Home » » ရိုဟင်ဂျာကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ငြင်းဆန်မည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရိုဟင်ဂျာကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ငြင်းဆန်မည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြောကြား

Written By Unknown on Thursday, November 21, 2013 | 4:46 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာအစိုးရအား ရိုဟင်ဂျာများကို နိုင်ငသားဖြစ်ခွင့်ပေးရန် တိုက်တွန်းချက် အပေါ် ဥပဒေနှင့် မကိုက်ညီသော လူမျိုးများအား မည်သည့် နိုင်ငံ တကာအဖွဲ့အစည်း များအနေ ဖြင့် တိုက်တွန်းရင်တောင် လက်ခံမည်မဟုတ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရရှိသူ
ဦးရဲထွဋ်က ပြောကြားသည်။

ရိုဟင်ဂျာများကို နိုင်ငံသားပြုခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မတီက မြန်မာအစိုးရအား နိုဝင်ဘာ ၁၉ တွင် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို လုံးဝလက်မခံဘူး။ ရခိုင်ပြည်နယ်အတွင်း မှာရှိနေတဲ့ ဘင်္ဂလီ လူမျိုးများအနက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီတဲ့ သူတိုင်း နိုင်ငံသားပြုခွင့်ရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့ မကိုက်ညီ တဲ့သူကိုတော့ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းက ပြောပြော
နိုင်ငံသားပြုခွင့် မပေးနိုင်ဘူး” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖြေကြားထားသည်။

ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အစိုးရအား တိုက်တွန်းချက်အပေါ် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုဝင်ဘာ ၂၁ ရက်တွင် ၎င်းဖေ့ဘွတ်စ်ပေါ်တွင် တရားဝင်ဖြေကြားထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ လူမျိုးရေးစာရင်းကောက်ယူရာတွင် ဘင်္ဂလီလူမျိုးများအနေဖြင့် ပူးပေါင်းဆောင်ရွက် ရန် ငြင်းဆန်နေမှုအပေါ် ကုလသမဂ္ဂလူ့အခွင့်ရေးအနေနှင့် တိုက်တွန်း ပြောဆိုရန်လိုအပ်ကြောင်း ဒီမိုကရေစီနိုင်ငံများ ဖြစ်သော အမေရိကန်၊ ဗြိတိန်အပါအ၀င် နိုင်ငံများတွင် နိုင်ငံ သားပြုခွင့်နှင့် ပတ်သတ်ပြီး သီးခြားပြဠာန်းထားသော ဥပဒေစည်းကမ်းချက်များ ရှိကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ပြောကြားသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင် (က) နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ များ၊ (ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြု ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ) ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်- (၁) နိုင်ငံသား (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား၊(သို့မဟုတ်)၊ (၃) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ (င) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ် ပါးမှ မွေးဖွားသော သားသမီးနှင့် - (၁) နိုင်ငံသား (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား (သို့မဟုတ်) (၃) နိုင်ငံ
သားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွား သူများ (စ) ဧည့်နိုင်ငံ သားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် - (၁) နိုင်ငံသား (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား (သို့မဟုတ်) (၃) နိုင်ငံသားပြုခွင့်ရ သူ မိဘနှစ်ပါးမှ မွေးဖွားသူများ ဟူ၍ သတ်မှတ်ပြဠာန်းထားသည်။

၁၉၈၂ ခုနှစ် ဥပဒေတွင် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေတွင် တိုင်းရင်းသားလူမျိုးကြီး ရှစ်မျိုးအပါအ၀င် လူမျိုးစု ၁၃၅မျိုးကိုသာ နိုင်ငံသားအဖြစ် အသိအမှတ် ပြုထားကြောင်း ဖော်ပြထားသည်။

ရေးသားသူ- ရဲကိုကို
တည်းဖြတ်- နီတိုး

People power