Home » » ​အေ​အိုင်​ဒီ​အက်စ် ​သံ​တ​မန်​အ​ဖြစ် ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ဩ​စ​တေး​လျ​ကို​ထွက်​ခွာ

အေ​အိုင်​ဒီ​အက်စ် ​သံ​တ​မန်​အ​ဖြစ် ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ဩ​စ​တေး​လျ​ကို​ထွက်​ခွာ

Written By Unknown on Tuesday, November 26, 2013 | 7:16 PM

ကု​လ​သ​မ​ဂ္ဂ ​အေ​အိုင်​ဒီ​အက်​အ​ဖွဲ့ UNAIDS ​ရဲ့ ​ချစ်​ကြည်​ရေး​သံ​တ​မန်  ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ  ​က​မ္ဘာ့​အေ​အိုင်​ဒီ​အက်စ်​နေ့ ​အ​ခမ်း​အ​နား​ကို  ​တက်​ရောက်​ဖို့​အ​တွက်   ​ဩ​စ​တြေး​လျ​နိုင်​ငံ​ကို  ​နိုဝင်​ဘာ ၂၆ ​ရက်​နေ့​မွန်း​လွဲ​ပိုင်း​က  ​ပ​ထ​မ​ဆုံး​အ​ကြိမ် ​ခ​ရီး​ထွက်​ခွာ​သွား​ပါ​တယ်။

z2 copy​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​အောက်​တို​ဘာ ၂၆ ​ရက်​နေ့ ​ည​နေ ၃ ​နာ​ရီ​လောက်​မှာ  ​ရန်​ကုန် ​အ​ပြည်​ပြည်​ဆိုင်​ရာ​လေ​ဆိပ်​က​နေ ​ဩ​စ​တေး​လျ​နိုင်​ငံ ​ဆစ်​ဒ​နီ​မြို​ကို  ​သီ​တင်း ​တ​ပတ်​ကြာ ​ထွက်​ခွာ​သွား​တာ ​ဖြစ်​တယ်​လို့ ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ်  ​ပြော​ခွင့်​ရ​သူ  ​ဦး​ဥာဏ်ဝင်း​က ​ပြော​ပါ​တယ်။

အောက်​တို​ဘာ ၂၇ ​ရက်​နေ့​မှာ​တော့ ​ဆစ်​ဒ​နီ ​အော်​ပ​ရာ​ဟော့​စ်​မှာ ​ဆစ်​ဒ​နီ ​အ​ခြေ​စိုက် ​မြန်​မာ ​မိ​သား​စု​တွေ​နဲ့​  ​တွေ့​ဆုံ​မှာ ​ဖြစ်​သ​လို ​အ​ချိန်​ရ​ရင် ​မြန်​မာ ​အ​သိုင်း​အ၀န်း​က ​ပေး​ထား​တဲ့ ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ပ​ညာ​ရေး ​ကျန်း​မာ​ရေး ​နိုင်​ငံ​ရေး ​မေး​ခွန်း​တွေ​ကို  ​မေး​မြန်း​သွား​မယ့် ​အ​ကြောင်း ​ဩ​စ​တြေး​လျ​က ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ဂုဏ်​ပြု​ကြို​ဆို​ရေး ​ကော်​မ​တီ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ ​ဒေါက်​တာ ​မြင့်​ချို​က ​ပြော​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ဩ​စ​တြေး​လျ​ခ​ရီး​စ​ဉ်​ဟာ ​ဩ​စ​တြေး​လျ​နိုင်​ငံ ​ဘု​ရင်​ခံ​ချုပ်​ရဲ့ ​ဖိတ်​ကြား​   ​ချက်​နဲ့ ​နိုင်​ငံ​တော် ​ဧည့်​သည်​အ​ဖြစ် ​ဖိတ်​ကြား​ထား​တဲ့​အ​တွက် ​ဩ​ဇာ ​ပို​ကြီး​တဲ့​အ​ကြောင်း ​မြန်​မာ​နိုင်​ငံ ​အ​ပေါ် ​အ​ကျိုး​သက်​ရောက်​မှု ​ရှိ​နိုင်​တဲ့​အ​ကြောင်း​ကို​တော့ ​ဒေါက်​တာ ​မြင့်​ချို​က ​အ​ခု​လို ​ပြော​ပါ​တယ်။

“​ရောက်​လာ​တဲ့ ​အ​ခါ​မှာ ​လက်​ရှိ ​ညွှန့်​ပေါင်း​အ​စိုး​ရ​နဲ့ ၀န်​ကြီး​ချုပ် ​နောက် ​နိုင်​ငံ​ခြား​ရေး ၀န်​ကြီး​၊ ​အ​ထင်​က​ရ​လွှတ်​တော် ​အ​မတ်​တွေ​နဲ့ ​တွေ့​ဖို့​ရှိ​တော့ ​နိုင်​ငံ​ရေး​အ​ရ ​မြန်​မာ​နိုင်​ငံ​မှာ ​ဥ​ပ​ဒေ​စိုး​မိုး​မှု ​ကင်း​မဲ​နေ​တာ​တွေ၊ ​ငြိမ်း​ချမ်း​ရေး ​မ​ရ​သေး​တာ​တွေ၊ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဖို့ ​ခက်​ခဲ​နေ​တာ​တွေ​အ​ပေါ်​မှာ ​ဩ​စ​တေး​လျ ​အ​စိုး​ရ​က​နေ ​နိုင်​ငံ​ရေး​အ​ရ ​နည်း​ပ​ညာ​ပိုင်း​အ​ရ ​ထောက်​အ​ကူ​ရ​အောင်​အ​များ​ကြီး ​ရ​လာ​အောင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က​နေ ​ဆွဲ​ဆောင်​ပြီး​တော့ ​ဆွေး​နွေး​မယ်​လို့ ​ယုံ​ကြည်​ပါ​တယ်။ ​နောက်​တ​ခု​က ​မြန်​မာ​နိုင်​ငံ​ရဲ့ ​နိမ့်​ကျ​နေ​တဲ့ ​ပ​ညာ​ရေး​၊ ​ကျန်း​မာ​ရေး ​ကိ​စ္စ​တွေ​အ​ပေါ်​မှာ​လည်း ​ဩ​စ​တေး​လျ​က​နေ ​ဘ​ဏ္ဍာ​ရေး ​အ​ကူ​အ​ညီ​တွေ ​နည်း​ပ​ညာ​ရာ ​အ​ကူ​အ​ညီ​တွေ ​အ​ပြင် ​တ​က္က​သိုလ်​တွေ​နဲ့ ​ကျန်း​မာ​ရေး ​ကျွမ်း​ကျင်​သူ​တွေ ​အ​ကုန်​လုံး​ကို ​မြန်​မာ​နိုင်​ငံ​ကို ​အ​ကူ​အ​ညီ​ပေး​ကြ​ဖို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​တိုက်​တွန်း​မယ်​လို့ ​ကျ​နော်​တို့ ​မျှော်​လင့်​ပါ​တယ်။ ​နောက် ​လူ​သား​ချင်း​စာ​နာ​တဲ့ ​အ​ကူ​အ​ညီ​ဆို​ရင်​လည်း ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ဒု​က္ခ​သည်​တွေ​ကို ​ကူ​ညီ​မယ့် ​ကိ​စ္စ​တွေ ​တော​ထဲ ​တောင်​ထဲ​မှာေ​ရွှ့​ပြောင်း ​ပုန်း​အောင်း​နေ​ရ​တဲ့ ​လူ​တွေ​ရဲ့ ​စား​၀တ်​နေ​ရေး ​အ​ခက်​အ​ခဲ ​ကိ​စ္စ​တွေ ​နောက်​ပြီး​တော့ ​ကျ​နော်​တို့ ​လူ​မျိုး​ရေး ​ဘာ​သာ​ရေး​ကြောင့် ​ဖြစ်​ပေါ်​လာ​တဲ့ ​ပြဿ​နာ​တွေ​ပေါ်​အ​ခြေ​ခံ​ပြီး​တော့ ​ဒု​က္ခ​ရောက်​နေ​တဲ့ ​ပြည်​သူ​တွေ​ကို​လည်း ​ကူ​ညီ​မယ့် ​ကိ​စ္စ​တွေ​ကို ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ဩ​စ​တေး​လျ​အ​စိုး​ရ​ကို ​တိုက်​တွန်း​ပြီး​တော့ ​အ​ကူ​အ​ညီ​တောင်း​မယ်​လို့ ​ကျ​နော်​တို့ ​အဲ​ဒီ​လို​ပဲ ​ယုံ​ကြည့်​ပါ​တယ် ​ခင်​ဗျ။”

ဒေါက်​တာ ​မြင့်​ချို​ပြော​သွား​တာ​ဖြစ်​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​ခ​ရီး​စ​ဉ်​အ​တွင်း​မှ ​ဩ​စ​တြေး​လျ ​အ​မျိုး​သား ​တ​က္က​သိုလ်​နဲ့ ​မဲလ်​ဘုန်း​က ​မွန်​နက်​ခ်ျ ​တ​က္က​သိုလ်​တို့​ကို ​သွား​ရောက်​ပြီး ​ပ​ညာ​ရေး ​ဆွေး​နွေး​မှု​တွေ​ကို ​ပြု​လုပ်​သွား​ဖို့ ​ရှိ​တယ်​လို့ ​လည်း ​ဆို​ပါ​တယ်။

ဒါ့​အ​ပြင် ​ဒီ​ဇင်​ဘာ​လ ၁ ​ရက်​နေ့ ​မဲလ်​ဘုန်း​မြို့​မှာ ​ကျင်း​ပ​မယ့်​  ​က​မ္ဘာ့ ​အေ​အိုင်​ဒီ​အက်စ်​နေ့ ​အ​ထိမ်း​အ​မှတ် ​အ​ခမ်း​အ​နား​မှာ ​တက်​ရောက်​မိန့်​ခွန်း​ပြော​ဖို့​ရှိ​ပြီး​  ​ဩ​စ​တေး​လျ​မှာ ​ကျင်း​ပ​ဖို့​ရှိ​တဲ့ ​အ​ကြိမ် ၂၀ ​မြောက် ​နိုင်​ငံ​တ​ကာ  ​အေ​အိုင်​ဒီ​အက်စ် ​ညီ​လာ​ခံ ၂၀၁၄ ​ကို ​ဖွင့်​လှစ်​ပေး​မှာ ​ဖြစ်​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ခ​ရီး​စ​ဉ်​မှာ  ​ဒေါက်​တာ ​တင်​မာ​အောင်၊ ​အ​မျိုး​သား ​လွှတ်​တော် ​ကိုယ်​စား​လှယ် ​ဦး​သိမ်း​ဆွေ​နဲ့ ​ဆက်​ဆံ​ရေး​နဲ့ ​သံ​တ​မန်​ရေး​ရာ ​အ​ရာ​ရှိ ​ဦး​မိုး​ဇော်​ဦး​တို့ ​လိုက်​ပါ​သွား ​ပြီး ​မြန်​မာ​နိုင်​ငံ​ကို ​ဒီ​ဇင်​ဘာ ၂ ​ရက်​နေ့​မှာ ​ပြန်​လည်​ရောက်​ရှိ​လာ​မှာ ​ဖြစ်​တဲ့​အ​ကြောင်း ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ်​က ​ထုတ်​ပြန်​ထား​ပါ​တယ်။

By ဒီဗွီဘီ