Home » » လျှပ်စစ်မီတာခ လျှော့ချရေး ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ ရှစ်ဦးပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခံရ

လျှပ်စစ်မီတာခ လျှော့ချရေး ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ ရှစ်ဦးပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခံရ

Written By Unknown on Thursday, November 7, 2013 | 7:15 PM

ရန်ကုန် နိုဝင်ဘာ ၆

လျှပ်စစ်မီတာခလျှော့ချရေးအတွက် ယနေ့ ညနေ ၆ နာရီခန့်တွင် ရန်ကုန်မြို့ မြို့တော် ခန်းမအနီး၌ လူအင်အား ၁ဝဝခန့် တရားမဝင် ဆန္ဒထုတ်ဖော်ခဲ့ကြရာ ဦးဆောင်သူ ရှစ်ဦးတို့ကို ကျောက်တံတားရဲစခန်းနှင့် ပန်းဘဲတန်းရဲစခန်း တို့က တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားကြောင်း တရား စွဲဆိုခံထားရသူ မြန်မာ့ဒီမိုကရေစီအရေးစဉ်ဆက် မပြတ်လှုပ်ရှားမှုအင်အားစုမှ ပြန်ကြားရေးတာဝန်ခံ ကိုဇေယျာလင်းကပြောသည်။

''မီတာခတိုး ကောက်တာဟာ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သမ္မတကြီးတို့ကို စိန်ခေါ်လိုက်သလိုပါပဲ။ ဝန်ကြီးဌာနတစ်ခုတည်း နဲ့တိုးမြှင့်တာ ပြည်သူတစ်ဦးအနေနဲ့ အခုလိုဆန္ဒ ထုတ်ဖော်တာပါ။ အခုလိုစီတန်းတာ ဘာခွင့်ပြု ချက်မှ မတင်ခဲ့ဘူး''ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က ပြောသည်။

အဆိုပါအဖွဲ့သည် နိုဝင်ဘာ ၇ ရက် ညနေ ၆ နာရီတွင် မြေနီကုန်းမှ အလုံလျှပ်စစ်ရုံးသို့ ချီတက်ဆန္ဒထုတ်ဖော် ဖယောင်းတိုင်ထွန်းမည်ဟု သိရသည်။

အိမ်သုံးလျှပ်စစ်ဓာတ်အားခနှုန်းထားမှာ တစ်ယူနစ် ၃၅ ကျပ်ဖြစ်ပြီး ယူနစ် ၁ဝဝကျော် လျှင် ကျပ် ၅ဝ နှုန်းကောက်ခံမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အိမ်သုံးလျှပ်စစ်ကို အခြေခံလူတန်း စား ၅၈ ဒသမ ၈၉ ရာခိုင်နှုန်းအသုံးပြုနေ ကြောင်းသိရသည်။

နေဇာမျိုးဆွေ၊ ရွှေအာကာ၊ ဆူးဇေယျာ
The Union Daily