် ​ပူး​ပေါင်း ​ဆောင်​ရွက်​ရေး​အ​ဖွဲ့ ​ကိုယ်​စား​လှယ်​တွေ​ရဲ့ ​ခ​ရီး​စ​ဉ်​ကို  ​ကန့်​ကွက်​တဲ့​အ​နေ​နဲ့ ​ရှမ်း​ပြည်​နယ် ​မြောက်​ပိုင်း ​လား​ရှိုး​မြို့​မှာ ​ဆ​န္ဒ​ပြ​ခဲ့​ကြ​ပါ​တယ်။

ရ​ဟန်း​သံ​ဃာ​တွေ​အ​ပါ​အ၀င် ​ရာ​နဲ့​ချီ​တဲ့​  ​လား​ရှိုး​ဒေ​သ​ခံ​တွေ​ဟာ  ​ဒီ​က​နေ့​မွန်း​လွဲ​ပိုင်း​က ​လား​ရှိုး​မြို့ ​မြို့​တော်​ခန်း​မ​အ​နီး​မှာ ​အို​အိုင်​စီ​အ​ဖွဲ့​ကို ​အ​လို​မ​ရှိ​ကြောင်း ​ပို​စ​တာ​တွေ ​ကိုင်​စွဲ​ပြီး ​ကြွေး​ကြော် ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ​ပါ။

ဆ​န္ဒ​ပြ​ရ​တဲ့​ရည်​ရွယ်​ချက်​ကို     ​ဦး​ဆောင်​ပါဝင်​သူ ​တ​ဦး​ဖြစ်​တဲ့​   ​ဦး​တင်​မောင်ဝင်း​က “​စက်​တင်​ဘာ​တုန်း​က ​န​ယူး​ယောက်​မြို့​မှာ ​အို​အိုင်​စီ​ဘက်​က ​ကု​လ​သ​မ​ဂ္ဂ​အ​တွင်း​ရေး​မှူး ​ဘန်​ကီး​မွန်း​ကို ​ဘာ​ပြော​သ​လဲ​ဆို​ရင် ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ရို​ဟင်​ဂျာ​အ​ရေး​ပြ​ဋ္ဌာန်း​ချက်​နဲ့ ​ပတ်​သက်​လို့ ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ဥ​ပ​ဒေ​ပြ​ဋ္ဌာန်း​ချက်​တွေ ​ပြင်​ဆင်​ဖို့ ​ကြိုး​စား​သွား​မယ်​လို့ ​ပြော​တယ်။ ​အ​ခု​သူ​တို့​လာ​တဲ့ ​ရည်​ရွယ်​ချက်​က ​ရို​ဟင်​ဂျာ​တွေ ​တိုင်း​ရင်း​သား​ဖြစ်​ရေး​ဆို​တာ ​ယုံ​ကြည်​တယ်။ ​ဒါ​ကြောင့် ​အဲ​ဒါ​ကို ​ကန့်​ကွက်​တာ။ ​နောက်​တ​ခု​က ​မြန်​မာ​နိုင်​ငံ​မှာ ​အို​အိုင်​စီ​ရုံး​ဖွင့်​မှာ​ကို ​စိုး​ရိမ်​တယ်။ ​အဲ​ဒါ​ကို ​ကန့်​ကွက်​တာ၊ ​အ​ဓိ​က ​အဲ​ဒီ ၂ ​ခု​ပါ” ​လို့ ​ပြော​ပါ​တယ်။

အ​ခု​ဆ​န္ဒ​ပြ​တာ​ဟာ ​အို​အိုင်​စီ​က ​လာ​ရောက်​အ​ကူ​အ​ညီ​ပေး​တဲ့ ​ကိ​စ္စ​ကို ​ကန့်​ကွက်​တာ​မ​ဟုတ်​ဘဲ  ​မြန်​မာ​နိုင်​ငံ​ရဲ့ ​အ​ချုပ်​အ​ခြာ​ကို  ​ပြင်​ပ​အ​ဖွဲ့​အ​စည်း​က​နေ ​စွက်​ဖက်​မှု​ကို ​လက်​မ​ခံ​နိုင်​တာ​ကြောင့် ​ဖြစ်​တယ်​လို့ ​ဆို​ပါ​တယ်။

ဆ​န္ဒ​ပြ​ခွင့်​ရ​ဖို့​အ​တွက် ​မ​နေ့​တုန်း​က ​မြို့​နယ်​ရဲ​စ​ခန်း​မှာ ​ခွင့်​ပြု​ချက်​တောင်း​ခံ​ခဲ့​ပြီး ​ဒီ​က​နေ့​မ​နက်​မှာ ​ခွင့်​ပြု​ချက်​ရ​လို့ ​မြို့​ခံ​တွေ​က ​ဆ​န္ဒ​ထုတ်​ဖော်​ခဲ့​ကြ​တာ​ဖြစ်​တယ်။

ဒီ​ဆ​န္ဒ​ပြ​မှု​ဟာ  ​အ​စ္စ​လာ​မ္မစ် ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး​အ​ဖွဲ့​က ​အ​ထွေ​ထွေ​အ​တွင်း​ရေး​မှူး​နဲ့ ​နိုင်​ငံ​ခြား​ရေး ၀န်​ကြီး​တွေ ​ပါဝင်​တဲ့​အ​ဖွဲ့ ​မြန်​မာ​နိုင်​ငံ ​ရ​ခိုင်​ပြည်​နယ်​က ​ပ​ဋိ​ပ​က္ခ​နဲ့ ​ပြန်​လည်​ထူ​ထောင်​ရေး​အ​ခြေ​အ​နေ​တွေ ​လေ့​လာ​ဖို့ ​ရောက်​ရှိ​နေ​တဲ့ ​အ​ချိန်​လည်း​  ​ဖြစ်​ပါ​တယ်။

အို​အိုင်​စီ​အ​ဖွဲ့​ဟာ ​မြန်​မာ​နိုင်​ငံ​ကို ​နိုဝင်​ဘာ​လ ၁၃ ​ရက်​နေ့​က ​ရောက်​ရှိ​ခဲ့​ပြီး ​အ​စိုး​ရ​အ​ရာ​ရှိ​တွေ၊ ​ရ​ခိုင်​ပြည်​နယ် ​တည်​ငြိမ်​အေး​ချမ်း​ရေး ​လုပ်​ငန်း​ကော်​မ​တီ​အ​ဖွဲ့​၊ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​နဲ့ ​လွှတ်​တော်​ကိုယ်​စား​လှယ်​တွေ၊ ​ဘ​င်္ဂါ​လီ ​လူ​မှု​အ​ဖွဲ့​အ​စည်း​၊ ​ရ​ခိုင်​လူ​မှု​အ​ဖွဲ့​အ​စည်း ​ခေါင်း​ဆောင်​တွေ​နဲ့​လည်း ​တွေ့​ဆုံ​ဖို့ ​အ​စီ​အ​စ​ဉ်​ရှိ​နေ​တယ်​လို့ ​သိ​ရ​ပါ​တယ်။

အို​အိုင်​စီ​အ​ဖွဲ့​ရဲ့ ​ခ​ရီး​စ​ဉ်​ကို ​ပြီး​ခဲ့​တဲ့ ​ရက်​ပိုင်း​က ​ရန်​ကုန်​မှာ ​ဆ​န္ဒ​ပြ​ခဲ့​ပြီး ​ရ​ခိုင်​ပြည်​နယ် ​စစ်​တွေ​မှာ​လည်း ​ဆ​န္ဒ​ပြ​ပွဲ​တွေ ​ပြု​လုပ်​ဖို့ ​စီ​စ​ဉ်​နေ​ကြ​ပါ​တယ်။

by ဒီဗွီဘီ