Home » » အမဲသားဈေး နှစ် ၄၀အတွင်း စံချိန်တင်မြင့်တက်

အမဲသားဈေး နှစ် ၄၀အတွင်း စံချိန်တင်မြင့်တက်

Written By Unknown on Wednesday, November 27, 2013 | 10:57 AM

ရန်ကုန် နိုဝင်ဘာ၂၆

အိမ်ရှင်မများ နှစ်သက်စွာ ချက်ပြုတ်လေ့ရှိသည့် အမဲသားသည် နှစ်ပေါင်း နှစ်ပေါင်း ၄၀အတွင်း စံချိန်တင်ဈေးအဖြစ် တစ်ပိသာကို ၉၀၀၀ ကျပ်အထိ... ဖြစ်လာပြီး ဆက်လက်ဈေးတက်ရန်ရှိနေကြာင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

တစ်ရက်အတွင်း ပိသာ တစ်ရာကို ကျပ် သုံးသောင်းအထိ ခုန်တက်ခဲ့ကြောင်း လက်ရှိ အရိုးအသား ပိသာ ၁၀၀ကို
၄၉၀၀၀၀ ကျပ်ရှိနေပြီး လက်လီဈေး တစ်ပိသာ ၅၀၀၀ ကျပ်မှ တစ်ပတ်ခန့်အတွင်း ၉၀၀၀ ကျပ်ဖြစ်သွားကြောင်း သမိုင်းဈေးမှ အမဲသားဆိတ်သားရောင်းသူ ဦးမောင်ရွှေကပြောကြားသည်။

အမဲသားဈေးတက်ရခြင်း အကြောင်းအရင်းတွင် တရုတ် နယ်စပ် ကုန်သွယ်ရေးသို့ ရေခဲရိုက် အမဲသားများ တရားမ၀င်
တင်ပို့မှုသာမက ယခု နောက်ပိုင်းတွင်း နွားအဓိကမွေးမြူသည့် နေရာတွင် အမဲစည်သွပ်ဗူးစက်ရုံများ တည်ဆောက်ကာ တည်ပို့ မှုများ ရှိလာခြင်းကြောင့် အမဲသား ဈေး စံချိန်တင် မြင့်ခြင်းဖြစ်ကြောင်း အမဲသားတပိသာကို ကျပ် ဈေးနှုန်းကတည်းက ရောင်းဝယ်လာသူ ဦးဘာဘူက ပြောကြားသည်။

လက်ရှိ အမဲ ရင်ဒူးသား တစ်ပိသာ ၃၅၀၀ ကျပ်၊ ကလီစာ တစ်ပိသာ ၅၀၀၀ ကျပ်၊အသားတစ်ပိသာ ၉၀၀၀ ကျပ်ခန့်ဖြင့် အရောင်းအ၀ယ် ဖြစ် နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

မိုးတွင်းကတည်းက အမဲသား ဈေးတက်လာပြီး လက်ရှိ ပွင့်လင်းရာသီ ပွဲတော် အလှူအတန်းကာလများတွင် ဈေး
သိသိသာသာ တက်လာ ကြောင်း လက်လီဈေးတက်သော်လည်း ထမင်းဆိုင် အနေဖြင့် ဈေးတက်လို့ မရဘဲ တခြား
ဟင်းလျှာများ ဖြင့် တွဲပြီးရောင်းချရကြောင်း ၃၈ လမ်းမှ ထမင်းဆိုင်ရှင်တစ်ဦးကပြောကြားသည်။

“တစ်သောင်းလောက် ဖြစ်သွားရင်တော့ အမဲသားဟင်း မချက်တော့ဘူး”ဟု ၎င်းက ဆိုသည်။

People power